ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (08-09-20)

ချယ်ဆီး လူငယ်ကစားသမား အီသန်အမ်ပဒူဟာ တစ်ရာသီအငှားနဲ့ ရှက်ဖီးယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ နောက်အပတ်မှာ အသက်၂၀ပြည့်တော့မယ့် အမ်ပဒူဟာ ရာသီသစ် မတိုင်ခင် လမ်းပတ်ရှေ့မှာ လေ့ကျင့်ရေးဆင်းခွင့်ရခဲ့ပြီး ဘရိုက်တန်နဲ့ ခြေစမ်းပွဲမှာ ပါဝင်နိုင်ခဲ့ပေမယ့် ခရစ်ဝိုင်ဒါရဲ့အသင်းက သူ့ကို ချယ်ဆီး မှာထက် ပုံမှန်ကစားနိုင်တဲ့ အခွင့်အရေးနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

ဘာကာယိုကိုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း မီလန်နဲ့ အားကောင်းတဲ့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် ချယ်ဆီး ရဲ့ခေါ်ဈေး ယူရိုသန်း၃၀နဲ့ ကစးသမားရဲ့တစ်နှစ်လစာ ယူရို ၅သန်း တောင်းဆိုမှုကို အေစီမီလန်က မပေးချင်တာကြောင့် နှစ်သင်းကြား သဘောတူညီမှုမရရှိခဲ့ပဲ အီတလီ ကလပ်အနေနဲ့ တခြားပစ်မှတ်တွေကို ပြောင်းလဲခဲ့ပါတယ်။

ပရီးမီးယားလိဂ် ရာသီသစ်မတိုင်ခင် ချယ်ဆီး ရဲ့ ဈေးကြီးတဲ့လူသစ်ခေါ်ယူမှုတွေအပြီး ပရိသတ်တွေက ကလပ်အပေါ် အများကြီးမျှော်လင့်ထားမှာမို့လို ဖိအားတွေတော့ရှိမှာဖြစ်ကြောင့် လမ်းပတ်က ဝန်ခံခဲ့ပါတယ်။ ချယ်ဆီး ဟာ ဇီယက်ခ်ျ၊ ဗာနာ၊ ချီဝဲ၊ ဆေးဗား၊ ဟားဗတ်နဲ့ မာလန်ဆားတို့ကို ခေါ်ယူခဲ့ပြီးဖြစ်ပြီး ပေါင် သန်း၂၀၀ကျော် သုံးစွဲခဲ့ပြီးတာလဲဖြစ်ပါတယ်။

အင်တာဟာ အန်ဂိုလိုကန်တေကို ခေါ်ယူနိုင်ဖို့အတွက် ချယ်ဆီး ထံ မာဆယ်လို ဘရိုဇိုဗစ်ကိုပေးပြီးကမ်းလှမ်းခဲ့ပါတယ်။ ကန်တေအတွက် ချယ်ဆီး က ယူရို သန်း၆၀ သတ်မှတ်ထားတာကြောင့် အင်တာ အနေနဲ့ ကစားသမား အလဲအလှယ်မပါပဲ ခေါ်ယူနိုင်ဖို့ အနည်းငယ် အခက်တွေ့နေပါတယ်။

ကီပါဟာ ကမ္ဘာ့ ဈေးအကြီးဆုံး ဂိုးသမား ဖြစ်ခဲ့ပြီးဖြစ်ပြီး ၎င်းရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်နဲ့ ဝေဖန်မှုတွေကို ရပ်တန့်အောင် လုပ်နိုင်စွမ်းရှိနေဆဲဖြစ်တာကြောင့် ချယ်ဆီး ဟာ ဒီနွေမှာ ဂိုးသမား အသစ် တစ်ယောက် အလျင်စလို ခေါ်ယူမှာမဟုတ်ဘူးလို့ မာ့ခ် ဘော့စ်နစ်ခ်ျက သုံးသပ် ပြောဆိုခဲ့ပြီး ကီပါကိုလဲ သူ့တန်ကြေးနဲ့ထိုက်တန်တဲ့ လက်စွမ်းမျိုး ပြသဖို့ စိန်ခေါ်ခဲ့ပါတယ်။

ချယ်ဆီး တောင်ပံကစားသမား ကန်နဒီဟာ လာလီဂါကလပ် ဂရန်နာဒါထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ အသက်၂၄နှစ်အရွယ် ကစားသမားဟာ ၂၀၁၅ မှာ ချယ်ဆီး ထံ ရောက်လာခဲ့ပေမယ့် အသင်းကြီးမှာ ကစားခွင့် ရဖို့ရုန်းကန်ခဲ့ရကာ ဝက်ဖို့ဒ်၊ နယူးကာဆယ်၊ ဂီတာဖေးတို့မှာ အငှားကစားခဲ့ရပြီး အခုလဲ နောက်တစ်ကြိမ် အငှားထွက် ကစားရဦးမှာပါ။

မနှစ်က အန်ဖီးမှာ လီဗာပူးကို ချယ်ဆီး တို့ ၅-၃နဲ့ ရှုံးခဲ့တဲ့ပွဲအတွင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ရဲ့ လက်ထောက်နည်းပြအဖွဲ့ဝင်တွေနဲ့ စကားများရန်ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ နောက်တစ်ရက်မှာ အရှက်ရပြီး နောင်တ ရခဲ့ကြောင်း ချယ်ဆီး နည်းပြ လမ်းပတ်က ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီး ဟာ ဂိုးသမား အီဒူရတ်မန်ဒီအတွက် ရန်းနက်စ်အသင်းနဲ့ အပြောင်းအရွှေ့ သဘောတူညီမှု ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ကီပါအတွက် အစားထိုးဖို့ မျှော်လင့်ရတဲ့ ဂိုးသမားဟာ လီဂူးဝမ်း ကလပ်ကို ပေါင်၃သန်းခွဲနဲ့ပြောင်းလာခဲ့တာဖြစ်ပြီး ချယ်ဆီး က ပေါင် ၁၄သန်းနဲ့ ကမ်းလှမ်းခဲ့ဖူးပေမယ့် ရန်းနက်စ် ပယ်ချထားခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး လူငယ္ကစားသမား အီသန္အမ္ပဒူဟာ တစ္ရာသီအငွားနဲ႔ ရွက္ဖီးယူႏိုက္တက္ထံ ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္ပါတယ္။ ေနာက္အပတ္မွာ အသက္၂၀ျပည့္ေတာ့မယ့္ အမ္ပဒူဟာ ရာသီသစ္ မတိုင္ခင္ လမ္းပတ္ေရွ႕မွာ ေလ့က်င့္ေရးဆင္းခြင့္ရခဲ့ၿပီး ဘ႐ိုက္တန္နဲ႔ ေျခစမ္းပြဲမွာ ပါဝင္ႏိုင္ခဲ့ေပမယ့္ ခရစ္ဝိုင္ဒါရဲ႕အသင္းက သူ႔ကို ခ်ယ္ဆီး မွာထက္ ပုံမွန္ကစားႏိုင္တဲ့ အခြင့္အေရးနဲ႔ ကမ္းလွမ္းခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ရာသီသစ္မတိုင္ခင္ ခ်ယ္ဆီး ရဲ႕ ေဈးႀကီးတဲ့လူသစ္ေခၚယူမႈေတြအၿပီး ပရိသတ္ေတြက ကလပ္အေပၚ အမ်ားႀကီးေမွ်ာ္လင့္ထားမွာမို႔လို ဖိအားေတြေတာ့ရွိမွာျဖစ္ေၾကာင့္ လမ္းပတ္က ဝန္ခံခဲ့ပါတယ္။ ခ်ယ္ဆီး ဟာ ဇီယက္ခ္်၊ ဗာနာ၊ ခ်ီဝဲ၊ ေဆးဗား၊ ဟားဗတ္နဲ႔ မာလန္ဆားတို႔ကို ေခၚယူခဲ့ၿပီးျဖစ္ၿပီး ေပါင္ သန္း၂၀၀ေက်ာ္ သုံးစြဲခဲ့ၿပီးတာလဲျဖစ္ပါတယ္။

ဘာကာယိုကိုဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္း မီလန္နဲ႔ အားေကာင္းတဲ့ ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္ ခ်ယ္ဆီး ရဲ႕ေခၚေဈး ယူ႐ိုသန္း၃၀နဲ႔ ကစးသမားရဲ႕တစ္ႏွစ္လစာ ယူ႐ို ၅သန္း ေတာင္းဆိုမႈကို ေအစီမီလန္က မေပးခ်င္တာေၾကာင့္ ႏွစ္သင္းၾကား သေဘာတူညီမႈမရရွိခဲ့ပဲ အီတလီ ကလပ္အေနနဲ႔ တျခားပစ္မွတ္ေတြကို ေျပာင္းလဲခဲ့ပါတယ္။

အင္တာဟာ အန္ဂိုလိုကန္ေတကို ေခၚယူႏိုင္ဖို႔အတြက္ ခ်ယ္ဆီး ထံ မာဆယ္လို ဘ႐ိုဇိုဗစ္ကိုေပးၿပီးကမ္းလွမ္းခဲ့ပါတယ္။ ကန္ေတအတြက္ ခ်ယ္ဆီး က ယူ႐ို သန္း၆၀ သတ္မွတ္ထားတာေၾကာင့္ အင္တာ အေနနဲ႔ ကစားသမား အလဲအလွယ္မပါပဲ ေခၚယူႏိုင္ဖို႔ အနည္းငယ္ အခက္ေတြ႕ေနပါတယ္။

ကီပါဟာ ကမာၻ႔ ေဈးအႀကီးဆုံး ဂိုးသမား ျဖစ္ခဲ့ၿပီးျဖစ္ၿပီး ၎ရဲ႕ ကြင္းတြင္းစြမ္းေဆာင္ရည္နဲ႔ ေဝဖန္မႈေတြကို ရပ္တန္႔ေအာင္ လုပ္ႏိုင္စြမ္းရွိေနဆဲျဖစ္တာေၾကာင့္ ခ်ယ္ဆီး ဟာ ဒီေႏြမွာ ဂိုးသမား အသစ္ တစ္ေယာက္ အလ်င္စလို ေခၚယူမွာမဟုတ္ဘူးလို႔ မာ့ခ္ ေဘာ့စ္နစ္ခ္်က သံုးသပ္ ေျပာဆိုခဲ့ၿပီး ကီပါကိုလဲ သူ႔တန္ေၾကးနဲ႔ထိုက္တန္တဲ့ လက္စြမ္းမ်ိဳး ျပသဖို႔ စိန္ေခၚခဲ့ပါတယ္။

ခ်ယ္ဆီး ေတာင္ပံကစားသမား ကန္နဒီဟာ လာလီဂါကလပ္ ဂရန္နာဒါထံ တစ္ရာသီအငွားနဲ႔ ေျပာင္းေ႐ႊ႕ေတာ့မွာ ျဖစ္ပါတယ္။ အသက္၂၄ႏွစ္အ႐ြယ္ ကစားသမားဟာ ၂၀၁၅ မွာ ခ်ယ္ဆီး ထံ ေရာက္လာခဲ့ေပမယ့္ အသင္းႀကီးမွာ ကစားခြင့္ ရဖို႔႐ုန္းကန္ခဲ့ရကာ ဝက္ဖို႔ဒ္၊ နယူးကာဆယ္၊ ဂီတာေဖးတို႔မွာ အငွားကစားခဲ့ရၿပီး အခုလဲ ေနာက္တစ္ႀကိမ္ အငွားထြက္ ကစားရဦးမွာပါ။

မႏွစ္က အန္ဖီးမွာ လီဗာပူးကို ခ်ယ္ဆီး တို႔ ၅-၃နဲ႔ ရႈံးခဲ့တဲ့ပြဲအတြင္း လီဗာပူးနည္းျပ ယာဂန္ကေလာ့ပ္ရဲ႕ လက္ေထာက္နည္းျပအဖြဲ႕ဝင္ေတြနဲ႔ စကားမ်ားရန္ျဖစ္ခဲ့တာနဲ႔ ပတ္သက္လို႔ ေနာက္တစ္ရက္မွာ အရွက္ရၿပီး ေနာင္တ ရခဲ့ေၾကာင္း ခ်ယ္ဆီး နည္းျပ လမ္းပတ္က ဖြင့္ဟခဲ့ပါတယ္။

ခ်ယ္ဆီး ဟာ ဂိုးသမား အီဒူရတ္မန္ဒီအတြက္ ရန္းနက္စ္အသင္းနဲ႔ အေျပာင္းအေ႐ႊ႕ သေဘာတူညီမႈ ရႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။ ကီပါအတြက္ အစားထိုးဖို႔ ေမွ်ာ္လင့္ရတဲ့ ဂိုးသမားဟာ လီဂူးဝမ္း ကလပ္ကို ေပါင္၃သန္းခြဲနဲ႔ေျပာင္းလာခဲ့တာျဖစ္ၿပီး ခ်ယ္ဆီး က ေပါင္ ၁၄သန္းနဲ႔ ကမ္းလွမ္းခဲ့ဖူးေပမယ့္ ရန္းနက္စ္ ပယ္ခ်ထားခဲ့ပါတယ္။