ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (08-09-20)

ဒွန်နီ ဗန်ဒီဘိခ်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ထံ၎င်းရဲ့အပြောင်းအရွှေ့ကို ကျေနပ်ပျော်ရွှင်ပြီးတော့ နည်းပြ အိုလီဂန်နာဆိုးလ်ရှားရဲ့အထင်ကြီးမှုရရှိအောင် ကြိုးစားမယ့် အပေါ်မှာအာရုံစိုက်သင့်တယ် လို့ ဒါရန်း ဖလက်ချာက အကြံပေး တိုက်တွန်းခဲ့ပါတယ်။

မေဆန်ဂရင်းဝုဒ်နဲ့ ဖီးဖိုဒန်တို့ဟာ အသင်းဟိုတယ်ကို မိန်းကလေးတွေ ခေါ်လာပြီး စည်းကမ်းချိုးဖောက်ခဲ့တဲ့အတွက် နိုင်ငံအသင်းကနေ ကလပ်တွေထံ ပြန်ပို့ခံခဲ့ရပေမယ့် အင်္ဂလန်ကြယ်ပွင့်ဟောင်း ထရီဗာ ဆင်ကလဲယားကတော့ ဒါဟာ ယောင်္ကျား သဘာဝပဲမို့လို့ လူငယ်ကစားသမားတွေကို မထိခိုက်ပါစေနဲ့လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဂရင်းဝုဒ်ရဲ့ စည်းကမ်း ချိုးဖောက်မှုနဲ့ အင်္ဂလန်အသင်းကနေ ပြန်လွှတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ မန်ချက်စတာ ယူနိုက်တက်ကတော့ ကလပ်ဟာ ဘောလုံးအဖွဲ့ချုပ်နဲ့ တစ်သဘောတည်းဖြစ်ပြီး ကစားသမားရဲ့ လုပ်ရပ်အပေါ် စိတ်ပျက်မိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ရက်ဂွီလွန်ကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ဦးဆောင်နေပြီး အသက်၂၃နှစ်အရွယ် ကစားသမားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာရင် တစ်နှစ်လုပ်ခ ယူရို ၅သန်းနဲ့ အတူ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ပေးရဖို့ ရှိနေပါတယ်။

ဂရင်းဝုဒ်နဲ့ ဖိုဒန်တို့ရဲ့ စည်းကမ်းချိုးဖောက်မှုအပြီး သူတို့ကို အသေးစိတ် စစ်ဆေးမှာဖြစ်တယ်ဆိုတာကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်က သိထားပြီး သူတို့ရဲ့လုပ်ရပ်ဟာ နုံအပေမယ့်လဲ ကလေးတွေကို ထောက်ခံ အားပေးနေမှာပါလို့ ဆောက်ဂိတ်က ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် လူငယ်ကစားသမား ဒိုင်လန် လီဗစ်ဟာ ချန်ပီယံရှစ်ကလပ် ချာလ်တန် အက်သလက်တစ်ထံ အငှားသွားကစားဖို့ ဆွေးနွေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။ ကွင်းလယ်လူ မကြာသေးမီကမှ ရိုင်ယန်ဂစ်ရဲ့ ဝေးလ်အသင်းမှာ ပွဲဦးထွက်ခွင့်ရခဲ့ပြီး သူ့ရဲ့အရှိန်အဟုန်၊ စွမ်းအင်နဲ့ အမြင်စူးရှမှုတွေကြောင့် ချလ်တန်နည်းပြ လီးဘိုးယာက မျက်စိကျခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး လူသစ်တွေ ခေါ်ယူဖို့ အသုံးစရိတ်ရှာဖွေဖို့အတွက် မလိုအပ်တဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ အလိုရှိနေပေမယ့် ရောင်းချရေးမှာ အခက်ကြုံ နေရပါတယ်။ ဖီးဂျုံးစ်၊ ပါရဲရား၊ ရိုမီယိုနဲ့ စမောလင်းတို့ကို ရောင်းချဖို့ရှိပေမယ့် ခေါ်ယူချင်တဲ့အသင်းတွေက သူတို့ရဲ့မြင့်မားတဲ့လစာကြောင့် လက်ရှောင်သွားခဲ့တာဖြစ်ပါတယ်။

Zawgyi – ဒြန္နီ ဗန္ဒီဘိခ္အေနနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္ထံ၎ရဲ႕အေျပာင္းအေ႐ႊ႕ကို ေက်နပ္ေပ်ာ္႐ႊင္ၿပီးေတာ့ နည္းျပ အိုလီဂန္နာဆိုးလ္ရွားရဲ႕အထင္ႀကီးမႈရရွိေအာင္ ႀကိဳးစားမယ့္ အေပၚမွာ အာ႐ုံစိုက္သင့္တယ္လို႔ ဒါရန္း ဖလက္ခ်ာက အႀကံေပး တိုက္တြန္းခဲ့ပါတယ္။

ေမဆန္ဂရင္းဝုဒ္နဲ႔ ဖီးဖိုဒန္တို႔ဟာ အသင္းဟိုတယ္ကို မိန္းကေလးေတြ ေခၚလာၿပီး စည္းကမ္းခ်ိဳးေဖာက္ခဲ့တဲ့အတြက္ ႏိုင္ငံအသင္းကေန ကလပ္ေတြထံ ျပန္ပို႔ခံခဲ့ရေပမယ့္ အဂၤလန္ၾကယ္ပြင့္ေဟာင္း ထရီဗာ ဆင္ကလဲယားကေတာ့ ဒါဟာ ေယာက်ၤား သဘာဝပဲမို႔လို႔ လူငယ္ကစားသမားေတြကို မထိခိုက္ပါေစနဲ႔လို႔ ကာကြယ္ေျပာဆိုခဲ့ပါတယ္။

ဂရင္းဝုဒ္ရဲ႕ စည္းကမ္း ခ်ိဳးေဖာက္မႈနဲ႔ အဂၤလန္အသင္းကေန ျပန္လႊတ္ခံခဲ့ရတာနဲ႔ ပတ္သက္လို႔ မန္ခ်က္စတာ ယူႏိုက္တက္ကေတာ့ ကလပ္ဟာ ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ တစ္သေဘာတည္းျဖစ္ၿပီး ကစားသမားရဲ႕ လုပ္ရပ္အေပၚ စိတ္ပ်က္မိေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္ ဘယ္ေနာက္ခံလူ ရက္ဂြီလြန္ကို ေခၚယူႏိုင္ေရးၿပိဳင္ပြဲမွာ ဦးေဆာင္ေနၿပီး အသက္၂၃ႏွစ္အ႐ြယ္ ကစားသမားအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာရင္ တစ္ႏွစ္လုပ္ခ ယူ႐ို ၅သန္းနဲ႔ အတူ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို သန္း ၃၀ ေပးရဖို႔ ရွိေနပါတယ္။

ဂရင္းဝုဒ္နဲ႔ ဖိုဒန္တို႔ရဲ႕ စည္းကမ္းခ်ိဳးေဖာက္မႈအၿပီး သူတို႔ကို အေသးစိတ္ စစ္ေဆးမွာျဖစ္တယ္ဆိုတာကို အဂၤလန္နည္းျပ ေဆာက္ဂိတ္က သိထားၿပီး သူတို႔ရဲ႕လုပ္ရပ္ဟာ ႏုံအေပမယ့္လဲ ကေလးေတြကို ေထာက္ခံ အားေပးေနမွာပါလို႔ ေဆာက္ဂိတ္က ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ လူငယ္ကစားသမား ဒိုင္လန္ လီဗစ္ဟာ ခ်န္ပီယံရွစ္ကလပ္ ခ်ာလ္တန္ အက္သလက္တစ္ထံ အငွားသြားကစားဖို႔ ေဆြးေႏြးမႈေတြလုပ္ေနတယ္လို႔သိရပါတယ္။ ကြင္းလယ္လူ မၾကာေသးမီကမွ ႐ိုင္ယန္ဂစ္ရဲ႕ ေဝးလ္အသင္းမွာ ပြဲဦးထြက္ခြင့္ရခဲ့ၿပီး သူ႔ရဲ႕အရွိန္အဟုန္၊ စြမ္းအင္နဲ႔ အျမင္စူးရွမႈေတြေၾကာင့္ ခ်လ္တန္နည္းျပ လီးဘိုးယာက မ်က္စိက်ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ အသင္းကို ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ၿပီး လူသစ္ေတြ ေခၚယူဖို႔ အသုံးစရိတ္ရွာေဖြဖို႔အတြက္ မလိုအပ္တဲ့ ကစားသမားေတြကို ေရာင္းထုတ္ဖို႔ အလိုရွိေနေပမယ့္ ေရာင္းခ်ေရးမွာ အခက္ႀကဳံ ေနရပါတယ္။ ဖီးဂ်ဳံးစ္၊ ပါရဲရား၊ ႐ိုမီယိုနဲ႔ စေမာလင္းတို႔ကို ေရာင္းခ်ဖို႔ရွိေပမယ့္ ေခၚယူခ်င္တဲ့အသင္းေတြက သူတို႔ရဲ႕ျမင့္မားတဲ့လစာေၾကာင့္ လက္ေရွာင္သြားခဲ့တာျဖစ္ပါတယ္။