လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မလား ဆိုတာ ဆွေးနွေးကြရာမှာ လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ စိန်ခေါ်နိုင်ဦးမယ် အကောင်းမြင်နေပေမယ့် အဲဒီ အတွက် ဖြည့်ဆည်းစရာတွေ ရှိကြောင်း သုံးသပ်လာခဲ့ပတယ်။
ကာရေဂါက ” အာဆင်နယ်က နောက်ရာသီမှာ ဆုဖလား ဆက်လက် စိန်ခေါ်နိုင်ဦးမှာပါ ” လို့ သုံးသပ် မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်ချင်ရင် ၂ နေရာကို အားဖြည့်ဖို့တော့ လိုအပ်မယ်လို့ ကာရေဂါက ဆက်လက်ပြီး ဆိုပါတယ်။
ကာရေဂါက ” အာဆင်နယ်က ကစားသမား ၂ ယောက်ပဲ အားဖြည့်ရဖို့ လိုအပ်တာပါ။ သူတို့အသင်းမှာ ဘယ်အစွန်လူနဲ့ ပိုကောင်းတဲ့ တိုက်စစ်သမား ၁ ဦးလောက်ပဲ ဖြည့်ဖို့ လိုပါတော့တယ်။ ” လို့ ဆိုပါတယ်။
အာဆင်နယ်အသင်း ခေါ်ယူရမယ့် တိုက်စစ်သမားက အထောင်တိုက်စစ်ဖြစ်သင့်ကြောင်း ထောက်ပြမှုတွေ ရှိပေမယ့် ကာရေဂါကတော့ နံပါတ် ၉ သမားရယ်လို့ မဟုတ်ဘဲ ဆာကာနဲ့ အပြိုင်ကစားမယ့် တောင်ပံသမားဖြစ်လည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။
” အထောင်တိုက်စစ်သမား မလိုပါဘူး။ လူတွေက အာဆင်နယ်အသင်း ဂိုးသွင်းသမား လိုနေတယ် ပြောကြတယ်။ သွင်းဂိုးတွေက တောင်ပံကလည်း သွင်းလို့ရပါတယ်။
လီဗာပူးမှာ ဆာလာ သွင်းပေးနေသလိုပေါ့၊ အရင်ကဆို မာနေးလည်း သွင်းပေးခဲ့ပါတယ်။ အာဆင်နယ်မှာ လိုအပ်နေတာ ဆာကာနဲ့အပြိုင် ဂိုးသွင်းပေးနိုင်မယ့် နောက်ထပ် တိုက်စစ်သမားပါ။
ကျန်တဲ့ တိုက်စစ် ၁ နေရာကိုတော့ မာတင်နယ်လီ၊ ထရော့ဇတ်၊ ဟာဗက်ဇ်တို့နဲ့ ဖြည့်လို့ရပါတယ်။ တိုက်စစ်သမားသစ် ထပ်ရရင် အာဆင်နယ်က သိပ်ကောင်းသွားတော့မှာပါ။ ” လို့ ကာရေဂါက ထောက်ပြခဲ့တာ ဖြစ်ပါတယ်။