အာဆင်နယ် သိပ်ကောင်းခဲ့ပါလျက်နဲ့ ဒုတိယ ရတာ ဆိုတာ သမိုင်းမှာ မကျန်ခဲ့ဘူးလို့ သတိပေးလိုက်တဲ့ ပီတစ်

အာဆင်နယ် ကွင်းလယ် ကစားသမားဟောင်းကြီး ပီတစ်ကတော့ လူတွေဟာ ဒုတိယအသင်းကို ဘယ်တော့မှ မမှတ်မိကြပါဘူးလို့ အသိပေးရင် အသင်းဟောင်းကို ချန်ပီယံဖြစ်တဲ့ထိ တိုက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီရာသီမှာ အာဆင်နယ်ဟာ မန်စီးတီးကို မကျော်နိုင်ခြင်းကြောင့် ၂ ရာသီဆက် အဆင့် ၂ နေရာကိုပဲ ကျေနပ်ခဲ့ရပါတယ်။ လတ်တလောမှာတော့ ဒါက ကျေနပ်စရာဆိုပေမယ့် သမိုင်းမှာ ချန်ပီယံအသင်းကိုပဲ မှတ်မိကြလိမ့်မယ်လို့ ဂန်းနားဟောင်းက ဆိုပါတယ်။

ပီတစ်က “ အာတီတာရဲ့ ကြိုးစားအားထုတ်မှုကို ကျနော် ကျေနပ်ပါတယ်၊ နောက်ဆုံးနေ့မှာ ဖလားဆုံးရှုံးခဲ့တယ် ဆိုပေမယ့် ဒီရာသီအတွက်လည်း ပျော်ရွှင်ပါတယ်။ ဒါကို ၁၉၉၉ ခုနှစ်တုန်းက ကျနော်တို့ ဖြစ်ခဲ့ဖူးပါတယ်။

၉၈ မှာ ပြည်တွင်းဖလား ၂ လုံး အောင်မြင်ပေမယ့်လို့ ၉၉ ခုနှစ် နောက်ဆုံးရက်မှာ ဖလား ဆုံးရှုံးခဲ့ဖူးပါတယ်။ ကျနော်တို့ ခေတ်နဲ့ အခုခေတ် အာဆင်နယ်ကို နှိုင်းယှဉ်တာမျိုးတော့ လုပ်မှာ မဟုတ်ပါဘူး။

ဒီရာသီ အာဆင်နယ်ကို နောက် ၁ဝ နှစ်ကြာရင် လူတွေ မှတ်မိကြမယ် ထင်လား? အာဆင်နယ်က အကောင်းဆုံး အရှုံးသမားဖြစ်ခဲ့ပေမယ့် ကျနော်ကတော့ အောင်နိုင်သူပဲ ဖြစ်ချင်တယ်။

မန်စီးတီးက ၄ ရာသီဆက် ချန်ပီယံဖြစ်ခဲ့တာပါ၊ နောက်ထပ် နှစ်ပေါင်း ၂၀၊ ၃၀၊ ၅၀ လောက်ကြာရင် လူတိုင်းက မန်စီးတီး ချန်ပီယံဖြစ်တာကိုပဲ မှတ်မိမှာပါ။ အာဆင်နယ် ဒုတိယရတာ ဘယ်သူမှ မှတ်မိကြမယ် မထင်ပါဘူး ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။