အာဆင်နယ်ဟာ စပို့တင်းလစ္စဘွန်း နောက်ခံလူ နူနို မန်ဒက်စ်ကို ခေါ်ယူဖို့အတွက် လီဗာပူး၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ အပြိုင် စိတ်ဝင်စားနေပါတယ်။ အေစီမီလန်က ၎င်းအတွက် ယူရို ၁၅သန်း နဲ့တောင် ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် စပို့တင်းက အဲ့ဒါထက် ပိုလိုချင်နေတာကြောင့် ပြောင်းရွှေ့ကြေးက အာဆင်နယ်အတွက်ကြီးမားတဲ့ အတားအဆီးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။
ဂန်းနား ဂန္တဝင် ဒန်းနစ် ဘားကမ့်ဟာ ကလပ်ထံ ပြန်လာနိုင်ခြေရှိကြောင်း အာဆင်နယ်နောက်ခံလူဟောင်း ဝင်ဘာဘန်းက ဆိုပါတယ်။ အာတီတာရဲ့ လက်ထောက်နည်းပြဟောင်း ယွန်းဘတ်က ရာထူးကို စွန့်ခွာခဲ့တဲ့နောက် ၂၀၁၁ ကနေ ၂၀၁၇ အတွင်း အေဂျက်မှာ လက်ထောက်နည်းပြလုပ်ခဲ့တဲ့ဘားကမ့်က အမ်းမရိတ်စ်မှာ လက်ထောက် အသစ် အဖြစ် ပြန်လာနိုင်ဖွယ် ရှိနေတာပါ။
အာဆင်နယ်ဟာ ၂၀၂၀-၂၀၂၁ ရာသီအတွက် အမ်းမရိတ်စ်မှာ ရော့ဘ် ဟိုးဒင်းကို ဆက်ထိန်းထားဖို့ ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ မက်ဂါးလက်စ် ရောက်လာတာနဲ့အတူ ဟိုးဒင်းရဲ့အနာဂတ်က မေးခွန်း ထုတ်စရာဖြစ်ခဲ့ပြီး နယူးကာဆယ်က အငှားခေါ်ယူဖို့နီးစပ်ခဲ့ပေမယ့် အာဆင်နယ်က သူ့ကို ထွက်ခွာခွင့် ပေးဖို့ ဝန်လေးနေပြီး ဆက် ထိန်းသိမ်းထားချင်နေပါတယ်။
သောမတ်စ်ပါတေးဟာ အက်သလက်တီကိုရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် သူ့ကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်အတွက် အခွင့်အရေးရှိလာနိုင်ပါတယ်။ အသက်၂၇နှစ်အရွယ်ကစားသမားဟာ အာတီတာ ရဲ့ပစ်မှတ်ဖြစ်ပေမယ့် ၎င်းရဲ့တန်ကြေး ပေါင်၄၅သန်းက အာဆင်နယ်အတွက် ပြဿနာဖြစ်စေခဲ့တာဖြစ်ပါတယ်။
အက်စ်တွန်ဗီလာဟာ အာဆင်နယ် ဂိုးသမား အီမီလီယာနို မာတီနက် အတွက် စုံစမ်းမေးမြန်းမှုလုပ်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ ခေါ်ဈေး ပေါင်သန်း၂၀ကိုပေးဖို့တော့ ဝန်လေးနေပါတယ်။ အသင်းကြီးမှာ ကစားချိန် ရချင်နေတဲ့မာတီနက်ကို ရှော်ကေးနဲ့ လိဒ်တို့ကလဲ စိတ်ဝင်စားပေမယ့် သူ့ကိုခေါ်နိုင်ဖို့ဆိုရင် အသင်း ကစားသမားအချို့ကို ရောင်းချဖို့လိုအပ်နေကြပါတယ်။
တိုရီနိုဟာ လူးကပ်စ် တော်ရဲရားကိုခေါ်ယူဖို့အာဆင်နယ်ထံ ယူရို ၂၄သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဖီအိုရင်တီးနားကလဲ သူ့ကိုအလိုရှိနေပေမယ့် အပြီးသတ်ဝယ်ယူခွင့်နဲ့အတူ ကနဦး အငှားခေါ်ယူဖို့သာ ပြင်ဆင်ထားတာကြောင့် လက်ငင်း ငွေလိုအပ်နေတဲ့ အာဆင်နယ်အတွက် တိုရီနိုထံ ရောင်းချဖို့ ဖြစ်နိုင်ခြေရှိပါတယ်။
အိုဇေးလ်ဟာ စနေနေ့မှာ ဖူလ်ဟမ်နဲ့တွေ့ဆုံရမယ့် အာဆင်နယ်ရဲ့ ပထမဆုံးပွဲမှာ ပါဝင်ခွင့်ရဖို့မျှော်လင့်နေပါတယ်။ အိုဇေးလ်ဟာ မတ်လတုန်းက ဝက်စ်ဟမ်းနဲ့ပွဲမှာ နောက်ဆုံး ပါဝင်ကစားခွင့်ရခဲ့တဲ့ နောက်ပိုင်း ၁၀ပွဲ အကြာ အခု ဖူလ်ဟမ်ပွဲဟာ ဂျာမန်သားအတွက် ပထမဆုံးပွဲ ဖြစ်လာနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။
Zawgyi – အာဆင္နယ္ဟာ စပို႔တင္းလစၥဘြန္း ေနာက္ခံလူ ႏူႏို မန္ဒက္စ္ကို ေခၚယူဖို႔အတြက္ လီဗာပူး၊ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔ အၿပိဳင္ စိတ္ဝင္စားေနပါတယ္။ ေအစီမီလန္က ၎အတြက္ ယူ႐ို ၁၅သန္း နဲ႔ေတာင္ ကမ္းလွမ္းမႈ လုပ္ခဲ့ေပမယ့္ စပို႔တင္းက အဲ့ဒါထက္ ပိုလိုခ်င္ေနတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးက အာဆင္နယ္အတြက္ႀကီးမားတဲ့ အတားအဆီးတစ္ခု ျဖစ္လာႏိုင္ဖြယ္ရွိေနပါတယ္။
ဂန္းနား ဂႏၲဝင္ ဒန္းနစ္ ဘားကမ့္ဟာ ကလပ္ထံ ျပန္လာႏိုင္ေျခရွိေၾကာင္း အာဆင္နယ္ေနာက္ခံလူေဟာင္း ဝင္ဘာဘန္းက ဆိုပါတယ္။ အာတီတာရဲ႕ လက္ေထာက္နည္းျပေဟာင္း ယြန္းဘတ္က ရာထူးကို စြန႔္ခြာခဲ့တဲ့ေနာက္ ၂၀၁၁ ကေန ၂၀၁၇ အတြင္း ေအဂ်က္မွာ လက္ေထာက္နည္းျပလုပ္ခဲ့တဲ့ဘားကမ့္က အမ္းမရိတ္စ္မွာ လက္ေထာက္ အသစ္ အျဖစ္ ျပန္လာႏိုင္ဖြယ္ ရွိေနတာပါ။
အာဆင္နယ္ဟာ ၂၀၂၀-၂၀၂၁ ရာသီအတြက္ အမ္းမရိတ္စ္မွာ ေရာ့ဘ္ ဟိုးဒင္းကို ဆက္ထိန္းထားဖို႔ ျပင္ဆင္ခဲ့တယ္လို႔ သိရပါတယ္။ မက္ဂါးလက္စ္ ေရာက္လာတာနဲ႔အတူ ဟိုးဒင္းရဲ႕အနာဂတ္က ေမးခြန္း ထုတ္စရာျဖစ္ခဲ့ၿပီး နယူးကာဆယ္က အငွားေခၚယူဖို႔နီးစပ္ခဲ့ေပမယ့္ အာဆင္နယ္က သူ႔ကို ထြက္ခြာခြင့္ ေပးဖို႔ ဝန္ေလးေနၿပီး ဆက္ ထိန္းသိမ္းထားခ်င္ေနပါတယ္။
ေသာမတ္စ္ပါေတးဟာ အက္သလက္တီကိုရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာေၾကာင့္ သူ႔ကို စိတ္ဝင္စားေနတဲ့ အာဆင္နယ္အတြက္ အခြင့္အေရးရွိလာႏိုင္ပါတယ္။ အသက္၂၇ႏွစ္အ႐ြယ္ကစားသမားဟာ အာတီတာ ရဲ႕ပစ္မွတ္ျဖစ္ေပမယ့္ ၎ရဲ႕တန္ေၾကး ေပါင္၄၅သန္းက အာဆင္နယ္အတြက္ ျပႆနာျဖစ္ေစခဲ့တာျဖစ္ပါတယ္။
အက္စ္တြန္ဗီလာဟာ အာဆင္နယ္ ဂိုးသမား အီမီလီယာႏို မာတီနက္ အတြက္ စုံစမ္းေမးျမန္းမႈလုပ္ခဲ့ေပမယ့္ အာဆင္နယ္ရဲ႕ ေခၚေဈး ေပါင္သန္း၂၀ကိုေပးဖို႔ေတာ့ ဝန္ေလးေနပါတယ္။ အသင္းႀကီးမွာ ကစားခ်ိန္ ရခ်င္ေနတဲ့မာတီနက္ကို ေရွာ္ေကးနဲ႔ လိဒ္တို႔ကလဲ စိတ္ဝင္စားေပမယ့္ သူ႔ကိုေခၚႏိုင္ဖို႔ဆိုရင္ အသင္း ကစားသမားအခ်ိဳ႕ကို ေရာင္းခ်ဖို႔လိုအပ္ေနၾကပါတယ္။
တိုရီႏိုဟာ လူးကပ္စ္ ေတာ္ရဲရားကိုေခၚယူဖို႔အာဆင္နယ္ထံ ယူ႐ို ၂၄သန္းနဲ႔ ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။ ဖီအိုရင္တီးနားကလဲ သူ႔ကိုအလိုရွိေနေပမယ့္ အၿပီးသတ္ဝယ္ယူခြင့္နဲ႔အတူ ကနဦး အငွားေခၚယူဖို႔သာ ျပင္ဆင္ထားတာေၾကာင့္ လက္ငင္း ေငြလိုအပ္ေနတဲ့ အာဆင္နယ္အတြက္ တိုရီႏိုထံ ေရာင္းခ်ဖို႔ ျဖစ္ႏိုင္ေျခရွိပါတယ္။
အိုေဇးလ္ဟာ စေနေန႔မွာ ဖူလ္ဟမ္နဲ႔ေတြ႕ဆုံရမယ့္ အာဆင္နယ္ရဲ႕ ပထမဆုံးပြဲမွာ ပါဝင္ခြင့္ရဖို႔ေမွ်ာ္လင့္ေနပါတယ္။ အိုေဇးလ္ဟာ မတ္လတုန္းက ဝက္စ္ဟမ္းနဲ႔ပြဲမွာ ေနာက္ဆုံး ပါဝင္ကစားခြင့္ရခဲ့တဲ့ ေနာက္ပိုင္း ၁၀ပြဲ အၾကာ အခု ဖူလ္ဟမ္ပြဲဟာ ဂ်ာမန္သားအတြက္ ပထမဆုံးပြဲ ျဖစ္လာႏိုင္ဖြယ္ ရွိေနတာျဖစ္ပါတယ္။