ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နာပိုလီမှ ဂျပန် လက်ရွေးစင် ကွင်းလယ်တိုက်စစ်သမား ကာမာဒါကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။
ဒေါ့မွန်ကနေ ထွက်ခွာလာတဲ့ ဂန္တဝင် ကစားသမား မာကိုရူးစ်ကို ခေါ်ယူဖို့ မေဂျာလိဂ် ကလပ် LA Galaxy အသင်းကတော့ အမှန်အကန် လှုပ်ရှားနေပါတယ်။
ဒေါ့မွန်မှာ အငှားထွက်ကစားရင်း ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့တဲ့ ဆန်ချို ဟာ မန်ချက်စတာ ယူနိုက်တက် သို့ ပြန်လာကာ ပရီးမီးယားလိဂ်မှာလည်း အစွမ်းပြချင်နေပေမယ့် နည်းပြ အဲရစ်တန်ဟက် မရှိမှသာ ပြန်လာလိုနေပါတယ်။
အက်သလက်တီကို မက်ဒရစ်ဟာ မန်းဖစ် ဒီပေး ကို လာမယ့်ရာသီအတွက် သက်တမ်းတိုး စာချုပ်သစ် မချုပ်တော့ဘဲ အလွတ်နဲ့ ထွက်ခွာခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဒီတနင်္လာနေ့မှာပဲ ချယ်ဆီးအသင်းဟာ မာရက်စ်ကာ ကို နည်းပြသစ် အဖြစ် တရားဝင် ခန့်အပ် ကြေညာဖို့ ရှိနေပါတယ်။ စာချုပ်က ၂၀၂၉ ထိ ၅ နှစ် ဖြစ်ပြီး ၂၀၃၀ ထိ တစ်နှစ် ထပ်တိုးခွင့်လည် ပါရှိပါတယ်။
တိုက်စစ်မှုး မာရှယ်ကို ထွက်ခွာခွင့် ပေးလိုက်တဲ့ မန်ချက်စတာယူနိုက်တက်ဟာ အစားထိုး ခေါ်ယူမှု အဖြစ် ဝုဗ် တိုက်စစ်မှုး Matheus Cunha ကို မျက်စိကျနေပါတယ်။ ကစားသမား အတွက် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၆ဝ လောက် သုံးရဖွယ် ရှိပါတယ်။