စီးရီးအေကလပ် နာပိုလီအသင်းဟာ ချယ်ဆီးနဲ့ စပါးနည်းပြဟောင်း ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ထားသလို ကွန်တီ လိုချင်တဲ့ ကိစ္စတွေ အတွက် ကစားသမား ဝယ်ယူမှုတွေက အစ ပံ့ပိုးမှုတွေ လုပ်ပေးဖို့လည်း ရည်ရွယ်ထားပါတယ်။
အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာပဲ ရပ်တည်နိုင်တာကြောင့် လာမယ့်ရာသီ ဥရောပဝင်ခွင့် လွဲချော်ခဲ့တဲ့ နာပိုလီဟာ ကလပ်ကို ပြန်လည် တည်ဆောက်သွားဖို့ စီစဉ်နေတာပါ။
ဒါကြောင့်လည်း နည်းပြသစ်ဖြစ်တဲ့ ကွန်တီအတွက် ဒီနွေအပြောင်းအရွှေ့မှာ အသုံးစရိတ် ယူရို သန်း ၂၅၀ ထုတ်ပေးမယ်ဖို့ စီစဉ်ထားကြောင်း အီတလီသတင်းတွေကို ကိုးကားပြီး စကိုင်းစပေါ့က ဖော်ပြလာခဲ့တယ်။
နာပိုလီအသင်းမှာ ကြီးမားတဲ့ အသုံးစရိတ် မရှိပေမယ့် ဥက္ကဋ္ဌဖြစ်သူ ဒီလော်ရန်တစ်က ဒီနွေမှာ တိုက်စစ်မှုး ဗစ်တာ အိုဆီမန်ကို ရောင်းထုတ်မယ်လို့ အတည်ပြုထားတယ်။ အိုဆီမန် အတွက် ရမယ့် ပြောင်းရွှေ့ကြေးကိုလည်း နာပိုလီရဲ့ ဒီ နွေအသုံးစရိတ်ထဲ ထည့်သွင်းပေးမှာဖြစ်ပါတယ်။
တိုက်စစ်မှူး အိုဆင်မန်ကို အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ချယ်ဆီး၊ အာဆင်နယ် အသင်းတို့ အလေးအနက် ကြိုးစားနေကြကာ စီးရီးအေကလပ်နဲ့ တိုက်စစ်မှူးကြား လက်ရှိ စာချုပ်ထဲမှာလည်း ယူရို ၁၁၀ သန်းပေးရင် ခေါ်ယူခွင့် ပါရှိထားပါတယ်။
နည်းပြကွန်တီက အိုဆင်ဟမ် နေရာအတွက် ချယ်ဆီးအသင်း ယူရို ၄၅ သန်း ဈေးသတ်မှတ်ထားတဲ့ အသက် ၃၁ နှစ် အရွယ် တိုက်စစ်မှူး လူကာကူဖြင့် ပြန်အစားထိုးလိုနေပေမယ့် အခုချိန်ထိတော့ ချဉ်းကပ်မှုတွေ စတင်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။