ဂန်းနားတို့ အရောင်းတင်ထားတဲ့ ၄ ဦး၊ ဂွီးမားရက်စ်၊ တိုက်စစ်မှုး ပစ်မှတ် ၂ဦး၊ အာတီတာ စာချုပ်သစ်ကိစ္စနဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

နွေအသုံးစရိတ် ပေါင် သန်း ၁၀၀ ကျော်ရဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်ဟာ တိုမီယာဆု၊ စမစ်ရိုး၊ ရမ်စ်ဒယ်နဲ့ အန်ကတ်တီးယားတို့ ၄ ဦးကို အရောင်းစာရင်း တင်ထားပါတယ်။

အာဆင်နယ် အသင်းဟာ ဒီ နွေ ကစားသမားသစ် ခေါ်ယူမှုတွေ မတိုင်ခင် နည်းပြ အာတီတာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားသွားမယ် လို့ သိရပါတယ်။

ဘာစီလိုနာ လူငယ် ခံစစ်သမား ဖာရီကို အာဆင်နယ်ကလည်း လေဗာကူဆင်၊ ဘိုင်ယန်မြူးနစ်တို့နည်းတူ ကင်းထောက် စောင့်ကြည့်နေပါတယ်။

အာဆင်နယ်အသင်းဟာ တိုက်စစ်မှုးတွေ ဖြစ်တဲ့ နာပိုလီမှ အိုဆင်မန်၊ လိုက်ဇစ်မှ ဆက်ကိုတို့ ၂ ဦးလုံးနဲ့ အပြောင်းအရွှေ့ သတင်းထွက်နေပြီး တိုက်စစ်ပိုင်းဟာ ဒီနွေ အဓိက ခေါ်ယူမှုဖြစ်လာဖို့ ရှိနေပါတယ်။

အာဆင်နယ် ရဲ့ ဘယ်အစွန် နောက်ခံလူ ဇင်ချန်ကိုအား ဘိုင်ယန်မြူးနစ်ဘက်က ပေါင် ၃၅ သန်းဖြင့် ချိတ်ဆက်မယ်လို့ အင်္ဂလန် သတင်းတွေက ဖော်ပြနေပါတယ်။

စမစ်ရိုးကို ခေါ်ယူနိုင်ဖို့ရာ ဖူလ်ဟမ်အသင်းက စုံစမ်းမှု ပြုလုပ်နေပြီး အပြောင်းအရွှေ့ဖြစ်လိုရင် အာဆင်နယ် တောင်းဆိုတဲ့ ပေါင် သန်း ၃၀ ဝန်းကျင်ကို ပေးရမှာပါ။

အာဆင်နယ်အသင်းဟာ ဘရန့်ဖိုဒ့်ကနေ အငှားခေါ်ယူစဉ် ပါဝင်ထားတဲ့ အတိုင်း ရာယာကို ပေါ် ၂၇ သန်းဖြင့် အပြီးသတ် ခေါ်ယူသွားဖို့ ရှိပါတယ်။

နယူးကာဆယ် ဂွီးမားရက်စ်ကို ခေါ်ယူရေး မန်စီးတီး၊ လီဗာပူး နည်းတူ အာဆင်နယ်အသင်းလည်း စိတ်ဝင်စားနေကာ ပြောင်းရွှေ့ကြေးကတော့ ပေါင် ၆၈-၁၀၀ သန်းကြား ရှိနိုင်ပါတယ်။