ကီပါ၊ လူကာကူတို့ အနာဂတ်၊ ဂါလယ်ဂါ အတွက် သတ်မှတ်ဈေး၊ အိုဆင်မန် သန်း ၁ဝဝ၊ ဂျူလီယန် အဲဗာရက်စ်နဲ့ နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီး ဂိုးသမား ကီပါဟာ သူ့ရဲ့ အနာဂတ်အတွက် ချယ်ဆီးနည်းပြ မာရက်စကာနဲ့ စကားပြောမှာ ဖြစ်ပါတယ်။ သူ့ဟာ လာမယ့်ရာသီ ချယ်ဆီးမှာ ဆက်ရှိနေဖို့ မသေချာပါဘူး။

အက်စတွန်ဗီလာ၊ အက်သလက်တီကိုနဲ့ စပါးတို့ဟာ ချယ်ဆီး ကွင်းလယ်လူ ဂါလယ်ဂါကို ခေါ်ယူလိုနေပါတယ်။ ချယ်ဆီးကတော့ စာချုပ် ၁ နှစ် ကျန်နေသေးတဲ့ အင်္ဂလန်သား ကွင်းလယ်လူအတွက် အနည်းဆုံး ပေါင် သန်း ၅၀ ရလိုပါတယ်။

ချယ်ဆီး အသင်းဟာ မန်စီးတီး အရန် တိုက်စစ်မှုး ဂျူလီယန် အဲဗာရက်စ်ကို စိတ်ဝင်စားနေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ပြလာပါတယ်။

ချယ်ဆီးနဲ့ အာဆင်နယ်တို့ အလိုရှိနေတဲ့ တိုက်စစ်မှူး အိုဆင်မန်အတွက် နာပိုလီအသင်းက ယူရို သန်း ၁၀၀ ထက် မနည်းတဲ့ ပြောင်းရွှေ့ကြေး ရချင်နေပါတယ်။

ချယ်ဆီးကွင်းလယ်လူဟောင်း ဘာကလေဟာ လူတန်တောင်းကနေ အက်စတွန်ဗီလာထံ ပေါင် ၅ သန်းဖြင့် ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့ပါပြီ။

ချယ်ဆီးအသင်းဘက်က ကလပ်ရဲ့ ဒီနွေ အဓိက ပစ်မှတ်ဖြစ်တဲ့ ပဲလေစ့် တိုက်စစ်သမား အိုလီဆီကို ပေါင် သန်း ၆၀ ဖြင့် ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ၎င်းကို ယူနိုက်တက်ကလည်း ချိတ်ဆက်နေတာပါ။

နာပိုလီနည်းပြသစ်ဖြစ်လာတဲ့ ကွန်တီဟာ ချယ်ဆီးအသင်း တိုက်စစ်မှူး လူကာကူကို ခေါ်ယူလိုနေပါတယ်။ ဘယ်ဂျီယံတိုက်စစ်မှူးကို လက်ရှိအချိန်ထိ ချယ်ဆီးက ပိုင်ဆိုင်နေဆဲဖြစ်ကာ ဒီနွေမှာတော့ အပြီးသတ် ရောင်းချဖို့ စီစဉ်ထားတာပါ။

ဖူလ်ဟမ်ကနေ အလွတ်ဖြင့် ထွက်ခွင့်ရထားတဲ့ ခံစစ်မှူး တိုဇင်ကို ဆေးစစ်ဖို့ ပြင်ဆင်ထားပြီဖြစ်ကာ ဒီအပတ်ထဲ တရားဝင် ကြေညာမှု လုပ်နိုင်ပါတယ်။