ဆန်ချို ကို အငှားပဲ ခေါ်ချင်တဲ့ ဒေါ့မွန်၊ သန်း ၂ဝ ဈေးကပ်ထားတဲ့ လီဗာပူးအသင်းသား၊ ဂန်းနားတို့ စချိတ်တဲ့ ကွင်းလယ်လူနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ဒေါ့မွန်အသင်းဟာ ယူနိုက်တက် တိုက်စစ်သမား ဆန်ချိုကို အပြီးသတ်ဖြင့် ခေါ်ယူဖို့ မတတ်နိုင်တာကြောင့် နောက်ထပ် တစ်ရာသီ အငှားဖြင့် ညိနှိုင်းဖို့ပဲ အာရုံစိုက်နေပါတယ်။

ချယ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာဟာ ဘရိုက်တန်အသင်းကို နည်းပြအဖြစ် ပြန်လည် တာဝန်ယူဖို့ စကားပြောဆိုနေပြီဖြစ်ပါတယ်။

လိုက်ဇစ် တိုက်စစ်မှူး ဆက်ကို ကို ခေါ်ယူရေးမှာ အာဆင်နယ်၊ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ ၃ သင်းလုံး ပါဝင် ချိတ်ဆက်နေဆဲဖြစ်ပါတယ်။

တိုက်စစ်မှုး ဂျူလီယန် အဲဗာရက်စ်အတွက် အက်သလက်တီကို မက်ဒရစ်ရဲ့ ကနဦး ချဉ်းကပ်မှုကို မန်စီးတီးဘက်က ပယ်ချလိုက်ပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူးကို ခေါ်ယူဖို့ တီကိုနဲ့ ချယ်ဆီး အပါအဝင် ကလပ် အများအပြားက စိတ်ဝင်စားမှု ပြသထားပါတယ်။

ပရီးမီးယားလိဂ် ဘဏ္ဍာရေး စည်းမျဉ်း PSR မညိဖို့အတွက် ချယ်ဆီး၊ အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ အဲဗာတန်၊ ဖောရက်စ်နဲ့ လက်စတာ စတဲ့ ကလပ် (၆) သင်း တို့ဟာ ဇွန်လ ၃၀ ရက်နေ့ မတိုင်ခင်မှာ လူရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။

ဆဲလ်တစ်အသင်းဟာ လီဗာပူးဂိုးသမား ကလယ်ဟာကို ဒီနွေမှာ ခေါ်ယူမယ်ဆိုရင် ပေါင် သန်း ၂၀ လောက် သုံးရဖွယ် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ အာဆင်နယ် ဘယ်အစွန်လူ ဇင်ချန်ကိုအား ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိပါဘူး။ သူတို့ကတော့ အဖွန်ဆို ဒေးဗစ်ကိုပဲ သက်တမ်းတိုးချင်နေပါတယ်။

ဘာစီလိုနာ တိုက်စစ်သမား ပါလင်ညာကို ဆော်ဒီဘက်က ခေါ်ယူလိုနေကာ ဘာစီလိုနာ ဘက်ကတော့ လီဗာပူး တိုက်စစ်သမား ဒီယက်ဇ်ကို ပြန်လည် ချိန်ရွယ်ထားပါတယ်။

အဲဗာတန် ကွင်းလယ်လူ အိုနာနာကို ခေါ်ယူနိုင်မယ့် အခြေအနေအား အာဆင်နယ်ဘက်က စုံစမ်းမှု စတင်ခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးဟာ ၂၀၂၅ နွေမှာ စာချုပ်ကုန်ဆုံးတော့မယ့် နည်းပြဂွာဒီယိုလာရဲ့ အနာဂတ်အတွက် စပိန်သား ထိပ်တိုက် ဆွေးနွေး စကားပြောတော့မှာပါ။