ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (08/09/20)

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ဘောလုံးရာသီမှာ ဝတ်ဆင်မယ့် တတိယဂျာစီ အဖြစ် အဖြူနဲ့ အနက်စင်းတွေ သုံးထားတဲ့ ဝတ်စုံကို ဒီနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ရာ ယူနိုက်တက် ပရိသတ်တွေကြား သဘောကျသူနဲ့ သဘောမကျသူတွေ အုပ်စုကွဲနေပါတယ်။

မိန်းကလေး ပြသနာကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းကနေ အိမ်ပြန် ပို့ခြင်း ခံလိုက်ရတဲ့ ယူနိုက်တက် လူငယ် ကစားသမား မေဆန်ဂရင်းဝုဒ်ဟာ ဒီနေ့မှာတော့ တောင်းပန်စာ တစ်စောင် တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ်။

ဒင်း ဟန်ဒါဆန် အသင်းမှာ ပြန်ရောက်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အရန် ဂိုးသမား ဆာဂျီရို ရိုမဲရိုးကို ရောင်းချဖို့ ကြိုးစားနေပြီး ဝယ်ယူလိုတဲ့ အသင်း ချိတ်ဆက် ရှာဖွေနေပါတယ်။

ယူနိုက်တက် ခံစစ်မှူး ရိုဂျိုဟာ လာမယ့် ဘောလုံးရာသီမှာ အသင်း လူစာရင်းထဲ ပါဝင်ကစားခွင့် ရနိုင်ဖို့ နည်းပြ အသိအမှတ်ပြုခြင်း ခံရအောင် နှစ်ဆတိုး လေ့ကျင့်နေပြီး ထရိန်နင်မှာ လေ့ကျင့်ခန်း နှစ်ချိန် ဆက်တွေ နေ့စဉ် လေ့ကျင့်နေပါတယ်။

ရီးရဲလ်ခံစစ်မှူး ရယ်ဂီလွန် ကို မန်ချက်စတာယူနိုက်တက် ခေါ်ယူဖို့ ကြိုးပမ်းနေချိန်မှာပဲ ရီးရဲလ်မက်ဒရစ်က ၎င်းတို့ ကစားသမားကို မရောင်းချလိုကြောင်း ပိတ်ပင်လာခဲ့လို့ ယူနိုက်တက်တို့ ရှေ့ဆက်ရန် အခက်တွေ့နေပါတယ်။

ယူနိုက်တက် ရဲ့ အသက် ၁၉ နှစ်အရွယ် ကွင်းလယ် လူငယ်ကစားသမားလေး ဒိုင်လန်လီဗစ် ဟာ လိဂ်ဝမ်းကလပ် ချာလ်တန်အသင်းထံမှာ တစ်ရာသီ အငှား ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

သီယေဂို အယ်ကန်တာရာဟာ ဘိုင်ယန်မြူးနစ်ရဲ့ ရာသီကြို ထရိန်နင်အတွက် ဆေးစစ်မှုကို မလာရောက်ခဲ့တာကြောင့် အသင်းပြောင်းဖို့ ပိုမို ရေပန်းစားလာပါတယ်။ ပရီးမီးယားလိဂ်မှ ယူနိုက်တက်နဲ့ လီဗာပူးတို့ နှစ်သင်း အယ်ကန်တာရာ ကို စောင့်ကြည့်နေကြတာ ဖြစ်ပေမယ့် ယူနိုက်တက်ကတော့ ကမ်းလှမ်းဖို့ ရှေ့တိုးခြင်း မရှိသေးပါဘူး။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ဟာ လာမယ့္ ေဘာလံုးရာသီမွာ ၀တ္ဆင္မယ့္ တတိယဂ်ာစီ အျဖစ္ အျဖဴနဲ႕ အနက္စင္း္ေတြ သံုးထားတဲ့ ၀တ္စံုကို ဒီေန႔မွာ ထုတ္ျပန္ေၾကျငာခဲ့ရာ ယူနိုက္တက္ ပရိသတ္ေတြၾကား သေဘာက်သူနဲ႕ သေဘာမက်သူေတြ အုပ္စုကြဲေနပါတယ္။

မိန္းကေလး ျပသနာေၾကာင့္ အဂၤလန္ လက္ေရြးစင္ အသင္းကေန အိမ္ျပန္ ပို႔ျခင္း ခံလိုက္ရတဲ့ ယူနိုက္တက္ လူငယ္ ကစားသမား ေမဆန္ဂရင္း၀ုဒ္ဟာ ဒီေန႔မွာေတာ့ ေတာင္းပန္စာ တစ္ေစာင္ တရား၀င္ ထုတ္ျပန္သြားခဲ့ပါတယ္။

ဒင္း ဟန္ဒါဆန္ အသင္းမွာ ျပန္ေရာက္ေနတာေၾကာင့္ မန္ခ်က္စတာ ယူနုိက္တက္ဟာ အရန္ ဂိုးသမား ဆာဂ်ီရို ရိုမဲရိုးကို ေရာင္းခ်ဖို႔ ၾကိဳးစားေနျပီး ၀ယ္ယူလိုတဲ့ အသင္း ခ်ိတ္ဆက္ ရွာေဖြေနပါတယ္။

ယူနုိက္တက္ ခံစစ္မွဴး ရိုဂ်ိဳဟာ လာမယ့္ ေဘာလံုးရာသီမွာ အသင္း လူစာရင္းထဲ ပါ၀င္ကစားခြင့္ ရနိုင္ဖို႔ နည္းျပ အသိအမွတ္ျပဳျခင္း ခံရေအာင္ နွစ္ဆတုိး ေလ့က်င့္ေနျပီး ထရိန္နင္မွာ ေလ့က်င့္ခန္း နွစ္ခ်ိန္ ဆက္ေတြ ေန႔စဥ္ ေလ့က်င့္ေနပါတယ္။

ရီးရဲလ္ခံစစ္မွဴး ရယ္ဂီလြန္ ကို မန္ခ်က္စတာယူနုိက္တက္ ေခၚယူဖို႔ ၾကိဳးပမ္းေနခ်ိန္မွာပဲ ရီးရဲလ္မက္ဒရစ္က ၄င္းတို႔ ကစားသမားကို မေရာင္းခ်လိုေၾကာင္း ပိတ္ပင္လာခဲ့လို႔ ယူနိုက္တက္တို႔ ေရွ႕ဆက္ရန္ အခက္ေတြ႕ေနပါတယ္။

ယူနုိက္တက္ ရဲ႕ အသက္ ၁၉ နွစ္အရြယ္ ကြင္းလယ္ လူငယ္ကစားသမားေလး ဒိုင္လန္လီဗစ္ ဟာ လိဂ္၀မ္းကလပ္ ခ်ာလ္တန္အသင္းထံမွာ တစ္ရာသီ အငွား ကစားဖို႔ ထြက္ခြာသြားျပီ ျဖစ္ပါတယ္။

သီေယဂို အယ္ကန္တာရာဟာ ဘိုင္ယန္ျမဴးနစ္ရဲ႕ ရာသီၾကိဳ ထရိန္နင္အတြက္ ေဆးစစ္မႈကို မလာေရာက္ခဲ့တာေၾကာင့္ အသင္းေျပာင္းဖို႔ ပိုမို ေရပန္းစားလာပါတယ္။ ပရီးမီးယားလိဂ္မွ ယူနိုက္တက္နဲ႕ လီဗာပူးတို႔ နွစ္သင္း အယ္ကန္တာရာ ကို ေစာင့္ၾကည့္ေနၾကတာ ျဖစ္ေပမယ့္ ယူနိုက္တက္ကေတာ့ ကမ္းလွမ္းဖို႔ ေရွ႕တိုးျခင္း မရွိေသးပါဘူး။