ဥရောပ ဘောလုံး အင်အားကြီး နိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုကို အကြိတ်အနယ် မြင်ရတော့မယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီးကတော့ မကြာခင် စတင် ကျင်းပတော့မှာပါ။ ဒီပြိုင်ပွဲ အကြောင်း သိကောင်းစရာတွေကို စုစည်း ဖော်ပြပေးပါမယ်။
ယူရို ၂ဝ၂၄ ပြိုင်ပွဲ ဘယ်တော့ စတင်မလဲ ?
ယူရို ၂၀၂၄ အိမ်ရှင်ကတော့ ဂျာမနီ နိုင်ငံ ဖြစ်ပြီး ပြိုင်ပွဲကို လာမယ့် ဇွန် ၁၄ ရက်နေ့မှာ အဖွင့်ပွဲ စတင် ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီနေ့ အဖွင့်ပွဲမှာ အိမ်ရှင် ဂျာမနီနဲ့ စကော့တလန် ပွဲစဉ် စတင် ကစားမှာပါ။
အုပ်စု ပွဲစဉ်တွေကတော့ ဇွန် ၁၄ ကနေ ၂၉ ရက်ထိ ကျင်းပမှာ ဖြစ်ပြီး ဖိုင်နယ် ဗိုလ်လုပွဲကတော့ ဇူလိုင် ၁၄ ရက်နေ့ ဘာလင်မှာ ယှဉ်ပြိုင်ရမှာပါ။
ယူရို ပြိုင်ပွဲ အုပ်စုများ
ဒီပြိုင်ပွဲမှာ စုစုပေါင်း ၂၄ သင်း ယှဉ်ပြိုင်ကြမှာပါ။ အုပ်စုအလိုက် ခွဲထားတာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဒီ အုပ်စုတွေကနေ အုပ်စု ပထမနဲ့ ဒုတိယ အသင်းတွေနဲ့ တတိယ နေရာ ရရှိတဲ့ အကောင်းဆုံး ၄ သင်းဟာ ဟာ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပြီး ဒီပြိုင်ပွဲဟာ တစ်ကျော့တည်းနဲ့ ပွဲစဉ်တွေ တောက်လျောက် ကစားကာ ဖိုင်နယ်ထိ ရင်ခုန်သွားရမှာ ဖြစ်ပါတယ်။
ယူရို ပြိုင်ပွဲ ၂၀၂၄ မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းများ
ယူရို ပြိုင်ပွဲ ၂၀၂၄ မှာ ဗိုလ်စွဲဖို့ ၇ သင်း က ရေပန်းစားပြီး ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ ပေါ်တူဂီ၊ စပိန်၊ အီတလီနဲ့ ဘယ်လ်ဂျီယံ တို့ ဖြစ်ပါတယ်။