ဂရင်းဝုဒ် ဘယ်သွားမလဲ၊ ကတိတည်တဲ့ ချယ်ဆီးရဲ့ တိုဆင်၊ လီဗာပူးရဲ့ ၄၅ သန်းတန် ပစ်မှတ်၊ ဈေးခေါ်နေတဲ့ ဘင်ဖီကာနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ပရီးမီးယားလိဂ် ကလပ် မန်စီးတီး၊ အာဆင်နယ်၊ ယူနိုက်တက်တို့ စောင့်ကြည့်မှု လုပ်ထားကြတဲ့ ကွင်းလယ်လူ ဂျာအို နီဗက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ ရမှ လက်လွတ်ဖို့ ဘင်ဖီကာဘက်က ဆုံးဖြတ်ထားပါတယ်။

ဂီတာဖေးအသင်းထံ အငှားထွက်ကစားနေတဲ့ ယူနိုက်တက် တိုက်စစ်သမား ဂရင်းဝုဒ်ဟာ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သိရပါတယ်။ ဂရင်းဝုဒ်ကို ဘင်ဖီကာ ကလည်း အလေးအနက် ချိတ်ဆက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ တန်ဟက်ကို ထုတ်ပယ်ကာ အစားထိုးဖို့ ဖြစ်လာခဲ့ရင် ဦးစားပေး နည်းပြအဖြစ် ဆောက်ဂိတ်ကို ရွေးချယ်ထားပါတယ်။

ချယ်ဆီး ခံစစ်မှူးသစ် ဖြစ်လာတဲ့ တိုဆင် ကို မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး အချိန်မှာ ဝင်ရောက် ကမ်းလှမ်းသေးပေမယ့် ခံစစ်သမားက သူ့ကတိကိုပဲ တည်ချင်ခဲ့ပြီး ချယ်ဆီးကိုပဲ ရွေးချယ်ခဲ့ပါတယ်။

မန်စီးတီး တိုက်စစ်မှုး ဂျူလီယန် အဲဗာရက်စ်ကို တရားဝင် ချိတ်ဆက်မှု ပြုလုပ်ဖို့ ချယ်ဆီးဘက်က ပြင်ဆင်နေပြီ လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ အတ္တလန်တာ ကွင်းလယ်လူ အန်ဒါဆန်ကို ယူရို ၄၅ သန်းဖြင့် ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်ကြယ်ပွင့်လေး မိုင်နူးကို တပတ်လုပ်ခ ပေါင် ၆ သောင်းပေးမယ့် သက်တမ်းတိုးစာချုပ် ပေးနိုင်ဖို့ စီစဉ်နေပါတယ်။

နယူးကာဆယ်၊ အက်စတွန်ဗီလာတို့က အလိုရှိနေတဲ့ ဂျူဗင်တပ် ကစားသမား ချီယေဆာကို ဒီနွေမှာ ယူရို သန်း ၄၀ ဖြင့် ခေါ်ယူနိုင်ခွင့် ရှိနေပါတယ်။