ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (09/09/20)

ချယ်ဆီး နောက်ခံလူ ဖီကာယို တိုမိုရီဟာ အဲဗာတန်အသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီး အဲဗာတန်ကလဲ သူ့ကို အငှားနဲ့ ခေါ်ယူလိုနေပါတယ်။ အသက်၂၂နှစ်အရွယ် ကစားသမားဟာ ချယ်ဆီး နဲ့ ပွဲဦးထွက် ရာသီမှာ ပုံစံကောင်းတွေ ပြသခဲ့ပေမယ့် ရာသီနှောင်းပိုင်းမှာတော့ ခြေစွမ်းပျောက်ဆုံးခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ကစားချိန်ပိုရရှိဖို့အတွက် စတန်းဖို့ဒ်ဘရစ်ခ်ျကို စွန့်ခွာဖို့ စဉ်းစားနေပါတယ်။

မနေ့က အိုက်စလန်ကို ၅-၁နဲ့အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ ဘတ်ရှူဝါရီဟာ ဘယ်လ်ဂျီယမ် အသင်းအတွက် ၂ဂိုးသွင်းယူပေးခဲ့ပါတယ်။ ကလပ်အဆင့်မှာတော့ အခွင့်အရေးမရခဲ့တဲ့ ဘတ်ရှူဝါရီဟာ ဖေဖော်ဝါရီ နှောင်းပိုင်းမှာ ချယ်ဆီးအတွက် နောက်ဆုံး လူစားဝင်ကစားပေးခဲ့တာဖြစ်ပေမယ့် ယုံကြည်မှု မပျောက်ဆုံးခဲ့ပဲ ကောင်းကောင်းအနားယူကာ အခွင့်အရေး ရချိန်မှာ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရိုအေးရှားကို ၄-၂နဲ့ နိုင်ခဲ့တဲ့ပွဲမှာတော့ ပြင်သစ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အိုလီဗီယာ ဂျီရူးဟာ နိုင်ငံတကာသွင်းဂိုး ၄၀ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ နေးရှင်းလိဂ် အဖွင့်ပွဲမှာ ဆွီဒင်ကို ၁-ဝနဲ့ နိုင်ခဲ့တဲ့ ပြင်သစ်အသင်းဟာ ၂ပွဲကစား ၂ပွဲနိုင်၊ ရမှတ် ၆မှတ်နဲ့အတူ ပေါ်တူဂီနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ချယ်ဆီးဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူဟောင်း သီယာဂို အယ်ကန်တာရာကို ခေါ်ယူနိုင်ရေးအတွက် ကြိုးပမ်းမှာ မဟုတ်ဘူးလို့သိရပါတယ်။ စပိန်သားဟာ ဒီနွေမှာ ယူရို သန်း ၃၀ နဲ့ ရရှိနိုင်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပေမယ့် ချယ်ဆီးကတော့ သူ့အတွက် ပြိုင်ဆိုင်ဖို့ မလုပ်တော့ပဲ လက်လွှတ်ခဲ့ပါတယ်။

အေစီမီလန်ဟာ ဘာကာယိုကို ကို အငှားခေါ်ယူဖို့အတွက် ချယ်ဆီး နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့သိရပါတယ်။ မီလန်ဟာ သူတို့ရဲ့ အငှားကစားသမားဟောင်းကို ယူရို၃သန်းနဲ့ ထပ်မံအငှားခေါ်ယူမှာဖြစ်ပြီး ယူရို သန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူခွင့်လဲ တပါတည်း ပါဝင်မှာ ဖြစ်ပါတယ်။

ချယ်ဆီး ဟာ ဒီရာသီမှာ သူတို့ရဲ့အခွင့်အရေးတွေအတွက် အဓိက အကျိုးသက်ရောက်မှု ပေးနိုင်တဲ့ ပထမအသင်း ကစားသမား ၅ယောက်ကို ခေါ်ယူခဲ့ပြီးနောက် ဝက်စ်ဟမ်းဗဟိုနောက်ခံလူ ဒီကလန်ရိုက်စ်ကို ထပ်မံ ကြိုးစားတော့မှာ မဟုတ်ပဲ ကွင်းလယ်လူ ဆိုမာရေးအပေါ် ပစ်မှတ်ပြောင်းခဲ့ပြီဖြစ်ပါတယ်။

ဖီကာယို တိုမိုရီဟာ အဲဗာတန်ကို တစ်ရာသီ အငှားနဲ့ပြောင်းရွှေ့ဖို့နီးစပ်နေပြီဖြစ်သလို ချယ်ဆီး ကစားသမားသစ် ကိုင်ဟားဗတ်က လူငယ်နောက်ခံလူရဲ့ ကျောနံပါတ် ၂၉ကို ဝတ်ဆင်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Zawgyi – ခ်ယ္ဆီး ေနာက္ခံလူ ဖီကာယို တိုမိုရီဟာ အဲဗာတန္အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနၿပီး အဲဗာတန္ကလဲ သူ႔ကို အငွားနဲ႔ ေခၚယူလိုေနပါတယ္။ အသက္၂၂ႏွစ္အ႐ြယ္ ကစားသမားဟာ ခ်ယ္ဆီး နဲ႔ ပြဲဦးထြက္ ရာသီမွာ ပုံစံေကာင္းေတြ ျပသခဲ့ေပမယ့္ ရာသီေႏွာင္းပိုင္းမွာေတာ့ ေျခစြမ္းေပ်ာက္ဆုံးခဲ့တာျဖစ္ၿပီး သူ႔အေနနဲ႔ ကစားခ်ိန္ပိုရရွိဖို႔အတြက္ စတန္းဖို႔ဒ္ဘရစ္ခ္်ကို စြန္႔ခြာဖို႔ စဥ္းစားေနပါတယ္။

မေန႔က အိုက္စလန္ကို ၅-၁နဲ႔အႏိုင္ရခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာ ဘတ္ရႉဝါရီဟာ ဘယ္လ္ဂ်ီယမ္ အသင္းအတြက္ ၂ဂိုးသြင္းယူေပးခဲ့ပါတယ္။ ကလပ္အဆင့္မွာေတာ့ အခြင့္အေရးမရခဲ့တဲ့ ဘတ္ရႉဝါရီဟာ ေဖေဖာ္ဝါရီ ေနွာင္းပိုင္းမွာ ခ်ယ္ဆီးအတြက္ ေနာက္ဆုံး လူစားဝင္ကစားေပးခဲ့တာျဖစ္ေပမယ့္ ယုံၾကည္မႈ မေပ်ာက္ဆုံးခဲ့ပဲ ေကာင္းေကာင္းအနားယူကာ အခြင့္အေရး ရခ်ိန္မွာ အေကာင္းဆုံးပုံစံ ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ခ႐ိုေအးရွားကို ၄-၂နဲ႔ နိုင္ခဲ့တဲ့ပြဲမွာေတာ့ ျပင္သစ္အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ အိုလီဗီယာ ဂ်ီ႐ူးဟာ ႏိုင္ငံတကာသြင္းဂိုး ၄၀ျပည့္ခဲ့ၿပီ ျဖစ္ပါတယ္။ ေနးရွင္းလိဂ္ အဖြင့္ပြဲမွာ ဆြီဒင္ကို ၁-၀နဲ႔ နိုင္ခဲ့တဲ့ ျပင္သစ္အသင္းဟာ ၂ပြဲကစား ၂ပြဲႏိုင္၊ ရမွတ္ ၆မွတ္နဲ႔အတူ ေပၚတူဂီနဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္အရ အုပ္စု ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။

ခ်ယ္ဆီးဟာ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူေဟာင္း သီယာဂို အယ္ကန္တာရာကို ေခၚယူႏိုင္ေရးအတြက္ ႀကိဳးပမ္းမွာ မဟုတ္ဘူးလို႔သိရပါတယ္။ စပိန္သားဟာ ဒီေႏြမွာ ယူ႐ို သန္း ၃၀ နဲ႔ ရရွိႏိုင္ၿပီး မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ရဲ႕ စိတ္ဝင္စားမႈကို ရရွိေနေပမယ့္ ခ်ယ္ဆီးကေတာ့ သူ႔အတြက္ ၿပိဳင္ဆိုင္ဖို႔ မလုပ္ေတာ့ပဲ လက္လႊတ္ခဲ့ပါတယ္။

ေအစီမီလန္ဟာ ဘာကာယိုကို ကို အငွားေခၚယူဖို႔အတြက္ ခ်ယ္ဆီး နဲ႔ သေဘာတူညီမႈ ရရွိခဲ့တယ္လို႔သိရပါတယ္။ မီလန္ဟာ သူတို႔ရဲ႕ အငွားကစားသမားေဟာင္းကို ယူ႐ို၃သန္းနဲ႔ ထပ္မံအငွားေခၚယူမွာျဖစ္ၿပီး ယူ႐ို သန္း ၃၀ နဲ႔ အၿပီးသတ္ ဝယ္ယူခြင့္လဲ တပါတည္း ပါဝင္မွာ ျဖစ္ပါတယ္။

ခ်ယ္ဆီး ဟာ ဒီရာသီမွာ သူတို႔ရဲ႕အခြင့္အေရးေတြအတြက္ အဓိက အက်ိဳးသက္ေရာက္မႈ ေပးႏိုင္တဲ့ ပထမအသင္း ကစားသမား ၅ေယာက္ကို ေခၚယူခဲ့ၿပီးေနာက္ ဝက္စ္ဟမ္းဗဟိုေနာက္ခံလူ ဒီကလန္႐ိုက္စ္ကို ထပ္မံ ၾကိဳးစားေတာ့မွာ မဟုတ္ပဲ ကြင္းလယ္လူ ဆိုမာေရးအေပၚ ပစ္မွတ္ေျပာင္းခဲ့ၿပီျဖစ္ပါတယ္။

ဖီကာယို တိုမိုရီဟာ အဲဗာတန္ကို တစ္ရာသီ အငွားနဲ႔ေျပာင္းေ႐ႊ႕ဖို႔နီးစပ္ေနၿပီျဖစ္သလို ခ်ယ္ဆီး ကစားသမားသစ္ ကိုင္ဟားဗတ္က လူငယ္ေနာက္ခံလူရဲ႕ ေက်ာနံပါတ္ ၂၉ကို ဝတ္ဆင္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။