အာဆင်နယ်၊ ဂျူဗီနဲ့ အေစီတို့ ပစ်မှတ်ထားနေတဲ့ ဒေါက်ကလပ်စ် လူးဝစ် အတွက် အက်စတွန်ဗီလာ ရောင်းဈေး သတ်မှတ်

နည်းပြ အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာအသင်းဟာ ဒီနွေမှာတော့ ကွင်းလယ်လူ ဒေါက်ကလပ်စ် လူးဝစ်ကို ရောင်းချသွားဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းက အသက် ၂၆ နှစ်အရွယ် ဘရာဇီးသားကို ခေါ်ယူဖို့ ပစ်မှတ်ထား စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် စီးရီးအေကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အေစီမီလန်တို့ကလည်း ဒေါက်ကလပ်စ် လူးဝစ်ကို ခေါ်ယူလိုနေကြတာပါ။

မန်နေဂျာ အူနိုင်း အမ်မရီ လက်ထက် အရေးပါတဲ့ ဗီလာ ကစားသမားအဖြစ် ခြေစွာနေတဲ့ ဒေါက်ကလပ်စ် လူးဝစ် ဟာ မနှစ်ကရာသီမှာ ပြိုင်ပွဲစုံအတွင်း ကိုယ်တိုင် ၁၀ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၀ ကြိမ် လုပ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အက်စတွန်ဗီလာဟာ ဘဏ္ဍာရေးဟန်ချက်ညီရေးအတွက် ဇွန်လ ၃ဝ ရက် မတိုင်ခင် ကစားသမားရောင်းချ ငွေဖော်ဖို့ လိုအပ်နေပါတယ်။

ဒီနွေမှာ သူ့ကို ခေါ်ယူလိုတဲ့ ကလပ်တွေဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅ဝ ပေးရမယ်လို့ အက်စတွန်ဗီလာဘက်က တောင်းဆိုမယ် လို့ သိရပါတယ်။ ကစားသမားရဲ့ ဗီလာနဲ့ လက်ရှိ စာချုပ်က ၂၀၂၆ မှာ ကုန်ဆုံးမှာပါ။

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ ဗီလာဟာ ဘဏ္ဍာရေးပိုင်းမှာ အကျိုးအမြတ်တွေ ရဖို့ ရှိပေမယ့် ဂါလယ်ဂါလို သူတို့ရဲ့ ပစ်မှတ်တွေကို ခေါ်ယူရေးတွေအတွက် ဒေါက်ကလပ်စ် ကို ရောင်းချဖို့ စဉ်းစားလာခဲ့တာပဲဖြစ်ပါတယ်။