လိုက်ပ်ဇစ်အသင်းဟာ တိုက်စစ်မှူး ဆက်ကို အား ၅ နှစ် သက်တမ်းတိုးလိုက်ကြောင်း တရားဝင် သတင်းထုတ်ပြန်သွားပါတယ်။
နည်းပြ အာနယ် ဆလော့လက်ထက် ကြီးမားတဲ့ ခေါ်ယူမှုကြီး တစ်ခုလုပ်ဖို့ ရည်ရွယ်နေတဲ့ လီဗာပူးအသင်းဟာ ဘင်ဖီကာ ကွင်းလယ်လူ နီဗက်စ်ကို ကမ်းလှမ်းမှု ဝင်လုပ်မယ်လို့ ပေါ်တူဂီအသင်းဘက်က ယုံကြည်နေပါတယ်။
ယူနိုက်တက်ဟာ မနှစ်က ရာသီ ဂီတာဖေးအသင်းထံ အငှားချထားတဲ့ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ဂျူဗင်တပ်အသင်းနဲ့ ဆွေးနွေးခွင့်ပေးတော့မှာ ဖြစ်ပါတယ်။
ချယ်ဆီးဟာ အက်စတွန်ဗီလာအသင်းမှ အသက် ၂၀ အရွယ် တိုက်စစ်မှူး ဒူရမ်ကို ယူရို သန်း ၅၀ဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။
မန်ချက်စတာ ယူနိုက်တက်ဟာ တန်ဟက်ကို နည်းပြ နေရာမှာ ဆက်ထားဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ၂နှစ် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ဆက်လက် ဆွေးနွေးနေပါတယ်။
နည်းပြ အဲရစ် တန်ဟက် ယူနိုက်တက်မှာ ဆက်ရှိနေမှာဖြစ်လို့ တိုက်စစ်မှူး ဆန်ချိုက ဒီနွေမှာ အသင်းသစ်ထံ ပြောင်းရွှေ့ဖြစ်ဖို့ များသွားပါပြီ။
ဘိုင်ယန်မြူးနစ်၊ လီဗာပူးအသင်းတို့ထံက စိတ်ဝင်စားမှု ရရှိနေပေမယ့်လို့ လီဗီ ကိုးဝဲလ်ဟာ ချယ်ဆီးမှာပဲ ဆက်နေသွားမှာပါ။
ကိုးဝဲလ်ကို ခေါ်ယူနိုင်ဖွယ် မရှိတာကြောင့် ဘိုင်ယန်မြူးနစ်ဟာ လီဗာပူးခံစစ်မှူး ဂိုးမက်စ်ကို ပြောင်းလဲ စိတ်ဝင်စားလာပါတယ်။
အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်မှာ နည်းပြအန်ဆယ်လော့တီနဲ့ ဆက်ဆံရေး အေးစက်နေတဲ့ ဂိုးသမား လူနင်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
နယူးကာဆယ်အသင်းဟာ ဘာစီလိုနာ တိုက်စစ်သမား ဖာရန်တောရက်စ်ကို ယူရို သန်း ၂၀ ဖြင့် ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေပါတယ်။