ချယ်ဆီးအသင်းထံ ရောက်စက ဘယ်သူမှ အဖက်လုပ်ခြင်း မခံရတဲ့ ပူလီဆစ်

အမေရိကန် လက်ရွေးစင် ကစားသမားဟာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ရတာ အတွက် စိတ်လှုပ်ရှားနေခဲ့ပြီး အသင်းဖော်တွေနဲ့ စတွေ့ဖို့ ထရိန်နင် ရောက်ခဲ့တဲ့ ဦးဆုံးရက်မှာ သူ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည် ပြောပြလာခဲ့ပါတယ်။

အသက် ၂၁ နှစ် အရွယ် တောင်ပံတိုက်စစ်သမားဟာ ပေါင် ၅၈ သန်းနဲ့ ၂၀၁၉ နွေမှာ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီးထံ ရောက်စမှ နွေးထွေးတဲ့ ကြိုဆိုမှုတွေတော့ မရခဲ့ဘဲ သူ့ကို ဘယ်သူမှ သတိထားမိပုံ မရကြောင်း ပူလီဆစ်က ဖွင့်ဟလာခဲ့တာပါ။

” ဟာ ကြုံခဲ့တာတွေတော့ ရူးလောက်စရာပဲဗျာ။ ကျနော် နွေ အားလပ်ရက်မှာ ဖလားပွဲ သွား ကစားခဲ့ရသေးပြီး အဲဒီနောက် ချယ်ဆီး အသင်းဆီ တန်းသွားခဲ့တာပါ။ အမှန်တော့ အားလပ်ရက်တောင် သေချာ မရခဲ့ပါဘူး။ အဲဒီအချိန်တုန်းက အသင်းက ဂျပန်မှာ ရာသီကြို အတွက် သွားရမှာ ဒါကြောင့် ကျနော် အဲဒီကို လိုက်သွားခဲ့တယ်။

ရောက်တော့ ဟိုတယ် တန်းသွားပြီး နားလိုက်တယ်။ နောက်ရက်မှာ ထရိန်နင် တန်းသွားရဖို့ စောင့်နေတယ်။ ကျနော် ပင်လည်း ပင်ပန်း၊ စိတ်ကလည်း လှုပ်ရှားနေတယ်။ ဘာတွေးရမလဲကို မသိဘူး။ ငါတော့ ချယ်ဆီး ရောက်နေပြီ ရူးလောက်စရာပဲ လို့ တွေးမိနေတယ်။

ကျေနာ် အသင်း ဘတ်စ်ပေါ် တက်လိုက်တယ် အသင်းဖော်တွေလည်း ရောက်လာကြတယ်။ အားလုံးက အိပ်ချင်မူးတူးနဲ့ပဲ။ ကျနော်လည်း ဘတ်စ်ပေါ် တက်သာ ထိုင်လိုက်တယ် ဘယ်သူကမှ သတိထားမိပုံမရဘူး။ ဘယ်သူမှလည်း ဘာမှ မပြောကြဘူး။ တယောက် နှစ်ယောက် လောက် ဟေး ဟယ်လို လောက်တော့ ပြောမလားပဲ။ ကျနော်က အူကြောင်ကြောင်ကို ဖြစ်နေခဲ့တယ်။

ထရိန်နင် အစ ရက်နည်းနည်းလောက် ကျနော် စိတ်လှုပ်ရှားနေတုန်းပဲ။ ဒါက အသင်းသစ် တစ်သင်းကို ရောက်သွားရင် ဖြစ်တတ်တယ် ဆိုတာ သိကြမှာပါ။ သူတို့က (အသင်းဖော်တွေက) ကွင်းပြင်မှာလည်း လူကောင်းတွေပါ။ ဒါပေမယ့် သူတို့ ဆီက လေးစားမှုရဖို့ ဆိုရင် ကွင်းထဲမှာ အစွမ်းပြဖို့တော့ လိုမယ်။

ထရိန်နင် တတိယမြောက် ရက်မှာ ကျနော် ကောင်းကောင်း လုပ်ပြခဲ့တယ်။ ဂိုးကောင်းတချို့ သွင်းခဲ့တယ်။ ကစားကွက်ကောင်းတွေ ပံ့ပိုးမှုကောင်းတွေ လုပ်ပြခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သူတို့က ကျနော့်ဆီလာပြီး စကားနည်းနည်းပြောတာ နှုတ်ဆက်တာ လုပ်လာတယ်။ လေးစားမှု ရလာတယ်ပေါ့ဗျာ။ ဒါက စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။ သူတို့က လူကောင်းတွေပါ ကျနော် အသင်းမှာ ပျော်ရွှင်ပါတယ်။ ” လို့ ပူလီဆစ်က ပြောဆိုသွားခဲ့ပါတယ်။

ပူလီဆစ်က ဒီရာသီ ချယ်ဆီးအသင်း အတွက် ၂၃ ပွဲ ပါဝင် ကစားထားပြီး ၆ ဂိုး သွင်း၊ ၆ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

Zawgyi – အေမရိကန္ လက္ေရြးစင္ ကစားသမားဟာ ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႕ရတာ အတြက္ စိတ္လႈပ္ရွားေနခဲ့ျပီး အသင္းေဖာ္ေတြနဲ႕ စေတြ႔ဖို႔ ထရိန္နင္ ေရာက္ခဲ့တဲ့ ဦးဆံုးရက္မွာ သူ ၾကံဳေတြ႔ခဲ့ရတဲ့ အေတြ႔အၾကံဳေတြကို ျပန္လည္ ေျပာျပလာခဲ့ပါတယ္။

အသက္ ၂၁ နွစ္ အရြယ္ ေတာင္ပံတိုက္စစ္သမားဟာ ေပါင္ ၅၈ သန္းနဲ႕ ၂၀၁၉ ေႏြမွာ ေဒါ့မြန္ကေန ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ပါတယ္။ ခ်ယ္ဆီးထံ ေရာက္စမွ ေႏြးေထြးတဲ့ ၾကိဳဆိုမႈေတြေတာ့ မရခဲ့ဘဲ သူ႔ကို ဘယ္သူမွ သတိထားမိပံု မရေၾကာင္း ပူလီဆစ္က ဖြင့္ဟလာခဲ့တာပါ။

” ဟာ ၾကံဳခဲ့တာေတြေတာ့ ရူးေလာက္စရာပဲဗ်ာ။ က်ေနာ္ ေႏြ အားလပ္ရက္မွာ ဖလားပြဲ သြား ကစားခဲ့ရေသးျပီး အဲဒီေနာက္ ခ်ယ္ဆီး အသင္းဆီ တန္းသြားခဲ့တာပါ။ အမွန္ေတာ့ အားလပ္ရက္ေတာင္ ေသခ်ာ မရခဲ့ပါဘူး။ အဲဒီအခ်ိန္တုန္းက အသင္းက ဂ်ပန္မွာ ရာသီၾကိဳ အတြက္ သြားရမွာ ဒါေၾကာင့္ က်ေနာ္ အဲဒီကို လိုက္သြားခဲ့တယ္။

ေရာက္ေတာ့ ဟိုတယ္ တန္းသြားျပီး နားလိုက္တယ္။ ေနာက္ရက္မွာ ထရိန္နင္ တန္းသြားရဖို႔ ေစာင့္ေနတယ္။ က်ေနာ္ ပင္လည္း ပင္ပန္း၊ စိတ္ကလည္း လႈပ္ရွားေနတယ္။ ဘာေတြးရမလဲကို မသိဘူး။ ငါေတာ့ ခ်ယ္ဆီး ေရာက္ေနျပီ ရူးေလာက္စရာပဲ လို႔ ေတြးမိေနတယ္။

ကေ်နာ္ အသင္း ဘတ္စ္ေပၚ တက္လိုက္တယ္ အသင္းေဖာ္ေတြလည္း ေရာက္လာၾကတယ္။ အားလံုးက အိပ္ခ်င္မူးတူးနဲ႕ပဲ။ က်ေနာ္လည္း ဘတ္စ္ေပၚ တက္သာ ထိုင္လိုက္တယ္ ဘယ္သူကမွ သတိထားမိပံုမရဘူး။ ဘယ္သူမွလည္း ဘာမွ မေျပာၾကဘူး။ တေယာက္ နွစ္ေယာက္ ေလာက္ ေဟး ဟယ္လို ေလာက္ေတာ့ ေျပာမလားပဲ။ က်ေနာ္က အူေၾကာင္ေၾကာင္ကို ျဖစ္ေနခဲ့တယ္။

ထရိန္နင္ အစ ရက္နည္းနည္းေလာက္ က်ေနာ္ စိတ္လႈပ္ရွားေနတုန္းပဲ။ ဒါက အသင္းသစ္ တစ္သင္းကို ေရာက္သြားရင္ ျဖစ္တတ္တယ္ ဆိုတာ သိၾကမွာပါ။ သူတို႔က (အသင္းေဖာ္ေတြက) ကြင္းျပင္မွာလည္း လူေကာင္းေတြပါ။ ဒါေပမယ့္ သူတို႔ ဆီက ေလးစားမႈရဖို႔ ဆိုရင္ ကြင္းထဲမွာ အစြမ္းျပဖို႔ေတာ့ လိုမယ္။

ထရိန္နင္ တတိယေျမာက္ ရက္မွာ က်ေနာ္ ေကာင္းေကာင္း လုပ္ျပခဲ့တယ္။ ဂိုးေကာင္းတခ်ိဳ႕ သြင္းခဲ့တယ္။ ကစားကြက္ေကာင္းေတြ ပံ့ပိုးမႈေကာင္းေတြ လုပ္ျပခဲ့တယ္။ အဲဒီေနာက္ပိုင္းမွာ သူတို႔က က်ေနာ့္ဆီလာျပီး စကားနည္းနည္းေျပာတာ နႈတ္ဆက္တာ လုပ္လာတယ္။ ေလးစားမႈ ရလာတယ္ေပါ့ဗ်ာ။ ဒါက စိတ္္၀င္စားဖို႔ ေကာင္းတယ္ဗ်။ သူတို႔က လူေကာင္းေတြပါ က်ေနာ္ အသင္းမွာ ေပ်ာ္ရႊင္ပါတယ္။ ” လို႔ ပူလီဆစ္က ေျပာဆိုသြားခဲ့ပါတယ္။

ပူလီဆစ္က ဒီရာသီ ခ်ယ္ဆီးအသင္း အတြက္ ၂၃ ပြဲ ပါ၀င္ ကစားထားျပီး ၆ ဂိုး သြင္း၊ ၆ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။