ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (09/09/20)

ယူနိုက်တက်ဟာ ဒီနွေမှာရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ဆာဂျီယို ရယ်ဂီလွန် ကို ပေါင် ၂၇သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားနေခဲ့ပေမယ့် မက်ဒရစ်ကလပ်က သူတို့ အလိုရှိရင် လူငယ်ကစားသမားကို ပမာဏတူ ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ဝယ်ယူခွင့်ကို စာချုပ်မှာ ထည့်သွင်းလိုနေပါတယ်။

မားကပ်ရက်ရှ်ဖို့ဒ်ဟာ PFA ရဲ့ လူမှုအကျိုးပြုဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ထိုဆုကို ရရှိခဲ့တဲ့နောက် သူ့အနေနဲ့ လူတွေကို တတ်နိုင်သလောက် ဆက်လက် ကူညီသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် ဟာ လော့ဒေါင်း ကာလအတွင်း လိုအပ်နေတဲ့ ကလေးတွေအတွက် အစားအသောက်ရရှိစေရေး ကူညီပေးခဲ့တဲ့အပြင် နိုင်ငံရဲ့အကြီးမားဆုံး စူပါမားကတ်တွေ၊ အစားအသောက် ဘရန်းတွေနဲ့ ချိတ်ဆက်ပြီး အစားအသောက် ချို့တဲ့ ကလေးတွေအတွက် အထူးတာဝန်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

ရိုးမားဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပယ်ခံကစားသမား ခရစ်စမောလင်းကို အပြီးသတ် ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ စမောလင်းဟာ မနှစ်က စတာဒီယို အိုလမ်ပီကိုမှာ အငှားကစားရင်း အောင်မြင်တဲ့ ရာသီ တစ်ခုဖြစ်ခဲ့တဲ့နောက် ရာသီသစ်မတိုင်ခင် ရိုးမားကို ပြန်သွားဖို့ စိတ်အားထက်သန်နေတာဖြစ်ပြီး ရိုးမားနဲ့ တစ်နှစ်စာချုပ် သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆွီဒင်ကို ၂-ဝနဲ့နိုင်ခဲ့တဲ့ပွဲမှာ ပေါ်တူဂီအတွက် ၂ဂိုးသွင်းယူခဲ့ပြီး နိုင်ငံအသင်းအတွက် သွင်းဂိုးစုစုပေါင်း ၁၀၀ ပြည့်ခဲ့တဲ့ ဒုတိယမြောက် အမျိုးသား ကစားသမားဖြစ်လာခဲ့တဲ့နောက် အသင်းဟောင်း မန်ချက်စတာယူနိုက်တက်က တွစ်တာမှာ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဒိုင်လန် လီဗစ်က တစ်ရာသီအငှားနဲ့ ချာလ်တန် အက်သလက်တစ်ကိုပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့ပြီး ဂျိမ်းစ်ဂါနာက ဟက်ဒါဖီးတောင်းနဲ့ ဆွေးနွေးမှုတွေ လုပ်နေသလို လူငယ်ကစားသမား၂ယောက်ဟာ ဆက်လက်တိုးတက်နိုင်ဖို့အတွက် ယူနိုက်တက်ကနေ ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။

မာရှယ်ဟာ အသင်းကို ဆိုးလ်ရှား ရောက်လာပြီးနောက်ပိုင်း ပိုပြီးယုံကြည်မှုရလာခဲ့တယ်လို့ ပြင်သစ်အသင်းဖော် ဟူဂိုလိုရစ်က ပြောဆိုခဲ့ပါတယ်။ သူဟာ မနှစ်က ဒုတိယရာသီဝက်မှာ ခြေစွမ်းကောင်းတွေ ရရှိခဲ့ပြီး ယူနိုက်တက်ကို အဆင့် ၃ နေရာရအောင်ကူညီပေးခဲ့သလို ပရီးမီးယားလိဂ်၃၂ပွဲမှာ ၁၇ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပြင်သစ်အသင်းရဲ့ ပြန်လည်ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

စည်းကမ်း ချိုးဖောက်မှုကြောင့် နိုင်ငံအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး ကလပ်တွေထံ ပြန်ပို့ခံခဲ့ရတဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဖီးဖိုဒန်နဲ့ မေဆန်ဂရင်းဝုဒ်တို့အနေနဲ့ လက်ရွေးစင်အသင်းရဲ့ ယုံကြည်မှု ပြန်ရဖို့ လိုအပ်မှာဖြစ်ပြီး ပြန်လည် ခေါ်ယူခံရဖို့အတွက် အချိန်အတော်ကြာ ယူရလိမ့်မယ်လို့ နည်းပြဆောက်ဂိတ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ဒီေႏြမွာရီးရဲလ္မက္ဒရစ္ ဘယ္ေနာက္ခံလူ ဆာဂ်ီယို ရယ္ဂီလြန္ ကို ေပါင္ ၂၇သန္းနဲ႔ ေခၚယူဖို႔ ႀကိဳးစားေနခဲ့ေပမယ့္ မက္ဒရစ္ကလပ္က သူတို႔ အလိုရွိရင္ လူငယ္ကစားသမားကို ပမာဏတူ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ျပန္လည္ ဝယ္ယူခြင့္ကို စာခ်ဳပ္မွာ ထည့္သြင္းလိုေနပါတယ္။

မားကပ္ရက္ရွ္ဖို႔ဒ္ဟာ PFA ရဲ႕ လူမႈအက်ိဳးျပဳဆုကို ခ်ီးျမွင့္ျခင္း ခံခဲ့ရပါတယ္။ ထိုဆုကို ရရွိခဲ့တဲ့ေနာက္ သူ႔အေနနဲ႔ လူေတြကို တတ္ႏိုင္သေလာက္ ဆက္လက္ ကူညီသြားမယ္လို႔ ကတိေပးခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ ဟာ ေလာ့ေဒါင္း ကာလအတြင္း လိုအပ္ေနတဲ့ ကေလးေတြအတြက္ အစားအေသာက္ရရွိေစေရး ကူညီေပးခဲ့တဲ့အျပင္ ႏိုင္ငံရဲ႕အႀကီးမားဆုံး စူပါမားကတ္ေတြ၊ အစားအေသာက္ ဘရန္းေတြနဲ႔ ခ်ိတ္ဆက္ၿပီး အစားအေသာက္ ခ်ိဳ႕တဲ့ ကေလးေတြအတြက္ အထူးတာဝန္အဖြဲ႕ကို ဖြဲ႕စည္းခဲ့ပါတယ္။

႐ိုးမားဟာ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အပယ္ခံကစားသမား ခရစ္စေမာလင္းကို အၿပီးသတ္ ေခၚယူဖို႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ပါတယ္။ စေမာလင္းဟာ မႏွစ္က စတာဒီယို အိုလမ္ပီကိုမွာ အငွားကစားရင္း ေအာင္ျမင္တဲ့ ရာသီ တစ္ခုျဖစ္ခဲ့တဲ့ေနာက္ ရာသီသစ္မတိုင္ခင္ ႐ိုးမားကို ျပန္သြားဖို႔ စိတ္အားထက္သန္ေနတာျဖစ္ၿပီး ႐ိုးမားနဲ႔ တစ္ႏွစ္စာခ်ဳပ္ သေဘာတူညီမႈရခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ဆြီဒင္ကို ၂-၀နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ ေပၚတူဂီအတြက္ ၂ဂိုးသြင္းယူခဲ့ၿပီး ႏိုင္ငံအသင္းအတြက္ သြင္းဂိုးစုစုေပါင္း ၁၀၀ ျပည့္ခဲ့တဲ့ ဒုတိယေျမာက္ အမ်ိဳးသား ကစားသမားျဖစ္လာခဲ့တဲ့ေနာက္ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္က တြစ္တာမွာ ဂုဏ္ျပဳစကားဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ ကြင္းလယ္လူ ဒိုင္လန္ လီဗစ္က တစ္ရာသီအငွားနဲ႔ ခ်ာလ္တန္ အက္သလက္တစ္ကိုေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈရခဲ့ၿပီး ဂ်ိမ္းစ္ဂါနာက ဟက္ဒါဖီးေတာင္းနဲ႔ ေဆြးေႏြးမႈေတြ လုပ္ေနသလို လူငယ္ကစားသမား၂ေယာက္ဟာ ဆက္လက္တိုးတက္ႏိုင္ဖို႔အတြက္ ယူႏိုက္တက္ကေန ထြက္ခြာသြားေတာ့မွာ ျဖစ္ပါတယ္။

မာရွယ္ဟာ အသင္းကို ဆိုးလ္ရွား ေရာက္လာၿပီးေနာက္ပိုင္း ပိုၿပီးယုံၾကည္မႈရလာခဲ့တယ္လို႔ ျပင္သစ္အသင္းေဖာ္ ဟူဂိုလိုရစ္က ေျပာဆိုခဲ့ပါတယ္။ သူဟာ မႏွစ္က ဒုတိယရာသီဝက္မွာ ေျခစြမ္းေကာင္းေတြ ရရွိခဲ့ၿပီး ယူႏိုက္တက္ကို အဆင့္ ၃ ေနရာရေအာင္ကူညီေပးခဲ့သလို ပရီးမီးယားလိဂ္၃၂ပြဲမွာ ၁၇ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ ျပင္သစ္အသင္းရဲ႕ ျပန္လည္ေခၚယူျခင္းခံခဲ့ရတာျဖစ္ပါတယ္။

စည္းကမ္း ခ်ိဳးေဖာက္မႈေၾကာင့္ ႏိုင္ငံအသင္းကေန ထုတ္ပယ္ခံခဲ့ရၿပီး ကလပ္ေတြထံ ျပန္ပို႔ခံခဲ့ရတဲ့ အဂၤလန္လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ဖီးဖိုဒန္နဲ႔ ေမဆန္ဂရင္းဝုဒ္တို႔အေနနဲ႔ လက္ေ႐ြးစင္အသင္းရဲ႕ ယုံၾကည္မႈ ျပန္ရဖို႔ လိုအပ္မွာျဖစ္ၿပီး ျပန္လည္ ေခၚယူခံရဖို႔အတြက္ အခ်ိန္အေတာ္ၾကာ ယူရလိမ့္မယ္လို႔ နည္းျပေဆာက္ဂိတ္က ေျပာဆိုခဲ့ပါတယ္။