ယူရို ၂၀၂၄ ပြိုင်ပွဲ ကတော့ ဒီညမှာ စတင်တော့မှာပါ။ ပြင်သစ်အသင်း ရဲ့ ကြယ်ပွင့် တိုက်စစ်မှုး အမ်ဘာပေကတော့ ယူရိုပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ ဆိုတာက ကမ္ဘာ့ဖလား အောင်မြင်ဖို့ထက်တောင် ပိုပြီး ခက်ခဲတယ်လို့ ထုတ်ပြောလာပါတယ်။
ယူရိုပြိုင်ပွဲမှာတော့ ဥရောပ အသင်းကောင်း ၂၄ သင်း ပါဝင် ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလားမှာ ဥရောပအသင်း ၁၂ သင်းနဲ့ play-off ကနေ ၄ သင်း ခြေစစ်ပွဲဝင်ရခြင်းထက် ပိုများတဲ့ အသင်း အရည်အတွက်ပဲ ဖြစ်ပါတယ်။
ဒါပမေယ့် အမ်ဘာပေ ရဲ့ ယူရိုပြိုင်ပွဲက ကမ္ဘာ့ဖလားထက် ပို ခက်တယ် ဆိုတဲ့ အမြင်ကို လက်ခံပေးဖို့ ခက်ခဲကြောင်း လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီကတော့ တုန့်ပြန်လာပါတယ်။
လီယွန်နယ် မက်ဆီက ” ယူရိုပြိုင်ပွဲဟာ အကောင်းဆုံးတွေချည်း ပါဝင် ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ယူရိုမှာ ကမ္ဘာ့ဖလား ၃ ကြိမ် အောင်မြင်ထားတဲ့ အာဂျင်တီးနား မပါပါဘူး၊ ကမ္ဘာ့ဖလား ၅ ကြိမ် အောင်မြင်ထားတဲ့ ဘရာဇီးလည်း မပါပါဘူး။ ကမ္ဘာ့ဖလား ၂ ကြိမ် အောင်မြင်ထားတဲ့ ဥရုဂွေးလည်း မပါဝင်ပါဘူး။
ကမ္ဘာ့ချန်ပီယံတွေ အများကြီး မပါဝင်ပါဘဲ အကောင်းဆုံး ပြိုင်ပွဲကြီးတစ်ရပ်လို့ တင်စားပြောဆိုဖို့ကတော့ ခက်ခဲပါတယ်။ လူတိုင်းက ကမ္ဘာ့ချန်ပီယံပဲ ဖြစ်လိုကြတာပါ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။