ဂျူဗီ ချိန်လာတဲ့ ဂန်းနား နောက်ခံလူ၊ လီဗာပူး ဝင်ပါမယ့် ပေါ်တူဂီသား၊ ဒီလစ်ကို ချိန်လာတဲ့ မန်ယူ၊ ဆန်ချိုကို ခါးသီးနေဆဲ တန်ဟက်နဲ့ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗဟိုခံစစ်မှူးသစ် ခေါ်ယူလိုနေပြီး ဘိုင်ယန်မြူးနစ်မှာ အဆင်မပြေဖြစ်နေတဲ့ ဒီလစ်ကို ချိန်ရွယ် လာပါတယ်။

တော့တင်ဟမ် စပါး၊ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာတို့ဟာ ရိုးမားအသင်းမှ အင်္ဂလန်သား တိုက်စစ်မှူး အေဘရာဟမ်ကို ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ဘရိုက်တန်နည်းပြ ဒီဇာဘီဟာ ပြင်သစ်ကလပ် မာဆေးအသင်းထံ ရောက်ရှိသွားဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ မာဆေးဘက်က ဒီဇာဘီအတွက် ယူရို ၆ သန်းပေးရင် အပြောင်းအရွှေ့ ဖြစ်မြောက်ပါလိမ့်မယ်။

ဝက်စ်ဟမ်းအသင်းဟာ ပါးမီးယက်စ် အသင်းမှ တိုက်စစ်မှူး Luis Guilherme ကို ယူရို သန်း ၃၀ ဖြင့် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂျူဗင်တပ် အသင်းဟာ အာဆင်နယ်အသင်း ခံစစ်မှူး ကီဝီအာ ကို ဒီနွေမှာ ကမ်းလှမ်းမှု ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဘင်ဖီကာ ကွင်းလယ်လူ နီဗက်စ်ကို ခေါ်ယူရေးမှာ လီဗာပူး ဝင်ပါလိမ့်မယ်လို့ ပေါ်တူဂီ သတင်းဌာနတွေက အခိုင်အမာ ထုတ်ဖော်လာပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်မှူးသစ် ရှာဖွေနေဆဲဖြစ်ပြီး ဂျူဗင်တပ်မှ ဗလာဟိုဗစ်၊ နာပိုလီမှ အိုဆင်မန် အပြင် အခြားသော နံပါတ် ၉ တိုက်စစ်သမားတွေကိုလည်း စိတ်ဝင်စားနေပါတယ်။

နည်းပြ တန်ဟက်ဟာ သူ ယူနိုက်တက်ကို ဆက်လက် တာဝန်ယူမှာ ဖြစ်တာကြောင့် ဆန်ချို ပြန်လာမှကို လုံးဝ လက်ခံပေးမှာ မဟုတ်ပါဘူး။

ဘရန့်ဖိုဒ့်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး တိုနေးအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ မှ မရရင် ရောင်းထုတ်ပေးမှာ မဟုတ်ပါဘူး။

ဘုန်းမောက် တိုက်စစ်မှူး ဆိုလန်ကီကို ပေါင် သန်း ၆၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းဖို့ ချယ်ဆီးဘက်က ပြင်ဆင်လာနေပါတယ်။

ဂျူဗင်တပ်အသင်းဟာ ယူနိုက်တက် တိုက်စစ်မှူး ဂရင်းဝုဒ်ကို ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းမှု စတင်လိုက်ပြီဖြစ်ပါတယ်။