ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (09/09/20)

ယူနိုက်တက် လူငယ် အသင်းနည်းပြဟောင်း ဝါရန်ဂျွိုက်စ်က အသင်း ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဝေဖန်မှု ဒဏ်ချက်တွေ အများအပြား ခံခဲ့ရပေမယ့် အခုထိ ကမ္ဘာ့အဆင့် ကစားသမားကောင်း တစ်ယောက် ဖြစ်ဆဲလို့ ထောက်ခံလိုက်ပါတယ်။

ဘောလုံးပွဲတွေ စခင် ထရိန်နင်မှာပဲ ယူနိုက်တက်ဟာ ကြံ့ခိုင်မှုပိုင်းနဲ့ ပတ်သတ်ပြီး စိုးရိမ်ဖွယ် ရှိနေကာ လင်ဒီလော့ဖ်ဟာ မောပန်းပြီး ကြံ့ခိုင်မှု မပြည့်တာကြောင့် ထရိန်နင်မှာ ကွင်းဘေး ထွက်ထိုင်နေတာ တွေ့ခဲ့ရပါတယ်။

လီဗာပူး ကစားသမားဟောင်း ကာရေဂါကတော့ လက်ရှိ အပြောင်းအရွှေ့မှာ လက်သွက်နေတဲ့ ချယ်ဆီးတို့ ဘယ်လောက် ပိုက်ဆံ သုံးသုံး လာမယ့် ဘောလုံးရာသီ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် ကို မကျော်နိုင်ဘဲ နောက်ကသာ ရပ်တည်ရလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား ဂျိမ်းစ် ဂါနာကလည်း ပွဲကစားချိန် ပုံမှန် ရရှိဖို့ အငှားထွက်ကစားရန် ချန်ပီယံရှစ်ကလပ် အများအပြားနဲ့ ဆွေးနွေးနေပြီး ဟက်ဒါဖီးလ်တောင်း အသင်းထံ သွားရောက်ဖြစ်ဖို့ အလားအလာ များနေပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ ပဲလေ့စ်နဲ့ မကစားရခင် နောက်တစ်ပတ်ထဲမှာ အက်စတွန်ဗီလာအသင်းနဲ့ ခြေစမ်းပွဲ ကစားသွားဖို့ ပြင်ဆင်နေပါတယ်။

ဒင်းဟန်ဒါဆန်ဟာ ဒေးဗစ်ဒီဂီယာကို ဂိုးသမားနေရာတိုက်ပွဲမှာအနိုင်ရရှိပြီး သူက ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်လာဖို့ ဘာမဆိုလုပ်မှာဖြစ်တယ်လို့ အသက်၂၃နှစ်အရွယ် ကစားသမားရဲ့ အေးဂျင့် ဖြစ်သူက ပြောဆိုခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ ရှက်ဖီးမှာ အမြင့်ဆုံးတောက်ပပြခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ လိုအပ်တဲ့ပုံမှန်ကစားချိန်မရရင် ရာသီသစ်မှာ ၎င်းရဲ့တိုးတက်မှုက အညွန့်ကျိုးသွားနိုင်ခြေ ရှိနေတာဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ လူငယ္အသင္းနည္းျပေဟာင္း ၀ါရန္ဂ်ြိဳက္စ္က အသင္း ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ေ၀ဖန္မႈ ဒဏ္ခ်က္ေတြ အမ်ားအျပား ခံခဲ့ရေပမယ့္ အခုထိ ကမၻာ့အဆင့္ ကစားသမားေကာင္း တစ္ေယာက္ ျဖစ္ဆဲလို႔ ေထာက္ခံလိုက္ပါတယ္။

ေဘာလံုးပြဲေတြ စခင္ ထရိန္နင္မွာပဲ ယူနုိက္တက္ဟာ ၾကံ႕ခိုင္မႈပိုင္းနဲ႕ ပတ္သတ္ျပီး စိုးရိမ္ဖြယ္ ရွိေနကာ လင္ဒီေလာ့ဖ္ဟာ ေမာပန္းျပီး ၾကံ႕ခိုင္မႈ မျပည့္တာေၾကာင့္ ထရိန္နင္မွာ ကြင္းေဘး ထြက္ထိုင္ေနတာ ေတြ႔ခဲ့ရပါတယ္။

လီဗာပူး ကစားသမားေဟာင္း ကာေရဂါကေတာ့ လက္ရွိ အေျပာင္းအေရႊ႕မွာ လက္သြက္ေနတဲ့ ခ်ယ္ဆီးတို႔ ဘယ္ေလာက္ ပိုက္ဆံ သံုးသံုး လာမယ့္ ေဘာလံုးရာသီ အျပီးမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ ကို မေက်ာ္နိုင္ဘဲ ေနာက္ကသာ ရပ္တည္ရလိမ့္မယ္လို႔ သံုးသပ္လိုက္ပါတယ္။

ယူနိုက္တက္ လူငယ္ကစားသမား ဂ်ိမ္းစ္ ဂါနာကလည္း ပြဲကစားခ်ိန္ ပံုမွန္ ရရွိဖို႔ အငွားထြက္ကစားရန္ ခ်န္ပီယံရွစ္ကလပ္ အမ်ားအျပားနဲ႕ ေဆြးေႏြးေနျပီး ဟက္ဒါဖီးလ္ေတာင္း အသင္းထံ သြားေရာက္ျဖစ္ဖို႔ အလားအလာ မ်ားေနပါတယ္။

ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲ ပဲေလ့စ္နဲ႕ မကစားရခင္ ေနာက္တစ္ပတ္ထဲမွာ အက္စတြန္ဗီလာအသင္းနဲ႕ ေျခစမ္းပြဲ ကစားသြားဖို႔ ျပင္ဆင္ေနပါတယ္။

ဒင္းဟန္ဒါဆန္ဟာ ေဒးဗစ္ဒီဂီယာကို ဂိုးသမားေနရာတိုက္ပြဲမွာအႏိုင္ရရွိၿပီး သူက ယူႏိုက္တက္ရဲ႕ နံပါတ္တစ္ ဂိုးသမားျဖစ္လာဖို႔ ဘာမဆိုလုပ္မွာျဖစ္တယ္လို႔ အသက္၂၃ႏွစ္အ႐ြယ္ ကစားသမားရဲ႕ ေအးဂ်င့္ ျဖစ္သူက ေျပာဆိုခဲ့ပါတယ္။ ဟန္ဒါဆန္ဟာ ရွက္ဖီးမွာ အျမင့္ဆုံးေတာက္ပျပခဲ့ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္မွာ လိုအပ္တဲ့ပုံမွန္ကစားခ်ိန္မရရင္ ရာသီသစ္မွာ ၎ရဲ႕တိုးတက္မႈက အၫြန႔္က်ိဳးသြားႏိုင္ေျခ ရွိေနတာျဖစ္ပါတယ္။