ဘရတ်ဝိတ်ကို အဲဗာတန် ဈေးတင်လွန်းလို့ ယူနိုက်တက်က အရန် ပစ်မှတ် ၂ဦး ကို ချိတ်ဆက် မေးမြန်းနေပါပြီ

မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် ဗဟိုခံစစ်မှူး ဘရိတ်ဝိတ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ကတော့ ကလပ်နှစ်သင်းကြား သဘောတူညီမှုရရေး ခက်ခဲနေဆဲပါ။

ယူနိုက်တက်ဘက်က ပေါင် ၃၅ သန်း နဲ့ ဘရိတ်ဝိတ်အတွက် ကမ်းလှမ်းခဲ့ပေမယ့် အဲဗာတန်အသင်းက ချက်ချင်း ပယ်ချထားတာပါ။

အင်္ဂလန်သား နောက်ခံလူ အတွက် အဲဗာတန်က ပေါင် သန်း ၇ဝ – ၈ဝ လောက်ထိ လိုချင်နေတာကြောင့် နှစ်သင်းကြား ညိနှိုင်းမှုကြီး လုပ်ရဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ကတော့ ဘရိတ်ဝိတ်ကို မခေါ်ယူနိုင်ရင် အစားဖိုး ပစ်မှတ် အစြဖ် လိုင်လီမှ ယိုရိုနဲ့ ဘိုင်ယန်မြူးနစ်မှ ဒီလစ်တို့ကို အရန်ပစ်မှတ်တွေ အဖြစ် ချိန်ရွယ်ထားပြီ ဖြစ်ပါတယ်။

ဒီလစ်အတွက် ပြောင်းရွှေ့ကြေး မေးမြန်းမှု ပြုလုပ်ထားပြီး ဘိုင်ယန်မြူးနစ်ဘက်ကတော့ ပေါင် ၄၂ သန်း ဝန်းကျင် တောင်းဆိုမယ်လို့ စကိုင်းဂျာမနီက ဖော်ပြလာပါတယ်။

ဗာရန်း ထွက်ခွာသွားတာကြောင့် ယူနိုက်တက်ဟာ ဒီနွေမှာ ဗဟိုခံစစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ အလေးအနက်ထားနေတာပါ။ ယူနိုက်တက်ဟာ တိုက်စစ်သမားနဲ့ ကွင်းလယ်လူသစ်တွေလည်း ရလိုနေဆဲဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နွေအတွက် အသုံးစရိတ် ပေါင် ၃၅ သန်းပဲ ရှိပေမယ့် ဂရင်းဝုဒ်၊ ဆန်ချို၊ ကာဆီမီရိုတို့ကို ရောင်းချကာ နောက်ထပ် ပေါင် သန်း ၁၅၀ ဝန်းကျင်ကို ရှာဖွေသွားဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။