ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (09/09/20)

အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါးက ၂၀၀၃ မှာ ဆယ်ကျော်သက် ကစားသမား ဖာဘရီဂက်စ်ကို ခေါ်ယူခဲ့ပြီးနောက် လီယွန်နယ်မက်ဆီနဲ့ ပီကေးကိုလဲ စာချုပ်ချုပ်နိုင်ဖို့ နီးစပ်ခဲ့ဖူးတယ်လို့ ကင်းထောက်ဟောင်း ဖရန်စစ် ကာဂီဂါအိုက ပြောဆိုခဲ့ပါတယ်။

ဘရန့်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာက အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ အလိုရှိနေပါတယ်။ ရာယာဟာ မနှစ်က ချန်ပီယံရှစ်မှာ အချိန်တိုင်းကစားခွင့်ရခဲ့ပြီး ၄၆ပွဲမှာ ကလင်းရှိ ၁၆ကြိမ် ရရှိခဲ့တာပါ။ သူ့ အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားချင်ကြောင်း ဝန်ခံခဲ့တဲ့နောက် အာဆင်နယ် က သူ့အိမ်မက်ကို အကောင်အထည် ဖော်ပေးနိုင်ဖွယ် ရှိနေပါတယ်။

အက်စ်တွန်ဗီလာက ပစ်မှတ်ထားနေတဲ့ ဂိုးသမား အီမီလီယာနို မာတီနက် နေရာ အတွက် အစားထိုးဖို့ အာဆင်နယ်ဟာ ပီအက်စ်ဂျီ ဂိုးသမား အန်ဖွန်ဆီ အေရီယိုလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မာတီနက်ဟာ အာဆင်နယ်နဲ့ စာချုပ် ၂နှစ် ကျန်ရှိသေးပေမယ့် အက်စ်တွန်ဗီလာကို ပြောင်းရင်တော့ ပုံမှန်ကစားခွင့် ပို ရနိုင်မှာ ဖြစ်ပါတယ်။

အန် ကတ်တီရာဟာ ဩစတြီးယားကို ၂-၁နဲ့နိုင်ခဲ့တဲ့ပွဲမှာ အင်္ဂလန် ယူ၂၁ အသင်းအတွက် ထပ်မံပြီးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ ယူရိုခြေစစ်ပွဲ ၇ပွဲဆက် နိုင်ပွဲရရှိခဲ့တဲ့ အင်္ဂလန်အသင်းအတွက် အန်ကတ်တီရာ ကစားပေးခဲ့တဲ့ ၃ပွဲမှာ ၇ဂိုးမြောက် သွင်းယူနိုင်ခဲ့ပါတယ်။

ဂွမ်ဒူဇီဟာ အသင်းကြီးကနေ ထုတ်ပယ်ခံခဲ့ရတဲ့နောက် ရက်သတ္တပတ်များစွာအကြာမှာ ၎င်းရဲ့အာဆင်နယ် အနာဂတ်နဲ့ပတ်သက်ပြီး တွစ်တာပေါ်ကနေ အရိပ်အမြွက်ပေးခဲ့ပါတယ်။အသင်းကနေ ထွက်ခွာနိုင်တယ် လို့ သတင်းတွေ ထွက်နေပေမယ့် ဂွမ်ဒူဇီဟာ ပြင်သစ် ယူ၂၁အသင်းနဲ့ အတူ နိုင်ပွဲရပြီးနောက် အာဆင်နယ်အတွက် ပြန်ပြီး ကြိုးစားမယ်ဆိုပြီး ပို့စ်တင်ခဲ့ပါတယ်။

ဂန်းနားတွေဟာ တော်ရဲရားအတွက် သူတို့ သတ်မှတ်ထားတဲ့ တန်ကြေးကိုလျှော့ချဖို့ ငြင်းပယ်ခဲ့တာကြောင့် ဖီအိုရင်တီးနားက သူတို့ရဲ့စိတ်ဝင်စားမှုကို အဆုံးသတ်ခဲ့ပါတယ်။ ဖီအိုရင်တီးနားက ကွင်းလယ်လူကို ယူရို ၂၅သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်က သန်း၃၀ အလိုရှိနေပါတယ်။

နည်းပြ အာတီတာက ဂိုးသွင်းစက် အူဘာမီးယန်း၊ လူငယ်ခြေတက် ဘူကာယို ဆာကာတို့ကိုတည်ပြီး အသင်းကို ပြန်လည် တည်ဆောက်ဖို့ကြိုးစားနေသလို အာဆင်နယ်ပရိသတ်တွေဟာ နောက်ရာသီမှာ ထိပ်ဆုံး လေးသင်းထဲ ဝင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

အာဆင်နယ်ထံ ဝီလီယံ ပြောင်းရွှေ့ခဲ့တာက ပိုက်ဆံကြောင့်ဆိုတာထက် ပိုတယ်လို့ အေးဂျင့် ဂျူရဘ်ချီယန်က ရှင်းပြခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာနဲ့ အားကစားဒါရိုက်တာ အီဂျူက ဝီလီယံကို အရမ်း လိုချင်နေခဲ့တာဖြစ်ပြီး အာတီတာရဲ့ စိတ်လှုပ်ရှားစရာ အစီအစဉ်တွေကြောင့် အမ်းမရိတ်စ်ကို ရောက်လာခဲ့တာ ဖြစ်တယ်လို့ အေးဂျင့်က ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ နည္းျပေဟာင္း အာဆင္ဝင္းဂါးက ၂၀၀၃ မွာ ဆယ္ေက်ာ္သက္ ကစားသမား ဖာဘရီဂက္စ္ကို ေခၚယူခဲ့ၿပီးေနာက္ လီယြန္နယ္မက္ဆီနဲ႔ ပီေကးကိုလဲ စာခ်ဳပ္ခ်ဳပ္ႏိုင္ဖို႔ နီးစပ္ခဲ့ဖူးတယ္လို႔ ကင္းေထာက္ေဟာင္း ဖရန္စစ္ ကာဂီဂါအိုက ေျပာဆိုခဲ့ပါတယ္။

ဘရန္႔ဖို႔ဒ္ ဂိုးသမား ေဒးဗစ္ ရာယာက အာဆင္နယ္အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ အလိုရွိေနပါတယ္။ ရာယာဟာ မႏွစ္က ခ်န္ပီယံရွစ္မွာ အခ်ိန္တိုင္းကစားခြင့္ရခဲ့ၿပီး ၄၆ပြဲမွာ ကလင္းရွိ ၁၆ႀကိမ္ ရရွိခဲ့တာပါ။ သူ႔ အေနနဲ႔ ပရီးမီးယားလိဂ္မွာ ကစားခ်င္ေၾကာင္း ဝန္ခံခဲ့တဲ့ေနာက္ အာဆင္နယ္ က သူ႔အိမ္မက္ကို အေကာင္အထည္ ေဖာ္ေပးႏိုင္ဖြယ္ ရွိေနပါတယ္။

ဂြမ္ဒူဇီဟာ အသင္းႀကီးကေန ထုတ္ပယ္ခံခဲ့ရတဲ့ေနာက္ ရက္သတၱပတ္မ်ားစြာအၾကာမွာ ၎ရဲ႕အာဆင္နယ္ အနာဂတ္နဲ႔ပတ္သက္ၿပီး တြစ္တာေပၚကေန အရိပ္အႁမြက္ေပးခဲ့ပါတယ္။အသင္းကေန ထြက္ခြာႏိုင္တယ္ လို႔ သတင္းေတြ ထြက္ေနေပမယ့္ ဂြမ္ဒူဇီဟာ ျပင္သစ္ ယူ၂၁အသင္းနဲ႔ အတူ ႏိုင္ပြဲရၿပီးေနာက္ အာဆင္နယ္အတြက္ ျပန္ၿပီး ၾကိဳးစားမယ္ဆိုၿပီး ပို႔စ္တင္ခဲ့ပါတယ္။

အန္ ကတ္တီရာဟာ ဩစႀတီးယားကို ၂-၁နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ အဂၤလန္ ယူ၂၁ အသင္းအတြက္ ထပ္မံၿပီးဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒါဟာ ယူ႐ိုေျခစစ္ပြဲ ၇ပြဲဆက္ ႏိုင္ပြဲရရွိခဲ့တဲ့ အဂၤလန္အသင္းအတြက္ အန္ကတ္တီရာ ကစားေပးခဲ့တဲ့ ၃ပြဲမွာ ၇ဂိုးေျမာက္ သြင္းယူႏိုင္ခဲ့ပါတယ္။

အက္စ္တြန္ဗီလာက ပစ္မွတ္ထားေနတဲ့ ဂိုးသမား အီမီလီယာႏို မာတီနက္ ေနရာ အတြက္ အစားထိုးဖို႔ အာဆင္နယ္ဟာ ပီအက္စ္ဂ်ီ ဂိုးသမား အန္ဖြန္ဆီ ေအရီယိုလာကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ မာတီနက္ဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္ ၂ႏွစ္ က်န္ရွိေသးေပမယ့္ အက္စ္တြန္ဗီလာကို ေျပာင္းရင္ေတာ့ ပုံမွန္ကစားခြင့္ ပို ရႏိုင္မွာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ ေတာ္ရဲရားအတြက္ သူတို႔ သတ္မွတ္ထားတဲ့ တန္ေၾကးကိုေလွ်ာ့ခ်ဖို႔ ျငင္းပယ္ခဲ့တာေၾကာင့္ ဖီအိုရင္တီးနားက သူတို႔ရဲ႕စိတ္ဝင္စားမႈကို အဆုံးသတ္ခဲ့ပါတယ္။ ဖီအိုရင္တီးနားက ကြင္းလယ္လူကို ယူ႐ို ၂၅သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ အာဆင္နယ္က သန္း၃၀ အလိုရွိေနပါတယ္။

နည္းျပ အာတီတာက ဂိုးသြင္းစက္ အူဘာမီးယန္း၊ လူငယ္ေျခတက္ ဘူကာယို ဆာကာတို႔ကိုတည္ၿပီး အသင္းကို ျပန္လည္ တည္ေဆာက္ဖို႔ႀကိဳးစားေနသလို အာဆင္နယ္ပရိသတ္ေတြဟာ ေနာက္ရာသီမွာ ထိပ္ဆုံး ေလးသင္းထဲ ဝင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

အာဆင္နယ္ထံ ဝီလီယံ ေျပာင္းေ႐ႊ႕ခဲ့တာက ပိုက္ဆံေၾကာင့္ဆိုတာထက္ ပိုတယ္လို႔ ေအးဂ်င့္ ဂ်ဴရဘ္ခ်ီယန္က ရွင္းျပခဲ့ပါတယ္။ အာဆင္နယ္နည္းျပ အာတီတာနဲ႔ အားကစားဒါ႐ိုက္တာ အီဂ်ဴက ဝီလီယံကို အရမ္း လိုခ်င္ေနခဲ့တာျဖစ္ၿပီး အာတီတာရဲ႕ စိတ္လႈပ္ရွားစရာ အစီအစဥ္ေတြေၾကာင့္ အမ္းမရိတ္စ္ကို ေရာက္လာခဲ့တာ ျဖစ္တယ္လို႔ ေအးဂ်င့္က ေျပာဆိုခဲ့ပါတယ္။