ယူနိုက်တက်နဲ့ ဇီရစ်ဇီး၊ ကွင်းလယ်ဘက် လှည့်ရှာနေတဲ့ အာဆင်နယ်၊ လီဗာပူး ကြိုက်နေတဲ့ တိုက်စစ်မှုး၊ ဂါလယ်ဂါ ကမ်းလှမ်းမှု ချယ်ဆီး ပယ်ချခြင်းနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

လီဗာပူးအသင်းဟာ ပဲလေစ့်ခံစစ်မှူး ဂူဟီကို သဘောကျနေပြီး အင်္ဂလန်သားကို ဒီနွေမှာ ခေါ်ယူလိုရင် ပေါင် ၆၅ သန်း ပေးရမယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်း အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး Samu Omorodion ကို ပေါင် ၂၇.၄ သန်း + ထပ်တိုးကြေးဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ခံစစ်မှူး ဘရိတ်ဝိတ်ကို ခေါ်ယူနိုင်မယ် ယုံကြည်ချက် ရှိနေပါတယ်။ ဒါပေမယ့် အဲဗာတန်ဘက်က အလုပ်ဖြစ်လောက်တဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှ အပြောင်းအရွှေ့ဖြစ်မြောက်မှာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဆက်ကို ကို ခေါ်ယူရေး မအောင်မြင်တဲ့နောက် အာဆင်နယ်ဟာ တိုက်စစ်ထက် ကွင်းလယ်ပိုင်း အားဖြည့်ဖို့ကိုပဲ ပိုမို အာရုံစိုက်လာတော့မှာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုလော့ညာအသင်း တိုက်စစ်မှူး ဂျိုရှာ ဇီရစ်ဇီး ကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ကစားသမား ရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေးဟာ ယူရို သန်း ၄၀ လို့ သိရပါတယ်။

လက်စတာအသင်းဟာ နော်တင်ဟမ် ဖောရက်စ် နည်းပြဟောင်း စတိဗ်ကူပါးကို မန်နေဂျာသစ်အဖြစ် တာဝန်ပေးဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီး ဘယ်အစွန်လူ မတ်ဆန်ကို ခေါ်ယူရေးမှာ အက်စတွန်ဗီလာ ဝင်ကြိုးစားဖွယ် ရှိနေကာ ကစားသမားနဲ့ တွေ့ဆုံမှု ပြုလုပ်နေပါတယ်။

ပဲလေစ့် ကြယ်ပွင့် အိုလစ်ကို ခေါ်ယူရေးမှာ ချယ်ဆီး၊ ယူနိုက်တက်တို့နဲ့အပြိုင် လီဗာပူးလည်း ပါဝင် ကြိုးစားဖွယ် ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချယ်ဆီးကနေ အငှားခေါ်ယူထားတဲ့ ကီပါကို နောက်ထပ် ၁ ရာသီ အငှား ခေါ်ယူလိုနေပါတယ်။

အဲဗာတန်ကွင်းလယ်လူ အိုနာနာကို အာဆင်နယ်အသင်း ဒီနွေမှာ ခေါ်ယူလိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ပေးရမှာဖြစ်ပါတယ်။

ကွင်းလယ်လူ ဂါလယ်ဂါအတွက် အက်သလက်တီကိုဘက်က ယူရို သန်း ၂၀ ဖြင့် ကမ်းလှမ်းမှုကို ချယ်ဆီးဘက်က ပယ်ချ လိုက်ပါတယ်။