ဆာဂျင်ရက်ကလစ်ဖ် ကတော့ ယူနိုက်တက် အခြေအနေ ပြန်ကောင်းလာဖို့ဟာ နွေ အပြောင်းအရွှေ့ နှစ်ကြိမ် သုံးကြိမ်လောက် ဖြတ်သန်းပြီးမှပဲ ဖြစ်နိုင်မယ်လို့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
ဟယ်ရီ မက်ဂွဲရားက ကာရင်တန် လေ့ကျင့်ရေးမှာ ပြန်ရောက်နေပြီး ပြန်လည် ထူထောင်ရေး လေ့ကျင့်ခန်းများ စတင်နေပြီ လို့ လူမှုကွန်ယက်မှာ ပုံ တင်ပြီး အသိပေးခဲ့ပါတယ်။
အင်္ဂလန် နည်းပြ ဆောက်ဂိတ်ကတော့ ကွင်းလယ်မှာ မိုင်နူး ကို မသုံးဘဲ ထရန့် အလက်ဇန်းဒါး အာနိုးကို သုံးနေတာက စမ်းသပ်မှု ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ထရန့်က အင်္ဂလန် ကွင်းလယ်မှာ ရုန်းကန်နေရပါတယ်။
ယူနိုက်တက် ဂန္တဝင် ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်ကတော့ နည်းပြ တန်ဟက် အပေါ် ဆာဂျင်ရက်ကလစ်ဖ်နဲ့ INEOS အဖွဲ့ရဲ့ ဆက်ဆံပုံက နှိမ့်ချလွန်းတယ်လို့ သုံးသပ်လိုက်ပါတယ်။ သူသာ ယူနိုက်တက်ရဲ့ လက်ရှိ အသင်းသား တစ်ဦး ဆိုရင် နည်းပြဟာ နိမ့်ပါးတဲ့ အနေအထားလို့ မြင်မိမှာ ဖြစ်ကြောင်း ရှမိုက်ကယ်က ဆိုပါတယ်။
ယူနိုက်တက်သာ ဘိုလော့ညာ တိုက်စစ်မှုး ဇီရစ်ဇီး ကို ခေါ်ယူမယ် ဆိုရင် မားကပ် ရက်ဖို့ဒ်က ရောင်းချ ခံရနိုင်တယ် လို့ သတင်းထွက်နေပါတယ်။
ဇီရစ်ဇီး တန်ကြေးက ပေါင် ၄၅ သန်းလောက်ထိ သွားနိုင်ပြီး နယ်သာလန်သား ဟာ တိုက်စစ်မှာ နေရာစုံ ကစားနိုင်သူ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် ဟာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ ပရီးမီးယားလိဂ် အသင်းကြီးတွေ မျက်စိကျနေတဲ့ အသင်းသား အိုလစ် အား လစာပိုတိုးပြီး သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းလိုက်ပါတယ်။
ယူနိုက်တက် တိုက်စစ်မှုး ရက်ဖို့ဒ် ဟာ အင်္ဂလန် အသင်းနဲ့ အတူ ယူရိုပြိုင်ပွဲမှာ မပါဝင်ရတဲ့ အပေါ် ရက်ဖို့ဒ် အေးဂျင့်က အမျက်ထွက်နေပြီး ဒိန်းမတ်နဲ့ အင်္ဂလန်ရဲ့ သရေပွဲ အပြီးမှာ ဆိုရှယ်မီဒီယာကနေ မကျေနပ်ကြောင်း ဖော်ပြခဲ့ပါတယ်။