ယိုရို နဲ့ ယူနိုက်တက်၊ ဂန်းနားပစ်မှတ် နောက်ခံလူ၊ မူလာစီယာကို ချိန်နေတဲ့ လီဗာပူး၊ ဇီရစ်ဇီး ပြောင်းရွှေ့ကြေးနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ခရစ္စတယ်ပဲလေ့စ် တောင်ပံ တိုက်စစ်သမား အိုလစ် ဟာ ယူနိုက်တက်၊ ချယ်ဆီးနဲ့ နယူးကာဆယ် တို့ စိတ်ဝင်စားခြင်း ခံနေရပေမယ့် ဘိုင်ယန်မြူးနစ်ထံ ပြောင်းဖို့ ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

ဘီဘာအို တိုက်စစ်မှူး နီကိုး ဝီလီယမ်ကို လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်ဆီးတို့က စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်း ဝန်းကျင် ပေးရဖွယ် ရှိပါတယ်။

ဘိုလော့ညာ တိုက်စစ်သမား ဇီရစ်ဇီး ရဲ့ ပြောင်းရွှေ့ကြေးကို မန်ချက်စတာ ယူနိုက်တက်က စုံစမ်းနေကာ ယူရို သန်း ၄၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လိုင်လီအသင်း ခံစစ်မှူး ယိုရိုအတွက် ကနဦး ဆက်သွယ်မှု တရားဝင် စတင်လိုက်ပြီ ဖြစ်ပါတယ်။ ယိုရိုကို ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ကလည်း စိတ်ဝင်စားနေပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ တိုက်စစ်ပိုင်းကို အားဖြည့်လိုနေပြီး ဘိုင်ယန်မြူးနစ် ကြယ်ပွင့် မူဆီယာလာကို ခေါ်ယူလို့ရမလား စုံစမ်းမှု လုပ်နေပါတယ်။

ဖူလ်ဟမ်အသင်းဟာ ချယ်ဆီး ခံစစ်မှူး ချာလိုဘတ်ကို ဒီနွေမှာ ခေါ်ယူလိုနေပါတယ်။

မန်စီးတီးမှာ နေရာမရဖြစ်နေတဲ့ ဘယ်အစွန်လူ ဂိုးမက်စ်ကို ခေါ်ယူဖို့ ရိုးမားအပြင် ဆိုစီဒက်နဲ့ ဘက်တစ်တို့ကလည်း စိတ်ဝင်စားနေပါတယ်။

ချယ်ဆီးအသင်းဟာ နည်းပြသစ် မာရက်စကာရဲ့ လက်အောက်မှာ အေစီမီလန် ဘယ် အစွန်လူ သီယို ဟာနန်ဒက်စ် အံဝင်မလားအတွက် အကဲဖြတ်မှု ပြုလုပ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဖီနာဘာချီ အစွန်လူ Ferdi Kadıoğlu အတွက် ပေါင် ၁၇ သန်းတန် ကမ်းလှမ်းမှု ပြုလုပ် ထားတယ်လို့ တူရကီသတင်းတွေက ဖော်ပြပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဒီနွေမှာတော့ ပရီးမီးယားလိဂ်ကလပ် အများအပြားက စိတ်ဝင်စားနေတဲ့ နယ်သာလန် ကွင်းလယ်လူ ဇာဗီ ဆိုင်မွန်ကို ခေါ်ယူရေးအား ဦးစားပေးအဖြစ် ရွေးချယ်ထားပါတယ်။

အဲဗာတန်အသင်းဟာ ဒီနွေမှာ ခံစစ်မှူး ဘရိတ်ဝိတ်ကို ထွက်ခွာခွင့် မပေးရဘဲ ဆက်ထိန်းသွားနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။