ချယ်ဆီးအသင်းဟာ ခရစ္စတယ် ပဲလေ့စ် တိုက်စစ် ကစားသမား အိုလစ်ကို ခေါ်ယူရေး မအောင်မြင်တဲ့နောက် ယူနိုက်တက်တို့ ကာလရှည် ပစ်မှတ်ထားနေတဲ့ ကစားသမားအား ပြောင်းလဲ ချိန်ရွယ်နေတယ်လို့ ပြင်သစ် သတင်းတွေအရ သိရပါတယ်။
အိုလစ်ကို ခေါ်ယူရေး ချယ်ဆီးက ရေပန်းစားခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် ကြားဖြတ် ခေါ်ယူသွားတာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ကလပ် တစ်သင်းက အိုလစ်အတွက် ကမ်းလှမ်းလာမယ်ဆိုရင် ပေါင် သန်း ၆၀ ဖြင့် ထွက်ခွင့်ပေးဖို့ ပဲလေ့စ်ဘက်က သဘောတူထားခဲ့တာ ဖြစ်ပါတယ်။
အိုလစ်ကို လက်လွတ်ရတဲ့နောက် ချယ်ဆီးက အခြားသော ကြယ်ပွင့်တွေကို ထပ်မံ ချိန်ရွယ်ရာမှာ မန်ချက်စတာ ယူနိုက်တက် ကာလရှည် စိတ်ဝင်စားနေတဲ့ လိုင်လီတိုက်စစ်သမား ဂျိုနသန် ဒေးဗစ်ဘက် ဦးလှည့်လာခဲ့ပါတယ်။
ချယ်ဆီးက ဒီနွေမှာ တိုက်စစ်သမား တစ်ဦးနဲ့ တောင်ပံသမား တစ်ဦး အားဖြည့်ဖို့ကို ဦးစားပေးအဖြစ် ရွေးချယ်ထားကာ နည်းပြမာရက်စကာရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဆိုင်မှုကို တွန်းအားဖြစ်စေလိုနေပါတယ်။
ဗီလာမှ ဒူရမ်ကလည်း ချယ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုအောက်မှာ ရှိနေတာပါ။ ဒါပေမယ့် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ကိုတော့ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။
The Athletic ကတော့ ချယ်ဆီးအသင်းက ဒေးဗစ်ကို စိတ်ဝင်စားနေပေမယ့် အချိန်ထိတော့ အပြောင်းအရွှေ့ ဖြစ်မြောက်အောင် စတင်လှုပ်ရှားလာခြင်း မရှိသေးဘူးလို့ ဖော်ပြသွားပါတယ်။