လက်ရှိ ယူရိုပြိုင်ပွဲမှာ စတား ဖြစ်နေတဲ့ စပိန်တိုက်စစ်သမားကို ခေါ်ယူဖို့ မျက်စိကျနေတဲ့ ဥရောပ ထိပ်သီး အသင်းကြီးများ

လက်ရှိ ကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အများ သတိထားမိလောက်အောင် ခြေစွမ်းပြနေတဲ့ စပိန်ကြယ်ပွင့် တိုက်စစ်သမားလေး နီကိုး ဝီလီယမ် ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ် အသင်းကြီး တချို့တွေ အပြိုင် ပစ်မှတ်ထားလာကြပါတယ်။

အသက် ၂၁ နှစ်အရွယ် စပိန်သား တိုက်စစ်သမားဟာ မနှစ်ကရာသီ လာလီဂါမှာ ဘီဘာအိုအသင်းအတွက် ကိုယ်တိုင် ၅ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်ပေးနိုင်ခဲ့သူပါ။

စပိန်အသင်းက အီတလီကို ၁-၀ နဲ့ အနိုင် ရတဲ့ပွဲမှာလည်း နီကိုး ဝီလီယမ်ဟာ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသခဲ့ကာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားကိုပါ ရရှိခဲ့ပါတယ်။ ၎င်းရဲ့ ဘီဘာအို စာချုပ်မှာတော့ ယူရို ၅၅ သန်း (ပေါင် ၄၆.၅ သန်း) ဖြင့် ခေါ်ယူခွင့် ပါဝင်ထားပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူး၊ ချယ်ဆီးတို့ဟာ နီကိုး ဝီလီယမ်ကို စိတ်ဝင်စားနေကြကာ တိုက်စစ်သမားသစ် ရှာဖွေနေတဲ့ ဘာစီလိုနာကလည်း စပိန်သားကို မျက်စိ ကျနေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဘက်က တစ်နိုင်ငံတည်းသားကို အလိုရှိကြောင်း တွန်းအားပေးမယ်ဆိုရင် လန်ဒန်ကလပ်ဘက်က အားထုတ်ပေးဖွယ် ရှိနေတယ်လို့ သိရတယ်။

လီဗာပူးအသင်းကတော့ သူတို့ တိုက်စစ်မှူး ဒီယက်ဇ်ကို ဘာစီလိုနာ ဒါမှမဟုတ် ပီအက်စ်ဂျီက ခေါ်ယူမှပဲ ပြန်လည် အစားထိုးဖို့ နီကိုး ဝီလီယမ်ကို ချိတ်ဆက်ဖွယ် ရှိပါတယ်။