ယူနိုက်တက်ဟာ အဲဗာတန် ခံစစ်မှူး ဘရိဝိတ်ကို ပေါင် ၄၅ သန်းထက် ပိုများတဲ့ နောက်ထပ် ကမ်းလှမ်းမှု လုပ်တော့မှာပါဘူး။ အဲဗာတန်ဘက်ကတော့ ပေါင် သန်း ၇၀ မရသ၍ တင်းခံနေမှာ ဖြစ်ပါတယ်။
အိုလစ်ကို ခေါ်ယူရေး မအောင်မြင်ခဲ့တာကြောင့် ချယ်ဆီးအသင်းဟာ အက်သလစ် ဘီဘာအို တိုက်စစ်သမား နီကိုး ဝီလီယမ်ကို ခေါ်ယူဖို့ အားထုတ်လာနေပါပြီ။
လီဗာပူး ကွင်းလယ်လူ တေလာ မော်တန်ကို အပြီးသတ် ခေါ်ယူဖို့ ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းက ဆက်သွယ် ဆွေးနွေးမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အသင်း ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး နစ္စတယ်ရွိုင်းကို နည်းပြအဖွဲ့ထဲမှာ ပါဝင်ဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ နယ်သာလန်သားဟာ ဘန်လေ နည်းပြသစ် ဖြစ်လာဖို့လည်း ရေပန်းစားနေပါတယ်။
ချယ်ဆီးအသင်းဟာ လိုင်လီ တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကို ခေါ်ယူလို့ ရနိုင်မလား ဆိုတာ ကစားသမားရဲ့ ကိုယ်စားလှယ်တွေထံ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ အဲဗာတန် တိုက်စစ်မှူး Lewis Dobbin ကို ပေါင် ၁၀ သန်း ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကင်မစ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ သက်တမ် းမတိုးဘဲ ဒီနွေမှာ အသင်းသစ်ထံ ကူးပြောင်းသွားဖို့ ပိုဖြစ်လာနိုင်နေပါပြီ။ ၎င်းဟာ ပရီးမီးယားလိဂ်ထံ ရောက်မယ်လို့ မှန်းဆခံနေရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ လူတန် ကွင်းလယ်လူ ဘာကလေကို ပေါင် ၅ သန်းဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ကလပ်စ် လူးဝစ်ဟာ ဂျူဗင်တပ်ထံ ပြောင်းရွှေ့မှာဖြစ်ကာ လာမယ့်အပတ်ထဲ ဆေးစစ်မှု ခံယူသွားပါမယ်။
နယူးကာဆယ်အသင်းဟာ အဲဗာတန် တိုက်စစ်မှူး ကယ်ဗက်လီဝင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။