ရီးရဲလ်၊ ဒေါ့မွန်တို့ကို ကျော်ပြီး အက်သလက်တီကို တိုက်စစ်သမားလေးကို ယူနိုက်တက် ခေါ်ယူနိုင်ခဲ့

ယူနိုက်တက်ဟာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းမှ စပိန်လူငယ် တိုက်စစ်သမားလေး ဂါနာချိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

အသက် ၁၆နှစ်အရွယ် လူငယ်လေးကို ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် ကြိုးစားခဲ့ပြီးမှ ၅နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ ဂါနာချိုဟာ အက်သလက်တီကို အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ လူငယ် တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး မက်ဒရစ်ဒါဘီနှစ်သင်းကြား ဆက်ဆံရေးကို အသုံးချပြီး ယူနိုက်တက်က ကြားဖြတ် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ကလည်း ဆန်ချိုကို လက်လွတ်ရရင် ဂါနာချိုကို ခေါ်ယူဖို့ ရည်ရွယ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လို့ အက်သလက်တီကို ယူ-၁၉ အသင်းအတွက် ကစားပေးနေတဲ့ လူငယ်လေးက ရော်နယ်ဒိုကို အားကျသူဖြစ်ခြင်းကြောင့် မန်ချက်စတာကိုပဲ ရွေးချယ်ခဲ့တာဖြစ်တယ်။ သူဟာ ဒီဈေးကွက်အတွင်း ယူနိုက်တက်ကို ရောက်မယ့် တတိယမြောက် စပိန်လူငယ်လည်း ဖြစ်လာပါမယ်။

ဂါနာချိုကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်က စပိန်ကလပ် အက်သလက်တီကိုကို အကယ်ဒမီကြေး ပေးရမှာဖြစ်ကာ အဆိုပါအတွက် ဘယ်လောက် ပြောင်းရွှေ့ကြေး ပေးရမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ယူနိုက်တက်ဟာ ဒီနွေမှာ ဒေါ့မွန်မှ ဆန်ချိုကို ခေါ်ယူဖို့အား ဦးစားပေးအဖြစ် သက်မှတ်ထားဆဲဖြစ်တယ်။ ဂျာမနီကလပ်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ကျော် တောင်းခံထားမှုကို လျော့ချနိုင်မယ်လို့လည်း ယုံကြည်ထားကာ လက်ရွေးစင် တာဝန်တွေ ပြီးဆုံးခဲ့ရင်တော့ ညိနှိုင်းမှုတွေ ပြန်လည် စတင်သွားမယ်လို့ သိထားရပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ စပိန္ကလပ္ အက္သလက္တီကို မက္ဒရစ္အသင္းမွ စပိန္လူငယ္ တိုက္စစ္သမားေလး ဂါနာခ်ိဳကို ေခၚယူႏုိင္ခဲ့ျပီလို႔ သိရပါတယ္။

အသက္ ၁၆ႏွစ္အ႐ြယ္ လူငယ္ေလးကို ရီးရဲလ္မက္ဒရစ္နဲ႔အျပိဳင္ ၾကိဳးစားခဲ့ျပီးမွ ၅ႏွစ္ စာခ်ဳပ္နဲ႔ ေခၚယူႏိုင္ခဲ့ေၾကာင္း စပိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။ ဂါနာခ်ိဳဟာ အက္သလက္တီကို အကယ္ဒမီကေန ထြက္ေပၚလာတဲ့ လူငယ္ တိုက္စစ္မႉး တစ္ဦး ျဖစ္ၿပီး မက္ဒရစ္ဒါဘီႏွစ္သင္းၾကား ဆက္ဆံေရးကို အသံုးခ်ျပီး ယူႏုိက္တက္က ၾကားျဖတ္ ေခၚယူႏုိင္ခဲ့ျခင္းျဖစ္ပါတယ္။

ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္ကလည္း ဆန္ခ်ိဳကို လက္လြတ္ရရင္ ဂါနာခ်ိဳကို ေခၚယူဖို႔ ရည္ရြယ္ခဲ့ပါေသးတယ္။ ဒါေပမယ့္လို႔ အက္သလက္တီကို ယူ-၁၉ အသင္းအတြက္ ကစားေပးေနတဲ့ လူငယ္ေလးက ေရာ္နယ္ဒိုကို အားက်သူျဖစ္ျခင္းေၾကာင့္ မန္ခ်က္စတာကိုပဲ ေရြးခ်ယ္ခဲ့တာျဖစ္တယ္။ သူဟာ ဒီေစ်းကြက္အတြင္း ယူႏုိက္တက္ကို ေရာက္မယ့္ တတိယေျမာက္ စပိန္လူငယ္လည္း ျဖစ္လာပါမယ္။

ဂါနာခ်ိဳကို ေခၚယူႏုိင္ဖို႔အတြက္ ယူႏုိက္တက္က စပိန္ကလပ္ အက္သလက္တီကိုကို အကယ္ဒမီေၾကး ေပးရမွာျဖစ္ကာ အဆိုပါအတြက္ ဘယ္ေလာက္ ေျပာင္းေရႊ႔ေၾကး ေပးရမယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။

ယူႏုိက္တက္ဟာ ဒီေႏြမွာ ေဒါ့မြန္မွ ဆန္ခ်ိဳကို ေခၚယူဖို႔အား ဦးစားေပးအျဖစ္ သက္မွတ္ထားဆဲျဖစ္တယ္။ ဂ်ာမနီကလပ္က ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၁၀၀ ေက်ာ္ ေတာင္းခံထားမႈကို ေလ်ာ့ခ်ႏုိင္မယ္လို႔ လည္း ယံုၾကည္ထားကာ လက္ေရြးစင္ တာဝန္ေတြ ျပီးဆံုးခဲ့ရင္ေတာ့ ညိႏိႈင္းမႈေတြ ျပန္လည္ စတင္သြားမယ္လို႔ သိထားရပါတယ္။