ဂျိုနသန် ဒေးဗစ် ခေါ်မလား မေးခံထားရခြင်း၊ ယူရိုက ထွက်လာရတဲ့ တော်မီနေး၊ အာဒါ ဂူလာ၊ ဒီလစ်၊ ဒိုင်ဘားလားနဲ့ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ

စကော့တလန် အသင်း ယူရို အုပ်စုကနေ ထွက်ရဖို့ သေချာသွားတဲ့နောက် မက် တော်မီနေးဟာ ၃ ပတ်တာ အားလပ်ရက် ယူပြီးနောက် ဇူလိုင် ၂၄ ရက်နေ့မှာ ယူနိုက်တက်ရဲ့ အမေရိကန် ရာသီကြို ခရီးစဉ်သို့ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။

ယူနိုက်တက် တာဝန်ရှိသူတွေက နည်းပြ တန်ဟက်အား သက်တမ်းတိုး စာချုပ်သစ် ကို အမေရိကန် ရာသီကြို ခရီးစဉ် မတိုင်ခင် နောက်ဆုံးထားကာ လက်မှတ်ရေးထိုးဖို့ မျှော်လင့်ထားပါတယ်။

လိုင်လီ တိုက်စစ်မှုး ဂျိုနသန် ဒေးဗစ် ဟာ ဒီနွေဈေးကွက်မှာ အင်္ဂလန်ဘက်သို့ ပြောင်းလာချင်နေပြီး ကနေဒါသားရဲ့ အေးဂျင့် ဖြစ်သူက ချဉ်းကပ် မေးမြန်းနေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ မန်ချက်စတာ ယူနိုက်တက်လည်း ပါဝင်နေပါတယ်။

အသက် ၂၄ နှစ် အရွယ် တိုက်စစ်မှုးဟာ လိုင်လီနဲ့ စာချုပ် နောက်ဆုံးနှစ်ထဲ ဝင်ရောက်နေပြီ ဖြစ်ပြီး ပြောင်းရွှေ့ကြေးက ပေါင် သန်း ၃ဝ ဝန်းကျင် ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီက လိုင်လီအတွက် ပြိုင်ပွဲစုံ ၂၆ ဂိုး အထိ ဒေးဗစ်က သွင်းယူပေးထားပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်တိုက်စစ် ကြယ်ပွင့်လေး အာဒါ ဂူလာ ကို ယူနိုက်တက် အရ ခေါ်ယူသင့်ကြောင်း ဒွိုက်ယော့ခ်က တိုက်တွန်းထားပါတယ်။

အဲဗာတန်မှ ဘရိတ်ဝိတ်ကို ရဖို့ ညှိနှိုင်းရ ခက်နေတာကြောင့် ယူနိုက်တက်ဟာ အစားထိုး ပစ်မှတ် အဖြစ် တန်ဟက်နဲ့ အေဂျက်မှာ အလုပ်လုပ်ဖူးတဲ့ နောက်ခံလူ ဒီလစ် ကို ခေါ်ယူဖို့ အလေးအနက် စဉ်းစားနေပါတယ်။

အီတလီဘက်က သတင်းတွေ အဆိုအရ နည်းပြ တန်ဟက်ဟာ ဒီနွေမှာ ဒိုင်ဘားလားကို ရိုးမားထံကနေ ခေါ်ယူချင်နေတယ် လို့ သိရပါတယ်။

ရာသီသစ် အတွက် အိမ်ကွင်းဂျာစီသစ်ကို လာမယ့် ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့မှာ ဖော်ထုတ် ကြေညာမှာ ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက်က အသိပေးထားပါတယ်။