မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပီအက်စ်ဂျီ ကွင်းလယ်လူ အူဂါတီကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပို့ခဲ့ပေမယ့် ပယ်ချခံလိုက်ရပြီ လို့ သတင်း ထွက်ပေါ်လာပါတယ်။
မနှစ်နွေမှာမှ ပေါ်တူဂီကလပ် စပို့တင်းကနေ ပီအက်စ်ဂျီအသင်းထံ ယူရို သန်း ၆၀ ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ဥရုဂွေးကွင်းလယ်လူ အူဂါတီကို ယူနိုက်တက်က စိတ်ဝင်စားနေကြောင်း သတင်းကို စကိုင်းစပေါ့က အတည်ပြုထားတာပါ။
ဒီကနေ့မှာ ယူနိုက်တက်ဘက်က ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ချိတ်ဆက်ပေမယ့် ပီအက်စ်ဂျီ လိုချင်တဲ့ ပမာဏမျိုး မဟုတ်တာကြောင့် ပယ်ချခံလိုက်ရတာ ဖြစ်ပါတယ်။
သတင်းထောက် Ben Jacobs က ” ပီအက်စ်ဂျီအသင်းဟာ အူဂါတီအတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ ပြင်သစ်ကလပ် သတ်မှတ် ပြောင်းရွှေ့ကြေးနဲ့ မနီးစပ်တဲ့ ပမာဏမျိုးနဲ့ ကမ်းလှမ်းတာမို့ ခပ်မြန်မြန် ပယ်ချလိုက်တာပါ။
အူဂါတီကို ခေါ်ယူဖို့ ကလပ် အချို့က စိတ်ဝင်စားနေပြီး ယူနိုက်တက်က ခေါ်ယူလိုနေတာကိုတော့ စကိုင်းစပေါ့က စတင် ဖော်ပြခဲ့ပါတယ် ” လို့ ဖော်ပြသွားပါတယ်။
အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူအတွက် ယူနိုက်တက်ထံက ဒုတိယမြောက် ကမ်းလှမ်းမှု ထပ်ဖြစ်လာမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။