တိုက်စစ်မှုး နေရာ အတွက် ပရီးမီးယားလိဂ် အထိုင်ကျပြီးသားသူကို ပေါင် သန်း ၁ဝဝ ကျော်သုံး ခေါ်ဖို့ ချယ်ဆီး ပြင်ဆင်

လက်ရှိ နွေအပြောင်းအရွှေ့မှာ တိုက်စစ်မှုးသစ် ရှာဖွေနေတဲ့ ချယ်ဆီးအသင်းဟာ ဆက်ကို၊ ဒူရမ်၊ ဂျိုနသန် ဒေးဗစ်တို့ ကို ချိတ်ဆက်ပေမယ့် အဆင်မပြေဖြစ်နေတာကြောင့် ပရီးမီးယားလိဂ် စံချိန်တင် ခေါ်ယူမှု တစ်ခု ပြုလုပ်နိုင်ကြောင်း သတင်းထွက်လာပါတယ်။

ချယ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ များစွာသော ကစားသမားတွေနဲ့ သတင်းထွက်ပေမယ့် ကလပ် အလိုရှိနေတာက အထောင် တိုက်စစ်နေရာ အတွက် ဖြစ်ပါတယ်။

နောက်ဆုံးသတင်းထွက်လာတာက ဘီဘာအိုမှ နီကိုး ဝီလီယမ်ကို ဝင်ရောက် ကမ်းလှမ်းသွားမှာ မဟုတ်တဲ့ ချယ်ဆီးဟာ နယူးကာဆယ် တိုက်စစ်မှူး အိုင်ဆက်ကိုပဲ ဦးစားပေးအဖြစ် ရွေးချယ်လာပါတယ်။ အိုင်ဆက်ကို လီဗာပူးအသင်းကလည်း ချိန်ရွယ်နေတာပါ။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ မနှစ်ကရာသီမှာ သွင်းဂိုး ၂၅ ဂိုး သွင်းယူခဲ့တာကြောင့် ဥရောပရဲ့ အတောက်ပ ဆုံး တိုက်စစ်သမားတွေထဲက တစ်ဦး ဖြစ်လာခဲ့တာပါ။

နယူးကာဆယ်ဟာ သူတို့ရဲ့ အဓိက ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဂွီးမားရက်စ်နဲ့ အိုင်ဆက်တို့ကို ဆက်ထိန်းဖို့ ကြိုးစားနေပြီး ပြောင်းရွှေ့ောကး စံချိန်တင် ပမာဏရမှ ရောင်းထုတ်မှာဖြစ်ကြောင်း အကြောင်းပြန်ထားပါတယ်။

အိုင်ဆက်အတွက်တော့ မနှစ်ကနွေမှာ ကိုင်ဆီဒိုအတွက် ချယ်ဆီးအသင်း ခေါ်ယူစဉ် ပေးခဲ့ရတဲ့ ပေါင် ၁၁၅ သန်းထိ ဈေးသတ်မှတ်ခဲ့ပါပြီ။

ကလပ် နှစ်သင်းကြား အိုင်ဆက်အတွက် ဆွေးနွေးမှု ပြုလုပ်ကြဖို့ စီစဉ်ထားကြောင်း ဗြိတိန်သတင်းဌာနတွေက ဖော်ပြနေပေမယ့် အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုကတော့ ချယ်ဆီးက အိုင်ဆက်အတွက် ပေါင် ၁၁၅ သန်းထိ ပေးဖို့ စိတ်မဝင်စားဘူးလို့ ဖော်ပြသွားသေးတာ ဖြစ်ပါတယ်။