Transfer: ဈေးကွက်ထဲ ခြေသွက်နေတဲ့ ချယ်ဆီးကတော့ ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်မှ ခံစစ်မှုးကို ခေါ်ဖို့ ပစ်မှတ်ထား လာပြန်ပါပြီ

လက်ရှိ နွေဈေးကွက်မှာလည်း ခြေသွက်နေတဲ့ ချယ်ဆီးအသင်းဟာ ခံစစ်မှုးသစ် ခေါ်ယူဖို့လည်း ရှာဖွေနေပြီး နော်တင်ဟမ် ဖောရက်စ် ခံစစ်မှူး မူရီယိုကို မျက်စိကျလာနေပါတယ်။

အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးဟာ မနှစ်တုန်းကမှ ဘရာဇီးကလပ်ကနေ ဖောရက်စ်ထံ ပေါင် ၁၁ သန်းဖြင့် ပြောင်းရွှေ့ လာခဲ့သူပါ။ သူဟာ အင်္ဂလန်မြေမှာ ခပ်မြန်မြန်ပဲ အသားကျလာခဲ့ပါတယ်။

ဖောရက်စ်ဘက်က ဘရာဇီးခံစစ်မှူးအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၇ဝ ထိ ဈေးသတ်မှတ်ထားတယ်။

ဒါပေမယ့် ဒီအပတ် တနင်္ဂနွေနေ့ မတိုင်ခင် သူတို့ရဲ့ ဘဏ္ဍာရေးနှစ်အတွင်း ပေါင် သန်း ၂၀ လိုငွေပြနေတာမို့ ကစားသမား ရောင်းထုတ်မှု ခပ်မြန်မြန် လုပ်ရဖွယ် ရှိပါတယ်။

ဖောရက်စ်ဘက်ကတော့ ပေါင် သန်း ၄၀ ရရင်ကို မူရီယိုကို ရောင်းထုတ်နိုင်တာကြောင့် ချယ်ဆီး၊ ဂျူဗင်တပ်နဲ့ လီဗာပူးတို့က စုံစမ်းမှု ဝင်နေသလို ဒီအပတ်ထဲ ခေါ်ယူနိုင်မယ့် အခြေအနေ စောင့်ကြည့်နေတာပါ။

ချယ်ဆီးဘက်က မူရီယိုအတွက် ငွေသားချည်း သီးသန့် ကမ်းလှမ်းမှာ မဟုတ်ဘဲ ကစားသမား ၂ ဦး အလိုက်ပေးမှုကိုပါ ထည့်သွင်း သွားဖွယ် ရှိတယ်လို့ သိရပါတယ်။