ဈေးကွက်ထဲ ခြေသွက်နေတဲ့ ချယ်ဆီးကတော့ တတိယမြောက် ကစားသမား ခေါ်ယူမှုကို အတည်ပြု ကြေညာလိုက်ပါပြီ

လက်ရှိ နွေအပြောင်းအရွှေ့မှာ ခြေသွက်နေတဲ့ ချယ်ဆီးအသင်းဟာ အက်စတွန်ဗီလာ ကွင်းလယ်လူ ကယ်လီမန်းကို ပေါင် ၁၉ သန်းဖြင့် ခေါ်ယူလိုက်ကြောင်း ကြေညာပါတယ်။

ချယ်ဆီး အသင်းဟာ ဘယ်အစွန်လူ မတ်ဆန်ကို အက်စတွန်ဗီလာအသင်းထံ ပေါင် ၃၅ သန်းဖြင့် ရောင်းချခဲ့အပြီး ၂၄ နာရီ အကြာမှာပဲ ဗီလာထံကနေ ကယ်လီမန်းကို ပြန်လည် ခေါ်ယူခဲ့တာပါ။

ကယ်လီမန်း ဟာ ချယ်ဆီးအတွက် ဒီနွေ တတိယမြောက် ကစားသမား ခေါ်ယူမှုလည်း ဖြစ်လာပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်တိုက်စစ်သမားဟာ ချယ်ဆီးအသင်းနဲ့ ၂၀၃၀ ခုနှစ်ထိ ရှိနေမယ့် ၆ နှစ်စာချုပ် လက်မှတ်ထိုးခဲ့သလို နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။

မနှစ်ကရာသီ ပရီးမီးယားလိဂ်ပွဲ ၂ ပွဲကစားခဲ့တဲ့ ကြယ်ပွင့်လေးဟာ ချယ်ဆီးအသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးမှာ အခြားသော လူသစ် ၂ ဦးနဲ့ ပါဝင်ရတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီနွေမှာပဲ ဖူလ်ဟမ်ကနေ အလွတ်ဖြင့် ထွက်လာတဲ့ အသက် ၂၆ နှစ်အရွယ် အင်္ဂလန်ခံစစ်မှူး တိုဇင်ကို ခေါ်ယူထားသလို အသက် ၁၇ နှစ်အရွယ် ဘရာဇီးကြယ်ပွင့် ဝီလီယမ်ကိုလည်း ပေါင် ၂၈ သန်းပေးပြီး ခေါ်ယူထားသေးတာပါ။

မနှစ်ကရာသီ ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့တဲ့ ချယ်ဆီးဟာ နောက်ထပ် လူသစ်တွေကို ထပ်မံ ခေါ်ယူသွားဦးမှာ ဖြစ်ပါတယ်။