ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (10/09/20)

ရန်းနက်စ်ဂိုးသမား အီဒူရတ် မန်ဒီဟာ ချယ်ဆီးအသင်း ထံ ပေါင်၂၅သန်းနဲ့ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဆီနီဂေါ ကြယ်ပွင့်ဟာ ဂိုးသမားနေရာအတွက် မေးခွန်းထုတ်စရာဖြစ်နေတဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ၅နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပါတယ်။

အီမာဆန် ပယ်မီရာရီဟာ အင်တာအတွက် ဦးစားပေး ပစ်မှတ်မဟုတ်တော့ပေမယ့် သူ့ကို အင်တာက လုံးဝ လက်လွှတ်လိုက်တာတော့ မဟုတ်ပါဘူး။ အင်တာက တောင်ပံ ခံစစ်ကစားသမားအတွက် အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ကနဦးအငှားခေါ်ဖို့ ကြိုးစားနိုင်ပြီး သူ့အတွက် တခြား ဘာ ကမ်းလှမ်းမှုမရှိခဲ့တာကြောင့် ချယ်ဆီး က အငှားချဖို့ကို လက်ခံနိုင်ဖွယ်ရှိတာလဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အန်ဂိုလိုကန်တေအတွက် အင်တာနဲ့ အတူ ပြိုင်ဆိုင်မှု လမ်းကြောင်းထဲ ဝင်ရောက်လာခဲ့ပြီး ချယ်ဆီးရဲ့ ခေါ်ဈေး ပေါင်၅၄.၅သန်းကို လိုက်လျောနိုင်ဖွယ် ရှိပါတယ်။

ချယ်ဆီး ဟာ တနင်္လာနေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကို ကစားရဖို့ရှိနေပါတယ်။ ဒါပေမယ့် ဘင်ချီဝဲဟာ လက်စတာမှာတုန်းက ရခဲ့တဲ့ ဒဏ်ရာကနေ ပြန် မကောင်းလာသေးသလို ဇီယက်ခ်ျကလဲ ခြေစမ်းပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ချယ်ဆီးဟာ ကစားသမားသစ် နှစ်ယောက် မပါဘဲ ကစားရမှာဖြစ်ပါတယ်။

ဘတ်ရှူဝါရီဟာ ချယ်ဆီး မှာ တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီးရင် ၂၀၁၈-၂၀၁၉ ရာသီ ဒုတိယရာသီဝက်တုန်းက ၁၃ပွဲကစား ၇ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပဲလေ့စ်ကို ပြန်သွားနိုင်ဖွယ်ရှိပါတယ်။ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ တီမိုဗာနာ၊ တန်မီအေဗရာဟမ်နဲ့ ဂျရူးတို့ရှိနေတာကြောင့် ဘတ်ရှူဝါရီအတွက် နေရာရဖို့မရှိတာလဲဖြစ်ပါတယ်။

ချယ်ဆီး ဟာ ဒီအပြောင်းအရွှေ့ရာသီမှာ အသုံးစရိတ်များစွာသုံးစွဲခဲ့ပြီး ဇီယက်ခ်ျ၊ ဗာနာ၊ ဘင်ချီဝဲ၊ မာလန်ဆား၊ ဆေးဗားနဲ့ ကိုင်ဟားဗတ်တို့ကို ခေါ်ယူကာ အသင်းအင်အားဖြည့်ခဲ့တဲ့နောက် သူတို့အနေနဲ့ ရာသီသစ်မှာ ပရီးမီးယားလိဂ်ဖလားအောင်မြင်နိုင်တယ်လို့ တိုက်စစ်မှူးဟောင်း ဗစ်တာ အီဇီဂျီက ယုံကြည်နေပါတယ်။

ရန်းနက်စ် အသင်းခေါင်းဆောင် ဒါမီးယန်းဒါဆေးဗားက အသင်းဖော် အီဒူရတ်မန်ဒီဟာ ချယ်ဆီး ထံ ပြောင်းရွှေ့ဖို့ထိုက်တန်တယ်လို့ ယုံကြည်နေပါတယ်။ လမ်းပတ်က စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဂိုးသမားရွေးချယ်စရာကို အစီအစဉ်ပြန်ချဖို့ မျှော်လင့်နေတာဖြစ်သလို ဆီနီဂေါဂိုးသမားဟာ ချယ်ဆီး ထံ ပြောင်းရွှေ့ဖို့နီးစပ်နေတာဖြစ်ပါတယ်။

Zawgyi – ရန္းနက္စ္ဂိုးသမား အီဒူရတ္ မန္ဒီဟာ ခ်ယ္ဆီးအသင္း ထံ ေပါင္၂၅သန္းနဲ႔ေျပာင္းေ႐ႊ႕ဖို႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ ဆီနီေဂါ ၾကယ္ပြင့္ဟာ ဂိုးသမားေနရာအတြက္ ေမးခြန္းထုတ္စရာျဖစ္ေနတဲ့ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ၅ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမွာျဖစ္ပါတယ္။

အီမာဆန္ ပယ္မီရာရီဟာ အင္တာအတြက္ ဦးစားေပး ပစ္မွတ္မဟုတ္ေတာ့ေပမယ့္ သူ႔ကို အင္တာက လုံးဝ လက္လႊတ္လိုက္တာေတာ့ မဟုတ္ပါဘူး။ အင္တာက ေတာင္ပံ ခံစစ္ကစားသမားအတြက္ အၿပီးသတ္ဝယ္ယူခြင့္ပါဝင္တဲ့ကနဦးအငွားေခၚဖို႔ ႀကိဳးစားႏိုင္ၿပီး သူ႔အတြက္ တျခား ဘာ ကမ္းလွမ္းမႈမရွိခဲ့တာေၾကာင့္ ခ်ယ္ဆီး က အငွားခ်ဖို႔ကို လက္ခံႏိုင္ဖြယ္ရွိတာလဲ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အန္ဂိုလိုကန္ေတအတြက္ အင္တာနဲ႕ အတူ ၿပိဳင္ဆိုင္မႈ လမ္းေၾကာင္းထဲ ဝင္ေရာက္လာခဲ့ၿပီး ခ်ယ္ဆီးရဲ႕ ေခၚေဈး ေပါင္၅၄.၅သန္းကို လိုက္ေလ်ာႏိုင္ဖြယ္ ရွိပါတယ္။

ခ်ယ္ဆီး ဟာ တနလၤာေန႔မွာ ဘ႐ိုက္တန္နဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲကို ကစားရဖို႔ရွိေနပါတယ္။ ဒါေပမယ့္ ဘင္ခ်ီဝဲဟာ လက္စတာမွာတုန္းက ရခဲ့တဲ့ ဒဏ္ရာကေန ျပန္ မေကာင္းလာေသးသလို ဇီယက္ခ္်ကလဲ ေျခစမ္းပြဲမွာ ဒဏ္ရာရခဲ့တာေၾကာင့္ ခ်ယ္ဆီးဟာ ကစားသမားသစ္ နွစ္ေယာက္ မပါဘဲ ကစားရမွာျဖစ္ပါတယ္။

ဘတ္ရႉဝါရီဟာ ခ်ယ္ဆီး မွာ တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုၿပီးရင္ ၂၀၁၈-၂၀၁၉ ရာသီ ဒုတိယရာသီဝက္တုန္းက ၁၃ပြဲကစား ၇ဂိုး သြင္းယူႏိုင္ခဲ့တဲ့ ပဲေလ့စ္ကို ျပန္သြားႏိုင္ဖြယ္ရွိပါတယ္။ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ တီမိုဗာနာ၊ တန္မီေအဗရာဟမ္နဲ႔ ဂ်႐ူးတို႔ရွိေနတာေၾကာင့္ ဘတ္ရႉဝါရီအတြက္ ေနရာရဖို႔မရွိတာလဲျဖစ္ပါတယ္။

ခ်ယ္ဆီး ဟာ ဒီအေျပာင္းအေ႐ႊ႕ရာသီမွာ အသုံးစရိတ္မ်ားစြာသုံးစြဲခဲ့ၿပီး ဇီယက္ခ္်၊ ဗာနာ၊ ဘင္ခ်ီဝဲ၊ မာလန္ဆား၊ ေဆးဗားနဲ႔ ကိုင္ဟားဗတ္တို႔ကို ေခၚယူကာ အသင္းအင္အားျဖည့္ခဲ့တဲ့ေနာက္ သူတို႔အေနနဲ႔ ရာသီသစ္မွာ ပရီးမီးယားလိဂ္ဖလားေအာင္ျမင္ႏိုင္တယ္လို႔ တိုက္စစ္မႉးေဟာင္း ဗစ္တာ အီဇီဂ်ီက ယုံၾကည္ေနပါတယ္။

ရန္းနက္စ္ အသင္းေခါင္းေဆာင္ ဒါမီးယန္းဒါေဆးဗားက အသင္းေဖာ္ အီဒူရတ္မန္ဒီဟာ ခ်ယ္ဆီး ထံ ေျပာင္းေ႐ႊ႕ဖို႔ထိုက္တန္တယ္လို႔ ယုံၾကည္ေနပါတယ္။ လမ္းပတ္က စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ဂိုးသမားေ႐ြးခ်ယ္စရာကို အစီအစဥ္ျပန္ခ်ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္သလို ဆီနီေဂါဂိုးသမားဟာ ခ်ယ္ဆီး ထံ ေျပာင္းေ႐ႊ႕ဖို႔နီးစပ္ေနတာျဖစ္ပါတယ္။