အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့ ဒီနွေ ပထမဆုံး ကစားသမား ခေါ်ယူမှုများ၊ ဘရိတ်ဝိတ် အတွက် ဝင်ပါလာတဲ့ စီးတီး၊ ချယ်ဆီး တိုက်စစ်သစ်နဲ့ အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ် အသင်းဟာ ဒီနွေ ပထမဆုံး ခေါ်ယူမှု အဖြစ် ဘရန့်ဖို့ဒ်ကနေ အငှားခေါ်ထားတဲ့ ဂိုးသမား ဒေးဗစ် ရာယ ာ ကို ပေါင် ၂၇ သန်းနဲ့ အပြီးသတ် ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက် ပစ်မှတ်ထား ကြိုးစားနေတဲ့ အဲဗာတန် နောက်ခံလူ ဘရိတ်ဝိတ်ကို ခေါ်ယူရေး မန်စီးတီး အသင်းကလည်း ဝင်ပါလာခဲ့ပြီ လို့ အင်္ဂလန် သတင်းတွေက ဆိုပါတယ်။ အဲဗာတန်က ၎င်းတို့ ကစားသမား အတွက် ပေါင် သန်း ၈ဝ လောက် အထိ အလိုရှိနေတာပါ။

ချယ်ဆီးအသင်းထံ ပြောင်းရွှေ့လာတဲ့ ဘာစီလိုနာ အကယ်ဒမီထွက် တိုက်စစ်သမားလေး မာ့ခ် ဂူရီ က ၎င်းဟာ အနာဂတ်မှာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှုး တစ်ဦး ဖြစ်လာချင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

နယ်သာလန် နည်းပြတွေဟာ ပရီးမီးယားလိဂ်မှာ အောင်မြင်တာ မရှိဖူးလှတာကြောင့် လီဗာပူး နည်းပြသစ် အာနယ် ဆလော့လည်း အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ယူနိုက်တက် တိုက်စစ်မှုးဟောင်းကြီး ဒွိုက်ယော့ခ်က သတိပေးလိုက်ပါတယ်။

နောက်နှစ်နွေမှာ စာချုပ်ကုန်ဆုံးတော့မယ့် နည်းပြ အာတီတာကို စာချုပ်သစ် သက်တမ်းတိုးဖို့ အာဆင်နယ်အသင်းက စတင် ဆွေးနွေးနေပါပြီ။ ဒီနှစ် အစောပိုင်းမှာ ဘာစီလိုနာဘက်က စိတ်ဝင်စားခြင်းခံခဲ့ရသေးပေမယ့် အာတီတာကတော့ အာဆင်နယ်မှာ ပျော်ရွှင်နေပါတယ်။

ဘိုလော့ညာ အသင်း ဒါရိုက်တာ ဆာတိုရီ ကတော့ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ၎င်းတို့ တိုက်စစ်မှုး ဇီရစ်ဇီး ဟာ ဒီနွေမှာ အသင်းပြောင်းဖို့ ၉၉% လောက် သေချာနေပြီး ကစားသမား စာချုပ်မှာ စာချုပ် ဖျက်သိမ်းကြေးလည်း ပါဝင်တယ် လို့ ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီနွေ ပထမဆုံး ခေါ်ယူမှုကတော့ ကွင်းလယ် ကစားသမား အမ်မရာဘတ် ဖြစ်ဖွယ် ရှိပါတယ်။

အငှား စာချုပ်ကုန်ဆုံးပြီ ဖြစ်တဲ့ ဖီအိုရင်တီးနား ကွင်းလယ် အမ်မရာဘတ်ကို ယူနိုက်တက် က အိမ်ကွင်း ဂျာစီသစ် မိတ်ဆက်ပွဲမှာ ပွဲထုတ်ခဲ့တာ ဖြစ်ပြီး ဒါဟာ အမ်မရာဘတ်ကို ဆက်ခေါ်ထားမယ့်အကြောင်း ပြသခဲ့တာလည်း ဖြစ်ပါတယ်။