ဂျာမနီနဲ့ ပွဲကျမှ ဂိုးတွေ သွင်းပြမယ့်လို့ စိန်ခေါ်လာတဲ့ ဆယ်ကျော်သက် စပိန် တိုက်စစ်သမားလေး

၂၀၂၄ ယူရိုပြိုင်ပွဲကာလ သတင်းခေါင်းစည်းပိုင်းတွေကို မကြာခဏ သိမ်းပိုက်ထားတဲ့ စပိန်အသင်းရဲ့ ၁၆ နှစ် အရွယ် ကြယ်ပွင့်လေး ရာမယ်ကတော့ ကွာတားဖိုင်နယ်ပွဲကြို ဂျာမနီ အသင်းကို စိန်ခေါ်သွားပါတယ်။

ဒီပြိုင်ပွဲမှာ ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်တဲ့ ရာမယ်ဟာ ယူရိုပြိုင်ပွဲ အုပ်စုအဆင့်မှာကော ၁၆ သင်းအဆင့်မှာပါ ကိုယ်တိုင် ဂိုးသွင်းနိုင်ခြင်း မရှိသေးပါဘူး။

စပိန်က ဂျော်ဂျီယာကို ၄-၁ ဖြင့် အနိုင်ရတဲ့ ပွဲမှာ ရာမယ်က ဂိုးသွင်းနိုင်လုဖြစ်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမား ကာကွယ်သွားခြင်းကို ခံခဲ့ရပါတယ်။

ယူရိုမှာ ဂိုးမရသေးခြင်းအတွက် မေးခံရချိန်မှာ ဆယ်ကျော်သက် စပိန်သားလေးက အခုလို ပြောဆိုလာခဲ့တာပါ။

“ အနိုင်ရလဒ်အတွက် ပျော်တယ်လေ။ ကွာတားဖိုင်နယ် ရောက်သွားတာအတွက် ပျော်ပါတယ်။ နောက်ပွဲ ပါဝင်ကစားဖို့ ကျနော် စိတ်အားထက်သန်နေပါပြီ။

ဒီပွဲမှာ (ဂျော်ဂျီယာ) ဂိုးသွင်းချင်တာပေါ့။ ဒါပေမယ့် ကျနော်ရဲ့ ဂိုးတွေကို ဂျာမနီပွဲအတွက် ဥထားလိုက်ပါမယ် ” လို့ ရာမယ်က စပိန်သတင်းဌာနကို ဖြေဆိုသွားတာ ဖြစ်ပါတယ်။