နီကိုး ဝီလီယံအတွက် ချယ်ဆီးရဲ့ လစာ ၃ ဆ၊ ရက်ဖို့ဒ်အတွက် နားစွင့်မယ့် ယူနိုက်တက်၊ အာရာဂျို၊ ရီကာဒို၊ အီဒါဆန် တို့နဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ တိုက်စစ်မှုး ရက်ဖို့ဒ်အတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ထားပြီး လက်ခံစဉ်းစားသွားမှာ ဖြစ်တယ်လို့ မန်ချက်စတာ ညနေခင်း သတင်းက ဖော်ထုတ်လိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ ခံစစ်သမား အာရာဂျိုအတွက် ယူရို သန်း ၁၀၀ ရမယ်ဆိုရင် အသင်းပြောင်းခွင့်ပေးမှာပါ။ အာရာဂျို ကို ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်နဲ့ ယူနိုက်တက်တို့က သူတို့ ကစားသမားကို သဘောကျနေတယ်လို့ ဘာစီလိုနာဘက် သိထားပါတယ်။

လီဗာပူး အသင်း ပစ်မှတ်ထားနေတဲ့ PSV တောင်ပံ တိုက်စစ်သမား ဘာကာယိုကို ကို အာဆင်နယ်ကလည်း ချိန်ရွယ်နေပြီး သေချာတဲ့ဆွေးနွေးမှုတွေတော့ ဂန်းနားတွေက မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။

ဘိုလော့ညာ အသင်းရဲ့ အီတလီသား ခံစစ်မှူး ရီကာဒို ကယ်လာဖီအိုရီကို ခေါ်နိုင်ဖို့ ပီအက်စ်ဂျီ၊ ချယ်ဆီးတို့ကို ကျော်ပြီး အာဆင်နယ်အသင်း ရေပန်းစားလာနေပြီ ဖြစ်ပါတယ်။

စီးတီးနောက်ခံလူ ကန်ဆယ်လို ကို အပြီးသတ် မခေါ်ယူနိုင်ရင် ဘာစီလိုနာ အသင်းက ပလန်ဘီ အနေနဲ့ ယူနိုက်တက် အစွန် နောက်ခံလူ ဝမ်ဘစ်ဆာကာ ကို ခေါ်ဖို့ ပစ်မှတ်ထားနေပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ဗဟိုခံစစ်၊ ကွင်းလယ်ခံစစ်နဲ့ တိုက်စစ် စတဲ့ ၃ နေရာ အတွက် လူသစ် ခေါ်ယူအင်အားဖြည့်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

ဆော်ဒီကလပ် အယ်နာဆာ အသင်းဟာ မန်စီးတီး ဂိုးသမား အီဒါဆန်ကို ယူရို သန်း ၆၀ ပေးမယ့် နှစ်နှစ်စာချုပ် ကမ်းလှမ်းထားပါတယ်။

အက်သလစ်ဘီဘာအို တိုက်စစ်သမား နီကိုး ဝီလီယံကို ခေါ်ယူဖို့ ချယ်ဆီးအသင်းဟာ ကစားသမားကို လက်ရှိ လစာရဲ့ ၃ ဆ အဖြစ် တစ်နှစ် လုပ်ခ ယူရို ၁၅ သန်းထိ ပေးကာ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း စပိန်သတင်းတွေက ဆိုပါတယ်။