ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (10/09/20)

အူပါမီကာနိုဟာ လိုက်ပ်ဇ်နဲ့ စာချုပ်သက်တမ်းတိုးခဲ့ပေမယ့်လဲ ယူနိုက်တက်ထံပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ဆက်ရှိနေပါတယ်။ ဒါပေမယ့် နည်းပြ နာဂျယ်မန်းကတော့ ပြင်သစ်သားကို ဒီနွေမှာ ရောင်းချမှာမဟုတ်ပဲ ရာသီသစ်အတွက် အသင်းမှာ ဆက်ထိန်းထားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဩဂုတ်လမှာ ဒေါ့မွန်ထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၉၀+ အပိုဆုကြေး ၁၈သန်းနဲ့ ကမ်းလှမ်းခဲ့ပြီးနောက် ဂျေဒန်ဆန်ချိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ တစ်ပတ်လုပ်ခ ပေါင်၂သိန်းခွဲနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ အေးဂျင့်ကြေးအတွက် ဆွေးနွေးနေဆဲဖြစ်ပေမယ့် ယူနိုက်တက်ဟာ အသက်၂၀အရွယ် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရထားခဲ့တာမို့ အပြောင်းအရွှေ့မှာ အလားအလာကောင်းတွေ ရှိနေပါတယ်။

ယူနိုက်တက် ယူ၂၁ အသင်းဟာ EFL ဖလားပြိုင်ပွဲမှာ ဆဲလ်ဖို့ဒ်စီးတီးကို ၆ဂိုးပြတ် အနိုင်ရရှိခဲ့သလို ယူနိုက်တက်ရဲ့ ၉၂မျိုးဆက်တွေဖြစ်ပြီး လိဂ်တူးကလပ်ရဲ့ ရှယ်ယာဝင်တွေဖြစ်တဲ့ ဂယ်ရီနဗီးနဲ့ ရိုင်ယန်ဂစ်တို့ဟာ ဒီပွဲကို ပွဲကြည့်စင်ကနေ လာရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကူလီဘာလီအတွက် ကမ်းလှမ်းမှုအသစ် ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ နာပိုလီ ကြယ်ပွင့်ကို ခေါ်ယူနိုင်ရေးမှာ သရဲနီတွေအနေနဲ့ စီးတီးရဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ရနိုင်ပေမယ့် မန်စီးတီးဟာ နာပိုလီနဲ့ဆက်ဆံရေးစွန်းထင်းမှု ရှိတာကြောင့် ယူနိုက်တက်အတွက် အခွင့်အရေးပိုရှိနိုင်တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၇ မှာ ဟိုဆေးမော်ရင်ညိုလက်အောက် ယူရိုပါလိဂ် ရပြီးကတည်းက ဖလားလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပေမယ့် မနှစ်က ဒုတိယ ရာသီဝက်မှာ ပုံစံကောင်းရရှိခဲ့ပြီး အဆင့်၃နေရာမှာ ရပ်တည်နိုင်ခဲ့တာနဲ့အတူ နောက်နှစ်မှာ ဖလားမိုးခေါင်မှုကို အဆုံးသတ်ဖို့အပြင် ထိပ်ဆုံး ၂သင်းထဲဝင်ဖို့လဲ လိုအပ်တယ်လို့ ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ် ရာသီသစ်မှာ ၎င်းရဲ့ပထမဦးစားပေး ကွင်းလယ်ခံစစ်အနေန့ မက်တော်မီနေးကို စဉ်းစားနေပါတယ်။ အပြောင်းအရွှေ့ကာလ မတိုင်ခင်က ယူနိုက်တက်ဟာအဆိုပါနေရာအတွက် ဂျုဒ် ဘယ်လင်ဂမ်ကို လျာထားခဲ့ပေမယ့် လူငယ် ကစားသမားကို ဒေါ့မွန်ထံ လက်လွှတ်ခဲ့ရတဲ့နောက် အစီအစဉ်ပြောင်းပြီး တော်မီနေးကို နေရာပေးဖို့ လုပ်ခဲ့ရတာဖြစ်ပါတယ်။

Zawgyi – အူပါမီကာႏိုဟာ လိုက္ပ္ဇ္နဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့ေပမယ့္လဲ ယူႏိုက္တက္ထံေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္မႈေတြ ဆက္ရွိေနပါတယ္။ ဒါေပမယ့္ နည္းျပ နာဂ်ယ္မန္းကေတာ့ ျပင္သစ္သားကို ဒီေႏြမွာ ေရာင္းခ်မွာမဟုတ္ပဲ ရာသီသစ္အတြက္ အသင္းမွာ ဆက္ထိန္းထားမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဩဂုတ္လမွာ ေဒါ့မြန္ထံ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၉၀+ အပိုဆုေၾကး ၁၈သန္းနဲ႔ ကမ္းလွမ္းခဲ့ၿပီးေနာက္ ေဂ်ဒန္ဆန္ခ်ိဳဟာ အိုးလ္ထရက္ဖို႔ဒ္မွာ တစ္ပတ္လုပ္ခ ေပါင္၂သိန္းခြဲနဲ႔ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ပါတယ္။ ေအးဂ်င့္ေၾကးအတြက္ ေဆြးေႏြးေနဆဲျဖစ္ေပမယ့္ ယူႏိုက္တက္ဟာ အသက္၂၀အ႐ြယ္ ကစားသမားနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈရထားခဲ့တာမို႔ အေျပာင္းအေ႐ႊ႕မွာ အလားအလာေကာင္းေတြ ရွိေနပါတယ္။

ယူႏိုက္တက္ ယူ၂၁ အသင္းဟာ EFL ဖလားၿပိဳင္ပြဲမွာ ဆဲလ္ဖို႔ဒ္စီးတီးကို ၆ဂိုးျပတ္ အႏိုင္ရရွိခဲ့သလို ယူႏိုက္တက္ရဲ႕ ၉၂မ်ိဳးဆက္ေတြျဖစ္ၿပီး လိဂ္တူးကလပ္ရဲ႕ ရွယ္ယာဝင္ေတြျဖစ္တဲ့ ဂယ္ရီနဗီးနဲ႔ ႐ိုင္ယန္ဂစ္တို႔ဟာ ဒီပြဲကို ပြဲၾကည့္စင္ကေန လာေရာက္ၾကည့္ရႈခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ကူလီဘာလီအတြက္ ကမ္းလွမ္းမႈအသစ္ ျပဳလုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔သိရပါတယ္။ နာပိုလီ ၾကယ္ပြင့္ကို ေခၚယူႏိုင္ေရးမွာ သရဲနီေတြအေနနဲ႔ စီးတီးရဲ႕ ယွဥ္ၿပိဳင္မႈကို ရင္ဆိုင္ရႏိုင္ေပမယ့္ မန္စီးတီးဟာ နာပိုလီနဲ႔ဆက္ဆံေရးစြန္းထင္းမႈ ရွိတာေၾကာင့္ ယူႏိုက္တက္အတြက္ အခြင့္အေရးပိုရွိႏိုင္တာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ၂၀၁၇ မွာ ဟိုေဆးေမာ္ရင္ညိဳလက္ေအာက္ ယူ႐ိုပါလိဂ္ ရၿပီးကတည္းက ဖလားလက္မဲ့ျဖစ္ေနခဲ့တာျဖစ္ေပမယ့္ မႏွစ္က ဒုတိယ ရာသီဝက္မွာ ပုံစံေကာင္းရရွိခဲ့ၿပီး အဆင့္၃ေနရာမွာ ရပ္တည္ႏိုင္ခဲ့တာနဲ႔အတူ ေနာက္ႏွစ္မွာ ဖလားမိုးေခါင္မႈကို အဆုံးသတ္ဖို႔အျပင္ ထိပ္ဆုံး ၂သင္းထဲဝင္ဖို႔လဲ လိုအပ္တယ္လို႔ ဂယ္ရီနဗီးက ယုံၾကည္ေနပါတယ္။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ပရီးမီးယားလိဂ္ ရာသီသစ္မွာ ၎ရဲ႕ပထမဦးစားေပး ကြင္းလယ္ခံစစ္အေနန႔ မက္ေတာ္မီေနးကို စဥ္းစားေနပါတယ္။ အေျပာင္းအေ႐ႊ႕ကာလ မတိုင္ခင္က ယူႏိုက္တက္ဟာအဆိုပါေနရာအတြက္ ဂ်ဳဒ္ ဘယ္လင္ဂမ္ကို လ်ာထားခဲ့ေပမယ့္ လူငယ္ ကစားသမားကို ေဒါ့မြန္ထံ လက္လႊတ္ခဲ့ရတဲ့ေနာက္ အစီအစဥ္ေျပာင္းၿပီး ေတာ္မီေနးကို ေနရာေပးဖို႔ လုပ္ခဲ့ရတာျဖစ္ပါတယ္။