ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (10/09/20)

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲတွေ စတင်ချိန်မှာ နားရက် ရထားဆဲ ဖြစ်ပြီး နောက်တစ်ပတ်မှာ ပွဲစဉ် ၁ စတင် ကစားရမှာ ဖြစ်ပေမယ့် လာမယ့် စနေနေ့မှာ အက်စတွန်ဗီလာ အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားပါတယ်။

အသက် ၁၉ နှစ် အရွယ် ယူနိုက်တက် လူငယ် ဗဟိုခံစစ်မှူး မန်ဂီဟာ ပထမအသင်းကြီးမှာ ပါဝင်ကစားဖို့ အသင့် အနေအထား ရှိနေပြီ ဖြစ်ကြောင်း နည်းပြ ဆိုးရှားက ချီးကျူးပြောဆိုခဲ့ပါတယ်။ မန်ဂီဟာ ပြီးခဲ့တဲ့ သြဂုတ်လထဲက လက်စ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲမှာ လူစားဝင် ကစားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ခရစ်စမောလင်းကို မလိုအပ်ပေမယ့် သူ့ရဲ့ ဈေးကွက်တန်ကြေးကလဲ မမြင့်မားသည့်တိုင်အောင် ရိုးမားနဲ့ အပြောင်းရွှေ့ သဘောတူညီမှု မရခဲ့တာကြောင့် ကစားသမားက အိုးလ်ထရက်ဖို့ဒ် သို့ ပြန်ရောက်လာခဲ့ပါတယ်။ သူ့အတွက် ယူနိုက်တက် ပထမအသင်းကို ရောက်ဖို့ အလားအလာ မရှိတာကြောင့် စမောလင်းဟာ ဒီတစ်ပတ်ထဲမှာရိုးမားကို ပြန်ဖို့ကိစ္စကို အပြီးသတ်လိုနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ တိုးတက်လာနေပြီး လီဗာပူးကို အမှီလိုက်လာနေကြောင်း ခံစစ်မှူးဟောင်းကြီး ကာရေဂါက ဝန်ခံပြောဆိုလိုက်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဓိက ပြိုင်ဘက်ကတော့ မန်စီးတီးသာ ဖြစ်နေဆဲလို့ ၎င်းက ဆိုပါတယ်။

ဒေါ့မွန်ကသာ ဆန်ချို ရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချ ညှိနှိုင်းမပေးဘူး ဆိုရင် ယူနိုက်တက်က နောက်တစ်နှစ် ထပ်စောင့် ဦးမှာ ဖြစ်ပြီး နောက်နှစ် နွေမှာတော့ အခြား ပြိုင်ဘက်အသင်းများနဲ့ အတူ ပြိုင်ဆိုင် ကြိုးစားသွားမှာ ဖြစ်ကြောင်း စကိုင်းစပေါ့ သတင်းက ဖော်ပြထားပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကတော့ လာမယ့် ဘောလုံးရာသီမှာ ပြီးခဲ့တဲ့ ရာသီကထက် ပိုကောင်းတဲ့ ပုံစံနဲ့ သူ ကစားနိုင်ရမှာ ဖြစ်တယ်လို့ ရာသီမစခင် ကြုံးဝါး ပြောဆိုခဲ့ပါတယ်။ ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီ ခြေစွမ်းပြ ဂိုးတွေ သွင်းခဲ့ပေမယ့် ဇွန်လ ပွဲတွေ ပြန်စချိန်မှာတော့ ခြေစွမ်း အနည်းငယ် တုန့်ဆိုင်းသွားခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ ပြဲေတြ စတင္ခ်ိန္မွာ နားရက္ ရထားဆဲ ျဖစ္ျပီး ေနာက္တစ္ပတ္မွာ ပြဲစဥ္ ၁ စတင္ ကစားရမွာ ျဖစ္ေပမယ့္ လာမယ့္ စေနေန႔မွာ အက္စတြန္ဗီလာ အသင္းနဲ႕ ေျခစမ္းပြဲ ကစားဖို႔ စီစဥ္ထားပါတယ္။

အသက္ ၁၉ နွစ္ အရြယ္ ယူနိုက္တက္ လူငယ္ ဗဟိုခံစစ္မွဴး မန္ဂီဟာ ပထမအသင္းၾကီးမွာ ပါ၀င္ကစားဖို႔ အသင့္ အေနအထား ရွိေနျပီ ျဖစ္ေၾကာင္း နည္းျပ ဆိုးရွားက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။ မန္ဂီဟာ ျပီးခဲ့တဲ့ ၾသဂုတ္လထဲက လက္စ္အသင္းနဲ႕ ယူရိုပါလိဂ္ပြဲမွာ လူစား၀င္ ကစားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ခရစ္စေမာလင္းကို မလိုအပ္ေပမယ့္ သူ႔ရဲ႕ ေဈးကြက္တန္ေၾကးကလဲ မျမင့္မားသည့္တိုင္ေအာင္ ႐ိုးမားနဲ႔ အေျပာင္းေ႐ႊ႕ သေဘာတူညီမႈ မရခဲ့တာေၾကာင့္ ကစားသမားက အိုးလ္ထရက္ဖို႔ဒ္ သို႔ ျပန္ေရာက္လာခဲ့ပါတယ္။ သူ႔အတြက္ ယူႏိုက္တက္ ပထမအသင္းကို ေရာက္ဖို႔ အလားအလာ မရွိတာေၾကာင့္ စေမာလင္းဟာ ဒီတစ္ပတ္ထဲမွာ႐ိုးမားကို ျပန္ဖို႔ကိစၥကို အၿပီးသတ္လိုေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ ဟာ တိုးတက္လာေနျပီး လီဗာပူးကို အမွီလိုက္လာေနေၾကာင္း ခံစစ္မွဴးေဟာင္းၾကီး ကာေရဂါက ၀န္ခံေျပာဆိုလိုက္ျပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ အဓိက ျပိဳင္ဘက္ကေတာ့ မန္စီးတီးသာ ျဖစ္ေနဆဲလို႔ ၄င္းက ဆိုပါတယ္။

ေဒါ့မြန္ကသာ ဆန္ခ်ိဳ ရဲ႕ ေျပာင္းေရႊ႕ေၾကးကို ေလွ်ာ့ခ် ညွိနိႈင္းမေပးဘူး ဆိုရင္ ယူနိုက္တက္က ေနာက္တစ္နွစ္ ထပ္ေစာင့္ ဦးမွာ ျဖစ္ျပီး ေနာက္နွစ္ ေႏြမွာေတာ့ အျခား ျပိဳင္ဘက္အသင္းမ်ားနဲ႕ အတူ ျပိဳင္ဆုိင္ ၾကိဳးစားသြားမွာ ျဖစ္ေၾကာင္း စကိုင္းစေပါ့ သတင္းက ေဖာ္ျပထားပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ကေတာ့ လာမယ့္ ေဘာလံုးရာသီမွာ ျပီးခဲ့တဲ့ ရာသီကထက္ ပိုေကာင္းတဲ့ ပံုစံနဲ႕ သူ ကစားနုိင္ရမွာ ျဖစ္တယ္လို႔ ရာသီမစခင္ ၾကံဳး၀ါး ေျပာဆိုခဲ့ပါတယ္။ ရက္ဖို႔ဒ္ဟာ ျပီးခဲ့တဲ့ ရာသီ ေျခစြမ္းျပ ဂိုးေတြ သြင္းခဲ့ေပမယ့္ ဇြန္လ ပြဲေတြ ျပန္စခ်ိန္မွာေတာ့ ေျခစြမ္း အနည္းငယ္ တုန္႔ဆိုင္းသြားခဲ့ပါတယ္။