ယူရိုမှာ အတူခြေစွမ်းပြနေတဲ့ နီကိုး ဝီလီယံကို ချယ်ဆီးအသင်းထံ ပြောင်းလာဖို့ ကူကူရယ်လာက အနီးကပ် စည်းရုံးနေတယ်လို့ သိရပါတယ်။
လာဇီယိုအသင်းက ပေါင် ၁၇ သန်းပဲ ပေးတဲ့ ဂရင်းဝုဒ်ကို ကြားဖြတ် ခေါ်ယူနိုင်မယ်လို့ ပြင်သစ်ကလပ် မာဆေးအသင်းက ယုံကြည်မှု ရှိလာနေပါတယ်။
ဒေးဗစ် ရာယာ ကို အပြီး ဝယ်ယူလိုက်ပြီးနောက် အာဆင်နယ်အသင်းဟာ ဂိုးသမား ရမ်းဒယ်ကို ဆက်ထိန်းထားလိုပေမယ့် ဒီနွေမှာ အငှားစာချုပ်ဖြင့် ထွက်ခွာခွင့် ပေးနိုင်ပါတယ်။
ယူနိုက်တက်ဟာ တိုက်စစ်မှူး ဇီရီဇီးနဲ့ ခံစစ်မှူး ဒီလစ်တို့ နှစ်ဦးလုံးအတွက် ညိနှိုင်းစကားပြောမှုမှာ အခြေအနေကောင်းကို ပိုင်ဆိုင်လာနေပါတယ်။
အာဆင်နယ်အသင်းက ခံစစ်မှူး ရီကာဒို ကယ်လာဖီအိုရီ အတွက် တစ်နှစ်ကို လုပ်ခ ယူရို ၄ သန်းပဲ ပေးချေရမှာဖြစ်ပါတယ်။
နာပိုလီ အသင်းနဲ့ ချယ်ဆီးတို့ဟာ အိုဆင်မန်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၁ဝ အောက်နဲ့ လုပ်ဆောင်နိုင်ဖို့ ညှိနှိုင်း စကားပြောနေကြပါတယ်။
လီဗာပူးအသင်းဟာ လူသစ် ခေါ်ယူမှုတွေ ပြုလုပ်မှာဖြစ်ပေမယ့် ကစားသမားသစ် အများကြီး ရောက်လာတာမျိုး ဖြစ်လာမှာတော့ မဟုတ်ကြောင်း နည်းပြသစ် အာနယ် ဆလော့က ပြောဆိုလိုက်ပါတယ်။
ဂျူဗင်တပ်အသင်းဟာ တိုက်စစ်သမား ချီယေဆာကို ယူရို ၂၅ သန်းနဲ့တင် ထွက်ခွာခွင့် ပေးသွားမှာဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ထုတ်ဖော်လိုက်ပါတယ်။
ခံစစ်မှူး ယိုရိုဟာ ရီးရဲလ်မက်ဒရစ် ထံ ပြောင်းရွှေ့နိုင်ရေး လိုင်လီအသင်းထံက ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပါတယ်။ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရင် ကြားဝင်ဖို့ရာ လီဗာပူးနဲ့ ပီအက်စ်ဂျီက အဆင့်သင့် ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကင်မစ်ဟာ ပရီးမီးယားလိဂ် ကလပ်တွေထက် ပီအက်စ်ဂျီအသင်းကို ရောက်သွားဖို့ ပိုမို အခွင့်အရေး များနေပါတယ်။