ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (10/09/20)

ပီအက်စ်ဂျီဟာ အာဆင်နယ် ကစားသမား ဂွမ်ဒူဇီကို ခေါ်ယူဖို့အတွက် ဂျူလီယန် ဒရက်ဇလာကို အလိုက်ပေး ကမ်းလှမ်းဖို့ဆန္ဒရှိနေပါတယ်။ ဂျာမန်သားဟာ နောက်နွေရာသီမှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး ဖရီးအေးဂျင့်ဖြစ်တော့မှာမို့ လီဂူးဝမ်းကလဲ ယခုအပြောင်းအရွှေ့မှာ သူ့ကို ရောင်းထုတ်ဖို့ အလိုရှိနေတာလဲဖြစ်ပါတယ်။

အီမီလီယာနို မာတီနက်ဟာ အက်စ်တွန်ဗီလာနဲ့ သတင်းတွေထွက်နေတဲ့ကြားက အာဆင်နယ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ အသက် ၂၈နှစ်အရွယ် ဂိုးသမားဟာ ၂၀၁၀ ကတည်းက အာဆင်နယ်မှာ ရှိနေခဲ့တာဖြစ်ပေမယ့် မနှစ်က ဒုတိယရာသီဝက်မှာ လီနို ဒဏ်ရာရမှသာ ပွဲကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဟောက်ဆမ် အေအူရာဟာ ဒီနွေမှာ အာဆင်နယ်အတွက် ထိပ်တန်းပစ်မှတ်တစ်ခုဖြစ်ပြီး ဂန်းနားတွေက အပြောင်းအရွှေ့ရာသီမပိတ်ခင် သူ့ကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေးကို ဆွေးနွေးနေပါတယ်။ အာဆင်နယ်က ဂွမ်ဒူဇီကိုပေးပြီးတော့တောင် ကမ်းလှမ်းမှုလုပ်ခဲ့ပေမယ့် လိုင်ယွန်က ပယ်ချခဲ့တာဖြစ်ပြီး တခြား ကမ်းလှမ်းမှုမရှိလာရင်တောင် အာဆင်နယ်ကို လျှော့ဈေးနဲ့ပေးဖို့ စဉ်းစားနိုင်ပါတယ်။

အိုဇေးက နည်းပြ အာတီတာ သူ့ကိုရွေးချယ်မယ်ဆိုရင် အာဆင်နယ်ရဲ့ ရာသီအဖွင့်ပွဲကို ကစားပေးဖို့ အဆင်သင့်ပါပဲ လို့ ပြောဆိုခဲ့ပါတယ်။ ဂျာမန်သား ဟာ အာတီတာ စရောက်လာချိန်တုန်းက သူ့ရဲ့အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပေမယ့် နည်းပြ အလိုရှိသလို မစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နောက် အာတီတာရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အိုဇေးဟာ ၎င်းရဲ့စိတ်ကြိုက် အကောင်းဆုံး ၁၁ယောက် လူစာရင်းမှာ မက်ဆီကို ချန်လှပ်ခဲ့ပြီး အာဆင်နယ်က ကစားသမားတစ်ယောက်သာ ထည့်သွင်းခဲ့ပါတယ်။ အိုဇေးရဲ့စိတ်ကြိုက်အသင်းမှာတော့ ကာဆီးလက်၊ ဖီးလစ်လမ်း၊ ရာမို့စ်၊ ဘိုတန်၊ ဇာဘီအလွန်ဆို၊ ကာဇိုလာ၊ ဒီမာရီယာ၊ ကာကာ၊ စီရော်နယ်ဒိုနဲ့ ဘန်ဇီးမားတို့ ပါဝင်ခဲ့ကြပါတယ်။

လာကာဇက်ဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာနိုင်တဲ့ ထင်ကြေးပေးမှုတွေ မြင့်တက်နေတဲ့ကြားက အာဆင်နယ်မှာ သူ့ရဲ့နေရာနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း လုပ်ဖို့အလိုရှိနေပါတယ်။ အက်သလက်တီကိုနဲ့ ဂျူဗင်တပ်တို့က သူ့ကို စိတ်ဝင်စားခဲ့ကြပေမယ့် အာဆင်နယ် သတ်မှတ်ထားတဲ့ ပေါင် သန်း၄၀ ကို မပေးလိုတာကြောင့် လက်ရှောင်ခဲ့ကြပါတယ်။

အာဆင်နယ်ဟာ ဟက်တာဘယ်လာရင်ရဲ့ အပြောင်းအရွှေ့အတွက် ဘာစီလိုနာနဲ့စကားပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်၊ ဘာကာတို့က စိတ်ဝင်စားနေတဲ့ ဘယ်လာရင်အတွက် ဂန်းနားတွေက ပေါင် ၃၅သန်း တောင်းဆိုနိုင်ပေမယ့် လက်ရှိ ဈေးကွက် အနေအထား အရ သန်း၃၀ ဝန်းကျင်လောက်သာ ရရှိနိုင်တာဖြစ်ပါတယ်။

ဒေးဗစ်လူးဝစ် ဟာ လည်ပင်းဒဏ်ရာ ရရှိခဲ့တဲ့နောက် စနေနေ့ ဖူလ်ဟမ်နဲ့ပွဲကို လွဲချော်နိုင်ဖွယ်ရှိပြီး ဗဟိုခံစစ်နေရာအတွက် ဝီလီယံ ဆလီဘာက အခွင့်အရေးရနိုင်ပါတယ်။ ဆလီဘာဟာ ပြီးခဲ့တဲ့ ရာသီကုန်ကတည်းက အာဆင်နယ်နဲ့ လေ့ကျင့်ရေး ဆင်းနေခဲ့တာဖြစ်ပြီး ကလပ်ရဲ့ ခြေစမ်းပွဲတွေမှာ ပါဝင်ခဲ့သလို ကွန်မြူနတီဒိုင်းမှာလဲ အရန်စာရင်းထဲ ပါဝင်ခဲ့ပါတယ်။

Zawgyi – ပီအက္စ္ဂ်ီဟာ အာဆင္နယ္ ကစားသမား ဂြမ္ဒူဇီကို ေခၚယူဖို႔အတြက္ ဂ်ဴလီယန္ ဒရက္ဇလာကို အလိုက္ေပး ကမ္းလွမ္းဖို႔ဆႏၵရွိေနပါတယ္။ ဂ်ာမန္သားဟာ ေနာက္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္မွာျဖစ္ၿပီး ဖရီးေအးဂ်င့္ျဖစ္ေတာ့မွာမို႔ လီဂူးဝမ္းကလဲ ယခုအေျပာင္းအေ႐ႊ႕မွာ သူ႔ကို ေရာင္းထုတ္ဖို႔ အလိုရွိေနတာလဲျဖစ္ပါတယ္။

အီမီလီယာႏို မာတီနက္ဟာ အက္စ္တြန္ဗီလာနဲ႔ သတင္းေတြထြက္ေနတဲ့ၾကားက အာဆင္နယ္ရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ပါတယ္။ အသက္ ၂၈ႏွစ္အ႐ြယ္ ဂိုးသမားဟာ ၂၀၁၀ ကတည္းက အာဆင္နယ္မွာ ရွိေနခဲ့တာျဖစ္ေပမယ့္ မႏွစ္က ဒုတိယရာသီဝက္မွာ လီႏို ဒဏ္ရာရမွသာ ပြဲကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ေဟာက္ဆမ္ ေအအူရာဟာ ဒီေႏြမွာ အာဆင္နယ္အတြက္ ထိပ္တန္းပစ္မွတ္တစ္ခုျဖစ္ၿပီး ဂန္းနားေတြက အေျပာင္းအေ႐ႊ႕ရာသီမပိတ္ခင္ သူ႔ကို ေခၚယူႏိုင္ဖို႔ ေျပာင္းေ႐ႊ႕ေၾကးကို ေဆြးေႏြးေနပါတယ္။ အာဆင္နယ္က ဂြမ္ဒူဇီကိုေပးၿပီးေတာ့ေတာင္ ကမ္းလွမ္းမႈလုပ္ခဲ့ေပမယ့္ လိုင္ယြန္က ပယ္ခ်ခဲ့တာျဖစ္ၿပီး တျခား ကမ္းလွမ္းမႈမရွိလာရင္ေတာင္ အာဆင္နယ္ကို ေလွ်ာ့ေဈးနဲ႔ေပးဖို႔ စဥ္းစားႏိုင္ပါတယ္။

အိုေဇးက နည္းျပ အာတီတာ သူ႔ကိုေ႐ြးခ်ယ္မယ္ဆိုရင္ အာဆင္နယ္ရဲ႕ ရာသီအဖြင့္ပြဲကို ကစားေပးဖို႔ အဆင္သင့္ပါပဲ လို႔ ေျပာဆိုခဲ့ပါတယ္။ ဂ်ာမန္သား ဟာ အာတီတာ စေရာက္လာခ်ိန္တုန္းက သူ႔ရဲ႕အဓိက အစိတ္အပိုင္းတစ္ခုျဖစ္ခဲ့ေပမယ့္ နည္းျပ အလိုရွိသလို မစြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ ေနာက္ အာတီတာရဲ႕ လ်စ္လ်ဴရႈျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

အိုေဇးဟာ ၎ရဲ႕စိတ္ႀကိဳက္ အေကာင္းဆုံး ၁၁ေယာက္ လူစာရင္းမွာ မက္ဆီကို ခ်န္လွပ္ခဲ့ၿပီး အာဆင္နယ္က ကစားသမားတစ္ေယာက္သာ ထည့္သြင္းခဲ့ပါတယ္။ အိုေဇးရဲ႕စိတ္ႀကိဳက္အသင္းမွာေတာ့ ကာဆီးလက္၊ ဖီးလစ္လမ္း၊ ရာမို႔စ္၊ ဘိုတန္၊ ဇာဘီအလြန္ဆို၊ ကာဇိုလာ၊ ဒီမာရီယာ၊ ကာကာ၊ စီေရာ္နယ္ဒိုနဲ႔ ဘန္ဇီးမားတို႔ ပါဝင္ခဲ့ၾကပါတယ္။

လာကာဇက္ဟာ ဒီေႏြမွာ အသင္းကေန ထြက္ခြာႏိုင္တဲ့ ထင္ေၾကးေပးမႈေတြ ျမင့္တက္ေနတဲ့ၾကားက အာဆင္နယ္မွာ သူ႔ရဲ႕ေနရာနဲ႔ပတ္သက္လို႔ ရွင္းရွင္းလင္းလင္း လုပ္ဖို႔အလိုရွိေနပါတယ္။ အက္သလက္တီကိုနဲ႔ ဂ်ဴဗင္တပ္တို႔က သူ႔ကို စိတ္ဝင္စားခဲ့ၾကေပမယ့္ အာဆင္နယ္ သတ္မွတ္ထားတဲ့ ေပါင္ သန္း၄၀ ကို မေပးလိုတာေၾကာင့္ လက္ေရွာင္ခဲ့ၾကပါတယ္။

အာဆင္နယ္ဟာ ဟက္တာဘယ္လာရင္ရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ဘာစီလိုနာနဲ႔စကားေျပာဆိုမႈေတြ လုပ္ခဲ့တယ္လို႔သိရပါတယ္။ ဂ်ဴဗင္တပ္၊ ပီအက္စ္ဂ်ီ၊ ဘိုင္ယန္၊ ဘာကာတို႔က စိတ္ဝင္စားေနတဲ့ ဘယ္လာရင္အတြက္ ဂန္းနားေတြက ေပါင္ ၃၅သန္း ေတာင္းဆိုႏိုင္ေပမယ့္ လက္ရွိ ေဈးကြက္ အေနအထား အရ သန္း၃၀ ဝန္းက်င္ေလာက္သာ ရရွိႏိုင္တာျဖစ္ပါတယ္။

ေဒးဗစ္လူး၀စ္ ဟာ လည္ပင္းဒဏ္ရာ ရရွိခဲ့တဲ့ေနာက္ စေနေန႔ ဖူလ္ဟမ္နဲ႔ပြဲကို လြဲေခ်ာ္ႏိုင္ဖြယ္ရွိၿပီး ဗဟိုခံစစ္ေနရာအတြက္ ဝီလီယံ ဆလီဘာက အခြင့္အေရးရႏိုင္ပါတယ္။ ဆလီဘာဟာ ၿပီးခဲ့တဲ့ ရာသီကုန္ကတည္းက အာဆင္နယ္နဲ႔ ေလ့က်င့္ေရး ဆင္းေနခဲ့တာျဖစ္ၿပီး ကလပ္ရဲ႕ ေျခစမ္းပြဲေတြမွာ ပါဝင္ခဲ့သလို ကြန္ျမဴနတီဒိုင္းမွာလဲ အရန္စာရင္းထဲ ပါဝင္ခဲ့ပါတယ္။