ဂူရီကို အငှားပြန်ချတော့မယ့် ချယ်ဆီး၊ နီကိုး ဝီလီယမ်ကို ရတော့မယ့် ဘာစီလိုနာ၊ ပယ်ချခံရတဲ့ ဂန်းနားတို့ ကမ်းလှမ်းမှုနဲ့ အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးအသင်းဟာ ဘာစီလိုနာကနေ ခေါ်ယူခဲ့တဲ့ တိုက်စစ်သမား မာ့ ဂူရီ ကို လာလီဂါကလပ် ဆီးဗီးလာအသင်းထံ အငှားချဖို့ စီစဉ်နေပါပြီ။

ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဂျီရိုနာ အသင်းထံ ပေါင် ၅ သန်းနဲ့တင် ပြောင်းသွားခဲ့ပါပြီ အနာဂတ်မှာ ပေါင် ၄ သန်း ဝန်းကျင်ရပိုင်ခွင့်နဲ့ အရောင်းအဝယ် ကတစ်ဆင့် ထပ်မံ ခံစားခွင့်တွေတော့ ပါဝင်ပါတယ်။

လီဗာပူးအသင်းဟာ ချယ်ဆီး နာမည်ကြီး အကယ်ဒမီ တောင်ပံသမား Rio Ngumoha ကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရခဲ့ပါပြီ။

ဘာစီလိုနာအသင်းဟာ အင်္ဂလန်ကလပ်တွေကို ကျော်ပြီး စပိန်ကြယ်ပွင့် နီကိုး ဝီလီယမ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ နီကိုး ဝီလီယမ်အတွက် စာချုပ်ပါကြေးပေးဖို့ကို အသက်သွင်းမှာ ဖြစ်ပါတယ်။

ဂိုးသမား ဒန်ဘန်တလေအတွက် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ဝုဗ်အသင်းက ပယ်ချလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ လိုက်ဇစ် ကွင်းလယ်လူ အော်မိုကို ပေါင် ၅၁ သန်းဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လီဗာပူးအသင်းကတော့ အော်မိုအတွက် ဝင်ကမ်းလှမ်းဖွယ် မရှိပါဘူး။

ဒီနွေမှာ အာဆင်နယ် ခေါ်ယူလိုနေတဲ့ ကွင်းလယ်လူက ယူရိုမှာ ခြေစွမ်းပြနေတဲ့ ဆိုစီဒက်မှ မီခေး မာရီနိုပဲ ဖြစ်ပါတယ်။

မာဆေးအသင်းဟာ အာဆင်နယ် တိုက်စစ်မှူး အန်ကတ်တီးယားကို ခေါ်ယူဖို့ ပစ်မှတ်ထားလာကာ ကစားသမားဘက်နဲ့ စကားပြောမှု ပြုလုပ်နေပါပြီ။

ရီးရဲလ်မက်ဒရစ်ဟာ ဇူလိုင်လ ၁၆ ရက်နေ့ ဘာနေဗျူးမှာ အမ်ဘာပေကို ကစားသမားသစ်အဖြစ် မိတ်ဆက်မယ် လို့ သိရပါတယ်။