မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် နောက်ခံလူ ဘရန့်ဝိတ် အတွက် တတိယ အကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ဆက်လက် ပြင်ဆင်နေပြီး ကစားသမား အတွက် လစာ ဘယ်လောက်ပေးဖို့ လုပ်ထားသလဲ The Times သတင်းဌာနက ဖော်ထုတ်လာပါတယ်။
ယူနိုက်တက်ဟာ အင်္ဂလန်သား အတွက် တစ်ပတ် လုပ်ခ ပေါင် ၁သိန်း ၆ သောင်း ပေးမယ်လို့ ကစားသမားနဲ့ သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် အဲဗာတန်ဘက်ကတော့ ဘရန့်ဝိတ်ကို ရောင်းချဖို့ သဘောတူညီမှု မပေးသေးပါဘူး။ ယူနိုက်တက်ရဲ့ ပေါင် ၃၅ သန်းနဲ့ တစ်ကြိမ်၊ ပေါင် သန်း ၅ဝ နဲ့ တစ်ကြိမ် ကမ်းလှမ်းမှုတွေကို အဲဗာတန်က ဆက်တိုက် ပယ်ချထားတာပါ။
ယူနိုက်တက်ဟာ အသက် ၂၂ နှစ် အရွယ် နောက်ခံလူ အတွက် တတိယအကြိမ် ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပြီး ဒီတကြိမ်ကလည်း အဲဗာတန် အလိုရှိတဲ့ ပေါင် သန်း ၇ဝ တော့ ရောက်မှာ မဟုတ်သေးဘူးလို့ သိရပါတယ်။
ယူနိုက်တက်ဟာ ဒီလစ်၊ ယိုရို တို့လို အခြား နောက်ခံလူ ပစ်မှတ်တွေကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ဘရန့်ဝိတ်ကို ခေါ်ယူရေးမှာလည်း လက်မလျှော့သေးပါဘူး။
အဲဗာတန်ကတော့ ပေါင် သန်း ၇ဝ လောက်မှ မရရင် ဘရန့်ဝိတ်ကို မရောင်းဘဲ တင်းခံဖို့ ဆုံးဖြတ်ထားဟန် ရှိပါတယ်။