အာဆင်နယ်အသင်းဟာ အေဂျက်မှ အသက် ၁၈ နှစ် အရွယ် ဂိုးသမားလေး တွန်မီ ဆက်ဖို့ဒ် အတွက် ကနဦး ကမ်းလှမ်းမှု တင်သွင်းထားပြီး ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။
အင်္ဂလန် U20 ဂိုးသမားလေးကတော့ အသင်းပြောင်းဖို့ စိတ်အားထက်သန်နေပေမယ့် အေဂျက်ကတော့ ၂၀၂၅ နွေထိ စာချုပ်ရှိသေးတဲ့ ဆက်ဖို့ဒ်ကို ဆက်နေဖို့ စည်းရုံးနေပါတယ်။
အာဆင်နယ် နောက်ခံလူ တာဗာရက်စ်ကို ခေါ်ယူရေး လာဇီယို အသင်း ဆွေးနွေးမှုက အခြေအနေကောင်းနေပြီး သဘောတူညီမှု ရတော့မှာ ဖြစ်ပါတယ်။
ကလပ်နှစ်သင်းကြားကတော့ တာဗာရက်စ်ကို အပြီး ဝယ်ယူခွင့် ပါတဲ့ ယူရို ၉ သန်းနဲ့ အငှား လွှတ်ဖို့ သဘောတူထားပြီ ဖြစ်ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်လက် ဆွေးနွေးနေရတာပါ။
ပြင်သစ်ကလပ် မာဆေးအသင်းဟာ အာဆင်နယ် တိုက်စစ်မှူး အန်ကတ်တီးယားကို ခေါ်ယူဖို့ ပစ်မှတ်ထားကြိုးစားနေပါတယ်။
မာဆေးက အန်ကတ်တီးယား အတွက် ယူရို ၂၅ သန်း နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့် အာဆင်နယ်က ယူရို ၃၅-၄ဝ သန်းလောက် အလိုရှိနေပါတယ်။
အကယ်ဒမီ ကြယ်ပွင့်လေး အိုဘီမာတင် ဟာ ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှု ခံယူနေရပေမယ့် နည်းပြ အာတီတာနဲ့ စကားပြောဆိုပြီးတဲ့နောက် အသင်းမှာပဲ ဆက်နေဖွယ် ရှိတယ်လို့ သိရပါတယ်။
ဂိုးသမား ဒန်ဘန်တလေ အတွက် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှု ပြုလုပ်လိုက်ပေမယ့် ဝုဗ်အသင်းက ပယ်ချလိုက်ပါတယ်။
ဒီနွေမှာ အာဆင်နယ် ခေါ်ယူလိုနေတဲ့ ကွင်းလယ်လူက ယူရိုမှာ ခြေစွမ်းပြနေတဲ့ ဆိုစီဒက်မှ မီခေး မာရီနိုပဲ ဖြစ်တယ်လို့ သိရပါတယ်။