ချယ်ဆီးလို အသင်းပိုင်ရှင် ဘောစိ မရှိဘူးလို့ ဘွင်းဘွင်းထုတ်ပြောလိုက်တဲ့ ယာဂင်ကလော့ပ်

လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်ကတော့ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ထပ် မခေါ်ဘူးလား မေးခွန်းထုတ်ခံနေရတဲ့ အပေါ် ၎င်းမှာ ချယ်ဆီးအသင်းကဲ့သို့ တကယ့်ထိပ်သီး ဘောစိ အသင်းပိုင်ရှင်မျိုး ရှိမထားကြောင်းနဲ့ မရေရာတဲ့ အနေအထားမှာ စွန့်စွားနိုင်စွမ်း မရှိကြောင်း ခပ်ဘွင်းဘွင်းပဲ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ကလော့ပ်က ချယ်ဆီးအသင်းလို့ နေ့ချင်းညချင်း ကြယ်ပွင့်ကစားသမားတွေ ခေါ်ပြီး အသင်းသစ် မတည်ထောင်နိုင်ကြေငာ်း ဝန်ခံခဲ့ကာ ချယ်ဆီးအသင်းမှာလည်း ကစားသမားသစ်တွေ အများကြီး ခေါ်ထားတဲ့ အပေါ် အံဝင် အခြေကျအောင် စီမံစရာတွေ ရှိမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

” ကျနော်တို့ နေနေတဲ့ ကမ္ဘာကြီးမှာ လောလောဆယ် မသေချာ မရောရာမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ တချို့ ကလပ်အသင်းတွေ အတွက်တော့ ဒါက သိပ်အရေးမကြီးဘူးပေါ့ အနာဂတ် မရေရာတာတွေ ဘာတွေ တွေးစရာ မလိုဘူး။ ဒါကလည်း တကယ့် ထိပ်သီးတွေ ဘောစိတွေ ပိုင်ဆိုင်ထားတဲ့ အသင်းတွေမှပါ။

ကျနော်တို့ ညတွင်းချင်းပဲ ဖြစ်ချင်တာတွေ ထ လုပ်လို့ မရပါဘူး။ အခု ငါတို့ ချယ်ဆီးလို့ လုပ်ချင်တယ်။ သူတို့ ကစားသမားတွေ ခေါ်သလို ခေါ်ချင်တယ် သွား လုပ်လို့ မရဘူး။ အဲဒီလို လုပ်နိုင်ရင် အားသာချက်ကောင်း ရှိနိုင်တာပေါ့။ ဒါပေမယ့် သူတို့ အနေနဲ့လည်း အသင်းနဲ့ အတူ မြန်မြန် အံဝင်အောင် စီမံရတာတွေ ရှိပါမယ်။ ပြောင်းလဲချင်တာ အတွက် ကစားသမားတွေ ခေါ်ပေးဖို့ချည်းနဲ့ မဖြစ်ပါဘူး။

ကမ္ဘာ့ လက်ရှိ အကောင်းဆုံး ဆိုတဲ့ ကစားသမား ၁၁ ယောက်ကို တခါတည်း ခေါ်ပြီး တစ်ပတ်အတွင်းမှာပဲ အကောင်းဆုံး ဘောလုံး ကစားနိုင်မယ် မျှော်လင့်လို့ မရဘူး။ ဒါတွေက ထရိန်နင်မှာ အတူ လေ့ကျင့်တာ ကစားတာတွေကနေ ပျိုးယူရတာ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့ ငွေသုံး ကစားသမားခေါ်ယူမှုတွေကို ယာဂင်ကလော့ပ် တစ်ယောက် ထည့်ပြောတာ ဒါက ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ယခင်ကလည်း ချယ်ဆီးက တခြားကလပ်အသင်းတွေနဲ့ မတူဘဲ ဒီလို အကြပ်အတည်းကာလမှာ စိတ်ကြိုက် လှုပ်ရှားနိုင်တဲ့ အသင်း ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

Zawgyi – လီဗာပူးအသင္း မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ အေျပာင္းအေရႊ႕မွာ ကစားသမားသစ္ေတြ ထပ္ မေခၚဘူးလား ေမးခြန္းထုတ္ခံေနရတဲ့ အေပၚ ၄င္းမွာ ခ်ယ္ဆီးအသင္းကဲ့သို႔ တကယ့္ထိပ္သီး ေဘာစိ အသင္းပိုင္ရွင္မ်ိဳး ရွိမထားေၾကာင္းနဲ႕ မေရရာတဲ့ အေနအထားမွာ စြန္႔စြားနုိင္စြမ္း မရွိေၾကာင္း ခပ္ဘြင္းဘြင္းပဲ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

ကေလာ့ပ္က ခ်ယ္ဆီးအသင္းလို႔ ေန႕ခ်င္းညခ်င္း ၾကယ္ပြင့္ကစားသမားေတြ ေခၚျပီး အသင္းသစ္ မတည္ေထာင္နုိင္ေၾကငာ္း ၀န္ခံခဲ့ကာ ခ်ယ္ဆီးအသင္းမွာလည္း ကစားသမားသစ္ေတြ အမ်ားၾကီး ေခၚထားတဲ့ အေပၚ အံ၀င္ အေျခက်ေအာင္ စီမံစရာေတြ ရွိမွာ ျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ ေနေနတဲ့ ကမၻာၾကီးမွာ ေလာေလာဆယ္ မေသခ်ာ မေရာရာမႈေတြနဲ႕ ရင္ဆိုင္ေနရတာပါ။ တခ်ိဳ႕ ကလပ္အသင္းေတြ အတြက္ေတာ့ ဒါက သိပ္အေရးမၾကီးဘူးေပါ့ အနာဂတ္ မေရရာတာေတြ ဘာေတြ ေတြးစရာ မလိုဘူး။ ဒါကလည္း တကယ့္ ထိပ္သီးေတြ ေဘာစိေတြ ပိုင္ဆိုင္ထားတဲ့ အသင္းေတြမွပါ။

က်ေနာ္တို႔ ညတြင္းခ်င္းပဲ ျဖစ္ခ်င္တာေတြ ထ လုပ္လို႔ မရပါဘူး။ အခု ငါတို႔ ခ်ယ္ဆီးလို႔ လုပ္ခ်င္တယ္။ သူတို႔ ကစားသမားေတြ ေခၚသလို ေခၚခ်င္တယ္ သြား လုပ္လို႔ မရဘူး။ အဲဒီလို လုပ္နုိင္ရင္ အားသာခ်က္ေကာင္း ရွိနိုင္တာေပါ့။ ဒါေပမယ့္ သူတို႔ အေနနဲ႕လည္း အသငး္နဲ႕ အတူ ျမန္ျမန္ အံ၀င္ေအာင္ စီမံရတာေတြ ရွိပါမယ္။ ေျပာင္းလဲခ်င္တာ အတြက္ ကစားသမားေတြ ေခၚေပးဖို႔ခ်ည္းနဲ႕ မျဖစ္ပါဘူး။

ကမၻာ့ လက္ရွိ အေကာင္းဆံုး ဆိုတဲ့ ကစားသမား ၁၁ ေယာက္ကို တခါတည္း ေခၚျပီး တစ္ပတ္အတြင္းမွာပဲ အေကာင္းဆံုး ေဘာလံုး ကစားနုိင္မယ္ ေမွ်ာ္လင့္လို႔ မရဘူး။ ဒါေတြက ထရိန္နင္မွာ အတူ ေလ့က်င့္တာ ကစားတာေတြကေန ပ်ိဳးယူရတာ။ ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ေငြသံုး ကစားသမားေခၚယူမႈေတြကို ယာဂင္ကေလာ့ပ္ တစ္ေယာက္ ထည့္ေျပာတာ ဒါက ပထမဆံုး အၾကိမ္ေတာ့ မဟုတ္ပါဘူး။ ယခင္ကလည္း ခ်ယ္ဆီးက တျခားကလပ္အသင္းေတြနဲ႕ မတူဘဲ ဒီလို အၾကပ္အတည္းကာလမွာ စိတ္ၾကိဳက္ လႈပ္ရွားနုိင္တဲ့ အသင္း ျဖစ္ေၾကာင္း ေျပာဆိုခဲ့ဖူးပါတယ္။