ဖူလ်ဟမ် Vs အာဆင်နယ် ပွဲစဉ်အတွက် မိုက်ကယ် အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

အာဆင်နယ်အသင်းဟာ လာမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ပွဲစဉ် အဖြစ် တန်းတက်လာတဲ့ ဖူလ်ဟမ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ အစောဆုံး အနေနဲ့ စက်တင်ဘာလ ၁၂ ရက် (စနေနေ့) ညနေ ၆ နာရီ မှာ ယှဉ်ပြိုင်ရမှာပါ။

ဒီပွဲစဉ်အတွက် နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကတော့ သုံးသပ် ခန့်မှန်းမှှုတွေ အခုလို ပြုလုပ်ထားပါတယ်။

” စကော့ပါကာက ဖူဟမ်ကို ပရီးမီးယားလိဂ် ပြန်တက်လာနိုင်အောင် အလုပ်ကောင်း လုပ်ပြထားပါတယ်။ ဒါပေမယ့် တကယ့် စိန်ခေါ်မှုက ဒီရာသီ အကုန်မှာလည်း ပရီးမီးယားလိဂ်မှာ ဆက်လက် တင်ကျန်နေဖို့ ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။

မီခေးလ်အာတီတာက သူ့ရဲ့ နည်းပြဘဝကို အာဆင်နယ်မှာ အစကောင်းထားပြီး ဆုဖလားတစ်ချို့ကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်ကပဲ ရယူထားပါတယ်။ အက်ဖ်အေဖလား မှာ ဗိုလ်စွဲခဲ့တဲ့ အပြင် လီဗာပူးကိုလည်း ကွန်မြူနတီဒိုင်းမှာ ကျော်ဖြတ် အနိုင်ယူ ထားခဲ့တာပါ။

အာဆင်နယ် အနေနဲ့ လာမယ့် ရာသီကနေ မျှော်မှန်းစရာတွေ အများကြီး ရှိနေမယ် ထင်ပါတယ်။ လာမယ့် ရာသီ အကုန်မှာ သူတို့က ပြိုင်ဘက်တွေကို တွန်းအားပေးပြီး ထိပ်ဆုံးလေးသင်းထဲ တစ်နေရာ ရမယ် ဆိုရင် အံ့အားသင့်စရာ ရှိမှာ မဟုတ်ပါဘူး။ ဒီပွဲကတော့ ဂန်းနားတို့ သက်တောင့်သက်သာနဲ့ ၃-၁ ရလဒ်လောက်နဲ့ အနိုင်လို့ ထင်ပါတယ်။ ” လို့ အိုဝင်က ခန့်မှန်းထားပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ လာမယ့္ ၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ ပရီးမီးယားလိဂ္ ပြဲဦးထြက္ ပြဲစဥ္ အျဖစ္ တန္းတက္လာတဲ့ ဖူလ္ဟမ္ အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ အေစာဆံုး အေနနဲ႕ စက္တင္ဘာလ ၁၂ ရက္ (စေနေန႔) ညေန ၆ နာရီ မွာ ယွဥ္ျပိဳင္ရမွာပါ။

ဒီပြဲစဥ္အတြက္ နာမည္ေက်ာ္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္ကေတာ့ သံုးသပ္ ခန္႔မွန္းမွႈေတြ အခုလို ျပဳလုပ္ထားပါတယ္။

” စေကာ့ပါကာက ဖူဟမ္ကို ပရီးမီးယားလိဂ္ ျပန္တက္လာနိုင္ေအာင္ အလုပ္ေကာင္း လုပ္ျပထားပါတယ္။ ဒါေပမယ့္ တကယ့္ စိန္ေခၚမႈက ဒီရာသီ အကုန္မွာလည္း ပရီးမီးယားလိဂ္မွာ ဆက္လက္ တင္က်န္ေနဖို႔ ဆိုတာ သံသယ ျဖစ္စရာ မရွိပါဘူး။

မီေခးလ္အာတီတာက သူ႔ရဲ႕ နည္းျပဘ၀ကို အာဆင္နယ္မွာ အစေကာင္းထားျပီး ဆုဖလားတစ္ခ်ိဳ႕ကိုလည္း ျပီးခဲ့တဲ့ သီတင္းပတ္ အနည္းငယ္ကပဲ ရယူထားပါတယ္။ အက္ဖ္ေအဖလား မွာ ဗိုလ္စြဲခဲ့တဲ့ အျပင္ လီဗာပူးကိုလည္း ကြန္ျမဴနတီဒိုင္းမွာ ေက်ာ္ျဖတ္ အနုိင္ယူ ထားခဲ့တာပါ။

အာဆင္နယ္ အေနနဲ႕ လာမယ့္ ရာသီကေန ေမွ်ာ္မွန္းစရာေတြ အမ်ားၾကီး ရွိေနမယ္ ထင္ပါတယ္။ လာမယ့္ ရာသီ အကုန္မွာ သူတို႔က ျပိဳင္ဘက္ေတြကို တြန္းအားေပးျပီး ထိပ္ဆံုးေလးသင္းထဲ တစ္ေနရာ ရမယ္ ဆိုရင္ အံ့အားသင့္စရာ ရွိမွာ မဟုတ္ပါဘူး။ ဒီပြဲကေတာ့ ဂန္းနားတို႔ သက္ေတာင့္သက္သာနဲ႕ ၃-၁ ရလဒ္ေလာက္နဲ႕ အနုိင္လို႔ ထင္ပါတယ္။ ” လို႔ အို၀င္က ခန္႔မွန္းထားပါတယ္။