မန်ချက်စတာ စီးတီးအသင်းဟာ ဆော်ဒီကလပ် အယ်နက်ဆာ အသင်းက စိတ်ဝင်စား ချိတ်ဆက်နေတဲ့ ဂိုးသမား အီဒါဆန် အတွက် ရောင်းဈေး သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ ဘဏ္ဍာရေး အားဖြည့်မှုတွေ လုပ်ထားပြီး ဒီအပြောင်းအရွှေ့မှာ ဝင်မွှေဖို့ စဉ်းစားနေပုံပါ။ စီးတီးရဲ့ ဘရာဇီး ကြယ်ပွင့် ဂိုးသမားကို ခေါ်ယူနိုင်လိုက်ရင် ၎င်းတို့ အတွက် အထင်ကြီးဖွယ် ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။
အသက် ၃ဝ အရွယ် ဂိုးသမားဟာ ဘင်ဖီကာကနေ မန်စီးတီးအသင်းထံ ၂၀၁၇ မှာ ပြောင်းရွှေ့လာတည်းက စလို့ စီးတီးရဲ့ ဆုဖလား မျိုးစုံ အောင်မြင်မှုတွေမှာ အဓိက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
လာမယ့် သြဂုတ်လထဲမှာ အီဒါဆန်က ၃၁ နှစ် ပြည့်ပြီ ဖြစ်ပြီး အဆင့်မြင့် လယ်ဗယ်မှာ ဒီလောက် အကြာကြီး ကစားခဲ့သူ ဖြစ်လို့ အီဒါဆန်ကို ဆော်ဒီဘက်ကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ဆော်ဒီ ပရိုလိဂ် ကလပ် အယ်နက်ဆာ က အီဒါဆန် အတွက် ယူရို သန်း ၃ဝ (ပေါင် ၂၅ သန်း) နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး စီးတီးဘက်ကတော့ လက်ခံဖို့ စိတ်ကူး မရှိပါဘူး။
မန်စီးတီးအသင်းဟာ အီဒါဆန် အတွက် အနည်းဆုံး ယူရို သန်း ၅ဝ (ပေါင် ၄၂သန်း) မှ မရရင် ရောင်းချမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။
အီဒါဆန်ဘက်ကတော့ ဆော်ဒီကို ပြောင်းဖို့ ခေါင်းညှိမ့်ထားပြီ ဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့က ကလပ်အသင်း နှစ်သင်းကြား ညှိနှိုင်းဖို့သာ ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
အယ်နက်ဆာက ဘရာဇီးသားကို တစ်ပတ် ပေါင် ၉ သိန်းထိ မက်လောက်ဖွယ် လစာကြီး ပေးဖို့ ကမ်းလှမ်းထားပြီး ဒီပမာဏ ဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး ပြိုင် ပေးနိုင်တဲ့ အနေအထားတောင် မဟုတ်ပါဘူး။
ဒါပေမယ့် စီးတီးဘက်ကတော့ အီဒါဆန် ကို ရောင်းချဖို့ သူတို့ အလိုရှိတဲ့ ပြောင်းရွှေ့ကြေး ရမှသာ လက်လွှတ်ဖို့ စဉ်းစားဖွယ် ရှိပါတယ်။