ဆောက်ဂိတ် ထွက်ပြီ၊ တော်မီနေးကို စိတ်ဝင်စားတဲ့ကလပ်၊ နီကိုးဝီလီယံကို လုမယ့် နှစ်သင်း၊ အီဒါဆန်၊ စမစ်ရိုးတို့နဲက အပြောင်းအရွှေ့ ထူးခြား သတင်းများ

အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ်ကတော့ ယူရိုပြိုင်ပွဲ အပြီးမှာ အင်္ဂလန်နည်းပြ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဆောက်ဂိတ် နေရာ အစားဝင်လာမယ့် သူ အဖြစ် အက်ဒီဟောင်းနဲ့ ဂရေဟမ် ပေါ်တာတို့ ရေပန်းစားလာနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုင်ယန် လီဗာကူဆင် ဗဟိုခံစစ်မှုး ဂျိုနသန် တာ့ ကို ခေါ်ယူဖို့ စတင် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဟာ ပြင်သစ် ကြယ်ပွင့် အမ်ဘာပေ ကို လက်မှတ်ထိုး ခေါ်ယူကြောင့် ဒီနေ့ တရားဝင် မိတ်ဆက် ကြေညာခဲ့ပါတယ်။ ဘာပေဟာ နာမည်ကျော် ကျော်နံပါတ် 9 ကို ရီးရဲလ်မှာ ဝတ်ဆင်မှာပါ။

မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် တစ်နှစ်သာ ကျန်တော့တဲ့ ကွင်းလယ် ကစားသမား မက် တော်မီနေးကို ခေါ်ယူဖို့ ဖူလ်ဟမ် အသင်းက စိတ်ဝင်စားနေပါတယ်။

ယူရို ၅၈ သန်းတန် စပိန်ကြယ်ပွင့် နီကိုး ဝီလီယံကို ခေါ်ယူရေးမှာ အာဆင်နယ်နဲ့ ချယ်ဆီးအသင်းသာ အဓိက ပြိုင်ဆိုင်ရဖွယ် ရှိပြီး ဘာစီလိုနာကတော့ ဝင်ရောက် လှုပ်ရှားဖွယ် မရှိတော့ပါဘူး။

ဒီနွေမှာ အာဆင်နယ်ကနေ ထွက်ဖို့ များနေတဲ့ ဂိုးသမား ရမ်ဒယ်စ်ကို ခေါ်ယူဖို့ တန်းတက် ဆောက်သမ်တန် အသင်းက ပစ်မှတ်ထားနေပါတယ်။

စမစ်ရိုး ကို ခေါ်ယူဖို့ ဖူလ်ဟမ် အသင်းက ကမ်းလှမ်းမှု စတင်ပြုလုပ်လိုက်ပြီး အာဆင်နယ် အသင်းက ပယ်ချလိုက်ပြီ လို့ သိရပါတယ်။

ပြင်သစ် ဂန္တဝင် တိုက်စစ်မှုးကြီး အိုလီဗာ ဂျီရူး က ယူရို ၂၀၂၄ အပြီးမှာ ဘောလုံးကစားခြင်းကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာသွားပါတယ်။

ဂိုးသမား အီဒါဆန် အတွက် ဆော်ဒီကလပ် အယ်နာဆာ အသင်းရဲ့ ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းမှုကို မန်စီးတီးက ငြင်းဆန်ပယ်ချခဲ့ပါတယ်။

တိုက်စစ်မှုး မိုရာတာက အက်သလက်တီကို မက်ဒရစ်ကနေ အေစီမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ ၄၈ နာရီ အတွင်း ဆေးစစ်မှု ခံယူတော့မှာပါ။